Subscribe to our RSS Feed

ယခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည်အရေအတွက် (၅၀)ရာခိုင်နှုန်း တိုးတက်


From : ခေတ်လူငယ်

နိုင်ငံတစ်နိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်မှာ ယင်းနိုင်ငံတွင် လှည့်ပတ်ကြည့်ရှုနိုင်သော ဆွဲဆောင်မှုရှိသည့် ခရီးစဉ်ဒေသများရှိမှသာ ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်တစား လာရောက်ကြည့်ရှုကြမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းကဏ္ဍ၌ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍသည် စီးပွားရေးကို အဓိက အထောက်အကူပြုနိုင်သည့် အဆင့်သို့ မရောက်ရှိသေးသော်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေသော အခြားနိုင်ငံများကို ကြည့်ပါက ခရီးသွားလုပ်ငန်းမှ ရရှိသော ၀င်ငွေသည် ၄င်းနိုင်ငံ စီးပွားရေးကဏ္ဍအပိုင်းတွင် အထောက်အကူပြုသည့် လုပ်ငန်း တစ်ခုဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ကမ္ဘာလှည့်ခရီးသည်များသည် ၄င်းတို့လာရောက် လည်ပတ်သည့် နိုင်ငံများတွင် ယူဆောင်လာသည့် ငွေကြေးမျးကို ကျခံသုံးစွဲကြသဖြင့် ၀င်ရောက်လာသည့် ဧည့်သည် အရေအတွက်ပေါ်မူတည်၍ ၀င်ငွေရရှိပါကြောင်း၊ ၄င်းအပြင် ဒေသတွင်းရှိ ပြည်သူလူထုအတွင်း အလုပ်အကိုင် အခွင့်အလမ်း၊ နည်းပညာ အသိပညာ တိုးတက်နိုင်မှု အခွင့်အလမ်း၊ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မှု အခွင့်အလမ်းနှင့် ဆင်းရဲမွဲတေမှုကို လျော့နည်းစေသည့် အခွင့်အလမ်းများကိုပါ ဆင့်ပွား အကျိုးကျေးဇူး ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ယခုအခါ နိုင်ငံတော် အစိုးရ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကြောင့် နိုင်ငံတကာမှ စိတ်ဝင်စားမှု ပိုမိုများပြားလာခဲ့ပြီး လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်အရေအတွက် တိုးတက်လာခဲ့ရာ ယခုနှစ်တွင် ၅၀ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက သြဂုတ် ၂၄ ရက် နံနက်က ကျင်းပသည့် ရှမ်းပြည်နယ် အင်းလေးဒေသ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်