Subscribe to our RSS Feed

ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာကြစေချင်


From : hot news

မြ၀တီမြို့ ချစ်ကြည်ရေး တံတားကြီး အနီးတစ်ဝိုက်နှင့် ကြံခင်း ဘုန်းကြီးကျောင်းရှေ့ တွင် ကော့ကရိတ်၊ဘားအံ၊ မော်လမြိုင်မြို့များသို့ နေ့စဉ်ဆင်းတက် သွားလာနေကြသော မော်တော်ယာဉ် များသည် ခရီးသည်ရရှိရေးအတွက် တစ်စီးနှင့် တစ်စီး လုယက်တင်ဆောင်ကာ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများကို လိုက်နာခြင်းမရှိဘဲ ပုံတွင် မြင်တွေ့ရသည့် အတိုင်း စည်းကမ်းမဲ့စွာ ရပ်ချင်သလို ရပ်နေကြသဖြင့် ယာဉ်တိုက်မှု အန္တရာယ်များ အချိန်မရွေးဖြစ်ပေါ် နိုင်ပါသောကြောင့် ခရီးသွားပြည်သူများ စိတ်သောကရောက်လျှက် ရှိနေပါသည် တာဝန်ရှိသူများမှလည်း လာရောက်ကြီးကြပ်ဆောင်ရွက်ပေးခြင်းမရှိသဖြင့် စည်းကမ်းမဲ့ မော်တော်ယာဉ်များမှာ ပို၍၊ ပို၍ အတင့်ရဲလျှက် ရှိနေပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်