Subscribe to our RSS Feed

ကင်တားနားနှင့် HRW တို့ ဝေဖန်မှုတွေ မပြီးဆုံးခင်မှာပဲ UN နှင့် INGO ဝန်ထမ်းများအား နိုင်ငံတော်သမ္မတကြီမှ လွတ်ငြိမ်းသက်သာခွင့်ပေး


ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခဲ့ခြင်းကြောင်း ထောင်ဒဏ်ကျခံနေရသော UN နှင့် INGO ဝန်ထမ်း ၃ ဦးကို နိုင်ငံတော်သမ္မတကြီးက ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း သတင်းရရှိပါတယ်။

ပြစ်ဒဏ်မှ လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်သူများမှာ

၁။ ဦးကာယက်စ်(ခ)ခင်ရွှေ (ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် - WFP) ထောင်ဒဏ် (၂)နှစ်
၂။ ဦးအဏာဝါဆာဒဏ်(ခ)ခင်မောင် (ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး - UNHCR) ထောင်ဒဏ် (၃)နှစ်
၃။ ဒေါ်ချိုလေးမာ(ခ)ချိုမာ (ရပ်ရွာလူထုဖွံ့ဖြိုးရေးစီမံချက် - CSSEP) ထောင်ဒဏ် (၆)နှစ်

၎င်းတို့အနက် WFP ဝန်ထမ်း ဦးကာယက်စ်(ခ)ခင်ရွှေအား မောင်တောမြို့နယ်အတွင်း ဆူပူဖြစ်ပွားရာတွင် ပါဝင်ပတ်သက်မှု၊ နိုင်ငံတော်အကြည်ညိုပျက်အောင် ပြောဆိုမှုတို့ဖြင့် တစ်ပေါင်းတည်းပြစ်ဒဏ် ထောင်ဒဏ် (၂) နှစ်ကိုလည်းကောင်း၊ UNHCR ဝန်ထမ်း ဦအဏာဝါ ဆာဒဏ်(ခ)ခင်မောင်အား မောင်တောမြို့နယ်အတွင်း ဆူပူဖြစ်ပွားရာတွင် ပါဝင်ပတ်သက်မှု၊ နိုင်ငံတော်အကြည်ညိုပျက်အောင် ပြောဆိုမှု၊ တရားမဝင်နိုင်ငံခြားငွေ လက်ဝယ်တွေ့ရှိမှုတို့ဖြင့် စုစုပေါင်း ထောင်ဒဏ် (၃) နှစ်ကိုလည်းကောင်း၊ CSSEP ဝန်ထမ်း မချိုလေးမာ(ခ)ချိုမာအား မောင်တောမြို့ အရေးအခင်းဖြစ်ပေါ်အောင် ဆူပူလှုံ့ဆော်ရာတွင် ပါဝင်ပတ်သက်မှု၊ အိမ်တစ်အိမ်အားမီးရှို့ရန် လောင်စာထားရှိမှုနှင့် မီးရှို့မှု၊ တရားမဝင် နိုင်ငံခြားငွေလက်ဝယ်တွေ့ရှိမှုတို့ဖြင့် စုစုပေါင်း ထောင်ဒဏ် (၆) နှစ်ကိုလည်းကောင်း အသီးသီး ချမှတ်ထားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် တရားရုံးတခုကနေ ထောင်ဒဏ်အသီးသီးချမှတ်လိုက်တဲ့ ကုလသမဂ္ဂ၀န်ထမ်းနှစ်ဦးနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတခုက ၀န်ထမ်းတဦးတို့ကို ချက်ခြင်းပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က မြန်မာအစိုးရကို မနေ့က တောင်းဆိုခဲ့ပါတယ်။ ဒီလိုထောင်ဒဏ် ချလိုက်တာကို လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ HRW ကလည်း ဝေဖန်ပြောဆိုခဲ့ပါတယ်။

“ဒီအမှုကို စစ်ဆေး စီရင်တဲ့နှုန်းနဲ့ စွပ်စွဲချက်တွေအရဆိုရင် မျှတမှုမရှိဘူးဆိုတာ သေချာပါတယ်။ ဒါဟာဖြင့် မြန်မာအာဏာပိုင်တွေဟာ လူမျိုးစု အချင်းချင်းအကြား ဟန်ချက်ညီမှုရှိအောင် လုပ်ရမယ့် အစား ရိုဟင်ဂျာတွေကို ပစ်မှတ်ထားနေတယ်ဆိုတဲ့ နောက်ထပ် ဥပမာ တခုဖြစ်ပါတယ်။”

လို့ ကင်တားနားက ပြောခဲ့ပါတယ်။

မစ္စတာကင်တားနားရဲ့အမြင်နဲ့ အလားတူပဲ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ရဲ့ အာရှဒေသ စည်းရုံး လှုံ့ဆော်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဂျွန် ဆစ်စ်တန် (John Siston) ကလည်း မြင်ပါတယ်။

မစ္စတာကင်တားနားဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက မြန်မာနိုင်ငံလာပြီး ရခိုင်ပြည်နယ်ဘက် သွားရောက်ခဲ့သလို ဖမ်းဆီးခံ ထားရတဲ့ ကုလသမဂ္ဂနဲ့ INGO တွေက ၀န်ထမ်းတွေနဲ့လည်း တွေ့ဆုံခဲ့ ပါသေးတယ်။ အဲဒီခရီးစဉ်အဆုံးသတ်မှာ ဖမ်းဆီးထား သူတွေကို ပြန်လွှတ်ပေးဖို့နဲ့ သီးခြား လွတ်လပ် တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ် ဖွဲ့စည်းဖို့ တိုက်တွန်းခဲ့ပါတယ်။

ဥပဒေ ချိုးဖောက်သူများကို အပစ်ဒဏ်ချစဉ်က အစိုးရကို အမျိုးမျိုးဝေဖန်မှုတွေ လုပ်ခဲ့ကြတဲ့ ကလသမ္မဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေဟာ အခု သမ္မတကြီး ဦးသိန်းစိန်မှ ဂရုဏာ ရှေ့ထား အမုန်းမပွားစေရန် လွတ်ငြိမ်းချမ်းသာခွင့် ပေးချိန်မှာတော့ ကုလသမ္မဂ္ဂနဲ့ လူ့အခွင့်အရေး သမားတွေက ချီးကျူး ကြိုဆိုခြင်း မရှိပဲ မသိချင်ဟန်ဆောင်နေကြကြောင်း သိရှိရပါတယ်။

Myanmar Express

2 comments:

ကင်တားနားကို ဗီဇာထုတ်မပေးသင့်တော့ပါ။ဘာကြောင့်လဲမေးရင် စိတ်မနှံ့ ရူးသွပ်ပေါ၍ဖြစ်သည်။

ကင်တားနာသည်တရိစ္ဆာန်စိတ်ပေါက်နေသည်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်