Subscribe to our RSS Feed

ရခိုင်အရေးနှင့် ပတ်သက်၍ UNHCR ရုံးရှေ့တွင် အသံတိတ်ဆန္ဒပြရန် စာတင်ထား


From : Popular

မန္တလေးမြို့ရှိ UNHCR ရှေ့တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နိုင်ရန်အတွက် '၉၆၉'အဖွဲ့မှ ချမ်းအေးသာစံမြို့နယ်၊ရဲတပ်ဖွဲ့မှူးရုံးသို့ သြဂုတ်လ ၂၂ ရက်နေ့က တင်ပြလျှောက်ထားပြီး ဖြစ်သည်ဟု ၄င်းအဖွဲ့နှင့်ပူးပေါင်းစာတင် ထားသူ မစိုးရိမ်တိုက်သစ်မှ ဆရာတော်ဝီရသူကပြောသည်။

ကုလသမဂ္ဂ၏ အကူအညီပေး ရေးဆိုင်ရာ အဖွဲ့အစည်းများမှ ရခိုင် ပြည်နယ်တွင် ဒေသခံရခိုင်တိုင်းရင်း သားများအပေါ် နှိမ်ချဆက်ဆံ ပြီး ဘင်္ဂါလီများနှင့် ခွဲခြားဆက်ဆံ ခြင်းကို ဆန့်ကျင်ရှုတ်ချသည့် အနေဖြင့် လည်းကောင်း၊ ရခိုင်အရေးကိစ္စ နဲ့ ပတ်သက်၍ နိုင်ငံတော်သမ္မတ ၏ ရပ်တည်ချက်သဘောထားကို ပြည်သူလူထုမှ ထောက်ခံသည်ဆို သည်ကို ပြသရန်အတွက် ငြိမ်းချမ်း စွာ ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်ဟု ဆရာတော် ဝီရသူက သြဂုတ်လ ၂၂ ရက်နေ့က ပြောသည်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် လျှောက်ထားရာတွင် ဆင်တူတီရှပ် အင်္ကျီများ ဝတ်ဆင်ကာ လူ ၁ဝဝ ပါဝင် ဆန္ဒထုတ်ဖော်မည်ဖြစ်ပြီး၊ ပိုစတာများကိုင်ကာ သက်ဆိုင်ရာမှ ခွင့်ပြုချက်ကျသည့်နေ့တွင် အသံတိတ်ဆန္ဒ ထုတ်ဖော် မည်ဖြစ်ကြောင်း စာတင်ထားသူ ၉၆၉ အဖွဲ့ဝင်တစ်ဦး က ပြောသည်။

မန္တလေး မစိုးရိမ်တိုက်သစ်၊ ဓမ္မ သဟာရကျောင်း၊ ဆရာတော် ဝီရသူ မှ သြဂုတ်လ ၂၂ ရက်နေ့တွင် သတင်စားရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ ပြီး ရခိုင်အရေးကိစ္စအပေါ် ၄င်း၏ သဘောထား၊ မန္တလေးမြို့ခံများဖြင့် ဖွဲ့စည်း ထားသည့် ၉၆၉ အဖွဲ့မှ ရခိုင် အရေးကိစ္စ ပူးပေါင်းကူညီဆောင်ရွက် မည့် အစီအစဉ်များကို မီဒီယာများ သို့ ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် အကြမ်း ဖက်မှုများဖြစ်ပွားပြီး ဆရာတော် ဝီရသူအနေဖြင့် ဇူလိုင် ၁ဝ ရက်မှ ၁၈ ရက်အထိ ရခိုင်ပြည်နယ်သို့ ၉ ရက်ကြာသွားရောက် ခဲ့ကြောင်း သိရသည်။

ဆရာတော်သည် ရခိုင်ပြည် နယ်သို့ သွားရောက်စဉ်အတွင်း အကြမ်းဖက် မှုဖြစ်စဉ်မှတ်တမ်းရုပ်ရှင်များ စုဆောင်းယူဆောင်ခဲ့သလို၊ အကြမ်းဖက်မှု များကြောင့် သေဆုံးသူ၊ နေအိမ်မီးရှို့ဖျက်ဆီးခံရသူများ၏ မိသားစုဝင်များနှင့် တွေ့ဆုံမေးမြန်း မှတ်တမ်းတင်ကာ ၄င်းမှတ်တမ်း ရုပ်ရှင်များကို နိုင်ငံတော် သမ္မတမှ ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ် အကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ ပေးပို့ထားပြီးဖြစ် ကြောင်း သိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်