Subscribe to our RSS Feed

မန္တလေးမြို့၌ အိမ်သုံးမီတာများအား Digital မီတာများ ပြောင်းလဲတပ်ဆင်


From : ကြေးမုံ

အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်းအစီအစဉ်ဖြင့် မန္တလေးမြို့အတွင်းရှိ Analog အိမ်သုံးမီတာများအား ခေတ်မီဒစ်ဂျစ်တယ် မီတာများဖြင့် သြဂုတ် ၁၁ ရက်တွင် စတင်ပြောင်းလဲ တပ်ဆင်ပေးလျက်ရှိသည်။ နည်းပညာတိုးတက်လာသည်နှင့်အမျှ လစဉ် ဓါတ်အားသုံးစွဲမှု ယူနစ်ကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မီတာဖတ်စာရေးက မီတာတစ်လုံးချင်း အနီးကပ်ဖတ်ယူရသော စနစ်အစား ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများနည်းတူ ဒစ်ဂျစ်တယ်မီတာများ အစားထိုးတပ်ဆင်ရာ မီတာယူနစ် တွက်ချက်ဖော်ပြမှု တိကျမှန်ကန်ခြင်း၊ အသုံးပြုယူနစ်ကို မှန်ကန်စွာ ပေးဆောင်နိုင်ခြင်း၊ လူဖြင့် မီတာဖတ်ရာတွင် တွေ့ကြုံရမည့် အခက်အခဲဖြစ်သည့် အိမ်ရှင်မရှိ၍ မဖတ်နိုင်ခြင်း၊ အမြင်မှားယွင်းမှုဖြစ်ခြင်း၊ အချိန်နောက်ကျ ဖတ်ခြင်းတို့ကို ရှောင်ရှားနိုင်သည့်အပြင် ပေ ၃၀၀၀ အကွာမှနေ၍ တစ်လုံးချင်းဖြစ်စေ၊ အလုံးများစွာကိုဖြစ်စေ တစ်ပြိုင်တည်း ဖတ်နိုင်သည့် ဒစ်ဂျစ်တယ်မီတာများ အစားထိုး တပ်ဆင်ပေးလျက် ရှိရာတွင် အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ကျခံဆောင်ရွက်ပေးပြီး မီးသုံးစွဲသူ ပြည်သူများထံမှ ငွေထပ်မံကောက်ခြင်း မပြုကြောင်း သိရှိရသည်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်