Subscribe to our RSS Feed

ထို့ကြောင့် မြန်မာပြည် စတုတ္တမဏ္ဍိုင်ဟု ခေါ်သည်...


From : ပုံရိပ်စစ်

သားကြီးလာရင် ဘာလုပ်မလဲ
ကလေးအမေက သူ့ ကလေးငယ်လေးကို ခေါင်းလေးပွတ်ပြီးမေးတယ်။

မေမေ။ ။ဆရာဝန်ကြီးလုပ်ပါ့ လား.....
သား ။ ။ ဟာဗျာ အပြင်ဆေးခန်းမှာ ထိုင်တယ် ဆေးဖိုး တွေအရမ်းကောက်နေတယ် ပြောခံနေရဦးမယ်။

မေမေ။ ။ အင်္ဂျနီယာကြီးလုပ်မလား ဒါဆို
သား ။ ။ ဟာ မေမေကလည်း မုန်းတိုင်းမိလို့  တံတားကျိုးရင်တောင် မြန်မာ အင်္ဂျနီယာတွေက အသုံးမကျဘူးလို့ ပြောနေတာကို။

မေမေ။ ။ ဒါဆို စစ်ဗိုလ်ကြီးလုပ်
သား။ ။မေမေကလဲ စစ်ခွေးလို့  အဆဲခံနေရဦးမယ်။

မေမေ။ ။ဒါဆို ကျောင်းဆရာကွာ
သား။ ။မေမေကလဲ ကျောင်းတွေမှာ အပို ငွေမကောက်ရဘူးတဲ့ ၊ကျူရှင်လည်း မပြရဘူးတဲ့  ။တော်ကြာ ကျူရှင်ပြစားတယ်ဆိုပြီး လွှတ်တော်သွားတိုင်နေဦးမယ်

မေမေ။ ။ဒါဆို မီးသတ်ဗိုလ်လုပ်
သား ။ ။ ဟာ ပိုက်ဆံပေးမှ ရေထွက်တယ်နဲ့ ဟာသတွေမှာပြောတာ မေမေမသိဘူးလား

မေမေ။ ။ဒါဆို လွှတ်တော် အမတ်လုပ်
သား။ ။သား က အအိပ်မက်တယ် မေမေရ။

မေမေ။ ။ဒါဆို သမ္မတ အကြံပေးလုပ်
သား။ ။ဟာ ဦးကိုကိုလှိုင်ကို ပြောတာ မေမေ မသိဘူးလား။မြန်မာ မီဒီယာ က ဒီလောက်ကြောက်ဖို့ ကောင်းတာ။

မေမေ။ ။ ဒါဆို သမ္မတ နားနေတဲ့ သူလုပ်
သား။ ။ဟာ ဟိုမိန်းမ ထမိန်ထုပ်ဆွဲတဲ့  ရပ်ပါ လိုလို ဟစ်ဟော့ လိုလိုသူက အပြောမခံရဘူး။သမ္မတ ခြေအိတ်ချွတ်တဲ့ ပုံကို အိုဘာမားနဲ့  နှိုင်းထားတာ မတွေ့ ဘူးလား
မလုပ်ချင်ပါဘူး။

မေမေ။ ။ဒါဆို ဘာမှမလုပ်ပဲနေတော့ ကွာ
သား။ ။ ဟာ ဗျာ မြန်မာနိင်ငံက ကာတွန်းဆရာတွေ့ လူပဲပြောင်းတာ မူ မပြောင်းဘူးဆိုပြီး ဘာမှ မပြောင်းလဲဘူးဆိုပြီး ကာတွန်း အဆွဲ ခံနေရဦးမယ်။

လူအပျက်တွေ(လူဗျက်)တွေ ပြောတဲ့  အစိုးရ အပုတ်ချတဲ့  အငြိမ့် ဟာသတွေ၊အောက်ပိုင်း ဟာသတွေက နောင်တချိန် မြန်မာ့ သားကောင်းရတနာများရဲ့  မြင့် မားတဲ့  မျှော်လင့် ချက်တွေကို ရိုက်ချိုးလျှက် ရှိပါတယ်။

ဒါကို ကျနော်တို့  အချိန်မှီ မကုသနိင်ရင်
တိုင်းပြည် အပေါ်မှာ ရိုးသားတဲ့  ၀န်ထမ်းတွေ၊သစ္စာရှိ သမာသမတ်ကျတဲ့  ၀န်ထမ်းတွေ နောင် မကြာမှီ နှစ်အတောအတွင်း မုချ ဆုံးရှုံးလာပါလိမ့် မယ်။

Myanmar Express


7 comments:

အလွန်မှန်ကန်ပြီးကောင်းမွန်သောရေးသားချက်များ ဖြစ်ပါသည်။ FB တွင် share ခွင့်ပြုပါ

မှန်တယ်ဗျာ သိပ်ကိုမှန်တယ်

ထောက်ခံပါတယ်ဘာလို့လဲဆိုတော့ခုနောက်ဆုံးပြသွားတဲ့ ညီညွတ်ခြင်းနှင်းဆီ အငြိမ့်မှာပျက်လုံးတွေကအင်မတန်အဆင့်မရှိတဲ့သူတပါးကိုပုတ်ခတ်ထားတဲ့စကားလုံးတွေပါနေတာတွေ့ရတယ်လေဒါဟာ မဖြစ်သင့်ဘူး ပြည်သူတွေကိုစော်ကားတာနဲ့အတူတူပါပဲ
ဝန်ထမ်းတွေဆိုတာပြည်သူတွေထဲကပေါက်ဖွားလာကြတာပဲ
ပျက်တယ်ဆိုကတည်းကအဆင့်အတန်းမရှိလို့ပါ
သူတို့ကိုတိုင်ကရောတိုင်းပြည်အတွက်ဘာတွေလုပ်ပေးပြီးပြီလဲ
ပြည်သူတွေတလွဲတွေးပြီးကလေးတွေအတုယူမမှားအောင်လမ်းပြသင့်တာပေါ့
ပိုက်ဆံလိုချင်ရင်လဲသန့်ရှင်းမှူရှိတဲ့ဟာကိုပဲယူသင့်တယ်လေ
သူတပါးအကြည်ညိုပျက်မှစားတဲ့ပိုက်ဆံဟာကောင်းသလာ မကောင်းဘူးလားဆိုတာထမင်းစားပြီးကြီးလာသူတိုင်းသိပါတယ်
အရှက်ကင်းကင်းနဲ့ပြောလိုက်တဲ့စကားလုံးတိုင်းရဲ့နောက်ကွယ်မှာ သွားရာလမ်းကတော့ သေချာနေပါပြီ ရှေးတုန်းကတော့ သဘင်သည်သေ ငရဲပြည်တဲ့
ခုခောတ်တော့ ရုပ်ရှင်သမားသေငရဲပြည် သွားမှာဧကန်မလွဲလို့ပဲကောက်ချက်ချရင်း အသိတရားရကြစေဖို့ သတိပေးလိုက်ရပါတယ်။

ဒါဆိုရင် မြတ်ဥာဏစိုးလို ဒေါက်ချာလိုလို ဖါခေါင်းလိုလို နိုင်ငံရေးသမားလိုလို အဘွားကြီးထမီလျှော်လိုလိုလုပ်ပေါ့ ငါ့သားရဲ့ ရာထူးတွေအများကြီးဘဲ။ပျော်စရာကြီး....

မှန် ပါ သည်

မှန် ပါ သည်

သိပ်မှန်တာပေါ့။ တစ်ချက်မှမမှားဘူးဗျာ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်