ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ရှင်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တူ အဖြစ် နောက်ဆုံး ဆန်ခါတင် ရွေးချယ် ခံခဲ့ရသည့် သရုပ်ဆောင် ၇ ဦးအနက် တစ်ဦးကို ထပ်မံ ရွေးချယ်မည် ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးဇော်သက်ထွေးက ပြောကြားသည်။
ဗိုလ်ချုပ်အောင်ဆန်း နေရာတွင် သရုပ်ဆောင်ရန် ယခင်က နောက်ဆုံး စကာတင် နှစ်ဦးအဖြစ် ကိုကျော်ကျော်မျိုး (မြန်မာ လက်ရွေးစင် ဘောလုံးသမား)နှင့် ကိုကျောက်ခဲကို ရွေးချယ် ထားခဲ့သည်။
ယခု ထိုနှစ်ဦးထဲမှ ကိုကျောက်ခဲဟာ မိမိ ဆန္ဒအရ နှုတ်ထွက် သွား၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်ပင်ပြီး နောက်ဆုံး ဆန်ခါတင် ရွေးချယ်ခံရသည့် သရုပ်ဆောင် ခုနှစ်ယောက်အနက် တစ်ဦးကို ထပ်မံ၍ ပြန်လည် ရွေးချယ်မည်ဖြစ်ကြောင်း ဦးဇော်သက်ထွေးက ရှင်းပြသည်။
အဆိုပါ ဇာတ်ကားအတွက် စာရေးဆရာ ဦးချစ်ဦးညိုနှင့် ရုပ်ရှင် ဒါရိုက်တာ ဦးကြည်စိုးထွန်းတို့ ရေးသားနေသည့် ဇာတ်ညွှန်း အကြမ်း ပြီးစီး သွားပြီဖြစ်သည့် အတွက် ယခုလ ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြမည်ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ထံမှ စုံစမ်း သိရှိ ရသည်။
Myanmar Express

2 comments:
ရုပ်ရှင်အတွက်ရထားတဲ့အလှူငွေတွေ
ဘတ်မပြေးရင်ဘဲတော်လှပါဘီဟေ့
ိကို ကျောက် ခဲ တော့ လူ မှု ရေး ကြောင့် တဲ့ ထွက် သွား ရ ပြီ။ ရွေး ချယ် တဲ့ လူ တွေ ရော ဘယ် လို လဲ။ မ ခိုင် ရေ ကြည့် လုပ်။ ကိုယ် ရှူး ကိုယ် ပတ် နေ မယ်။
ွှူအ ဟတ် ဟတ်။

Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်