Subscribe to our RSS Feed

လူသတ်တရားခံ နိုင်အောင် ရန်ကုန်လေဆိပ် သတင်းစာရှင်းလင်းပွဲ


စွပ်စွဲခံထားရသော အစုလိုက်အပြုံလိုက် လူသတ်တရားခံ ဒေါက်တာနိုင်အောင် ရန်ကုန်လေဆိပ် သတင်းစာရှင်းလင်းပွဲ တစ်ခု လုပ်ခဲ့သည်။

“ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းနေတဲ့ အချိန်ဖြစ်တဲ့ အတွက်ကြောင့်မို့ အစိုးရနဲ့ မတူညီတဲ့ သဘောထားတွေ ထုတ်ဖော် ပြောဆိုတ ကြောင့်မို့လို့ ပြည်ပမှာရှိတဲ့ ဘယ်သူတစ်ဦး တစ်ယောက်ကိုမှ အမည်းရောင် စာရင်းထဲမှာ ထပ်မရှိ သင့်တော့ပါဘူး။ အကျဉ်း ထောင်တွေထဲ ရောက်နေ တာလည်း မရှိသင့်တော့ဘူး”ဟု ယနေ့မြန်မာနိုင်ငံသို့ ပြန်လည်လာ ရောက်သော ဒေါက်တာနိုင်အောင်က ရန်ကုန်လေဆိပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမည်ပျက်စာရင်းနှင့် ပတ်သက်၍ ၎င်း၏သဘောထားကို ထုတ်ဖော်ပြောကြားသည်။

ထို့အပြင် ဒေါက်တာနိုင်အောင်က ယခုခရီးစဉ်နှင့် ပတ်သက်၍လည်း အောက်ပါအတိုင်း ပြောသည်။

“အခုကတစ်ဦးချင်းကို တစ်သီးပုဂ္ဂလအနေနဲ့ ဖိတ်လို့လာတာ ဖြစ်ပေမယ့် ကျွန်တော်တို့ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ဒီမိုကရေစီအရေး အမျိုးသား ပြန်လည်သင့်မြတ်ရေး အမြင်တွေ အဲဒီမူသဘောထားတွေအရ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”

ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်း၊ ဦးညိုအုန်းမြင့်တို့သည် ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် အချိန်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း စသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးရန် အစီအစဉ်ရှိသည်ဟု ပြောကြားခဲ့သည်။

ဒေါက်တာနိုင်အောင်က မြောက်ပိုင်းမှ ထွက်ပြေးလွတ်မြောက်လာသူ ကျောင်းသားများနှင့် တွေ့ဆုံရန် အစီအစဉ် ရှိ၊ မရှိ သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ၎င်း၏အဖွဲ့သို့ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိမှာသာ တွေ့ဆုံရန် အစီအစဉ်ရှိသည်ဟု ပြောသည်။

Myanmar Express

3 comments:

သဘောထားကြီးပြလိုက်တော့
ဒီမိုကောင်တွေခွေးလုံးလုံးဖြစ်တာပေါ့
ဟားဟား
မိုက်တယ်ကွာ
ဆန္ဒပြစရာလဲကုန်
လုပ်စားစရာလဲမရှိတော့ဘူး

အောက်တန်းစားတွေဘာပြန်လာလုပ်တာလဲ
ဘာကြောင့်လက်ခံတာလဲ

လူသတ်သမားနိုင်အောင်ကိုချက်ချင်းဖမ်းဆီးပြီး၊ တရားရုံးတင် စစ်ဆေးဘို့လိုပါတယ်။ ဒီနိုင်အောင်တို့ သောင်းထွန်းတို့ကို အကာအကွယ်ပေးနေတာက၊ သူ့ကိုယ်သူဝန်ကြီးချုပ်ဆိုပြီး တိုင်းပြည်ဖျက်ဘို့ကြိုးစားနေတဲ့ ဒေါက်တာစိန်ဝင်းပါ။ ဦးစိန်ဝင်း ကြွစောင်းစောင်းဖြစ်နေနှိုင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်က သူသြဇာညောင်းတဲ့ ဆွေမျိုးသားချင်းတွေကိုဘဲနေရာပေးတတ်တဲ့ အကျင့်နဲ့ ကူညီထောက်ပန့်ထားတာကြောင့်ဖြစ်ပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်