Subscribe to our RSS Feed

အမျိုးသားလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များမှ ခုံရုံးအား စွပ်စွဲပြစ်တင်သည့် အဆှိုနှင့်ပတ်သတ်၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌ ဦးသိန်းစိ


From : Popular

" နိုင်ငံတော် သမ္မတသည် ခုံရုံးရဲ့အဆုံးအဖြတ်ကိုကိုယ်တိုင် လိုက်နာပြီး အဖွဲ့အစည်းအားလုံးကလည်းလိုက်ပါဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်သို့ သ၀ဏ် လွှာပေးပို့ခြင်းဟာ သမိုင်းဝင်မှတ်တမ်း တစ်ခုဖြစ်ခဲ့ပါတယ်။ယခုကိစ္စမှာ ဥပဒေပြုရေးကဏ္ဍက တရားစီရင်ရေးကို လွှမ်းမိုး စွက်ဖက်ခဲ့ခြင်းဖြစ်ကြောင်းထင်ရှားပေါ်လွင်နေပါတယ်။

ဒါဟာ နိုင်ငံကို ပျက်စီးစေခြင်း အကြောင်းရင်းတရပ်ဖြစ်ပါတယ်။ တရာစီရင်ရေးရဲ့ဆုံးဖြတ်ချက်ကိုဥပဒေပြုအမတ်များက အမှန်အမှား မဲခွဲဆုံးဖြတ်ခြင်းဟာ ကမ္ဘာမှာအစဉ်အလာမရှိပါဘူး။ တရားရုံးရဲ့စီရင်ခွင့်ကို ပြင်ပမှာမဲခွဲ၍ ဆုံးဖြတ်ချက်ဟာ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို မျက်ကွယ်ပြုခြင်းဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ဆုံးဖြတ်ချက်ကို မလိုက်နာဘဲ အတိအလင်း စွက်ဖက်ခြင်းဖြစ်တယ်ဆိုတာ အထင်အရှား ဖြစ်လာပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ဆီးခြင်းလည်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပစ်ပယ်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ လိုအင်ဆန္ဒကို ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် ပြည်သူလူထုက ၉၂ ဒဿမ၄၈ရာနှုန်းနဲ့ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို တန်ဖိုးမဲ့အောင်ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ယခုလွှတ်တော်ရဲ့ ဆောင်ရွက်ချက်များဟာ သမိုင်းမှတ်တမ်းအဖြစ် တည်ရှိနေမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီတဲ့ အဆိုရှင်ရဲ့ အဆိုကို ကန့်ကွက်ကြောင်းတင်ပြအပ်ပါတယ်" ဟု ပြောကြားခဲ့သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်