Subscribe to our RSS Feed

ဒုတိယ၀န်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း (၂၉-၀၈-၂၀၁၂)



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတတရုံး
(အမိန့်အမှတ်၊ ၂၇/၂၀၁၂)
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက်
(၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်)

ဒုတိယ၀န်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၉) တို့အရ အောက်ပါပုဂ္ဂိုလ်များအား ယှဉ်တွဲပါ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးတွင် ဒုတိယ၀န်ကြီးများ အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်-

(၁) ဦးသန့်ကျော် နိုင်ငံခြားရေးဝန်ကြီးဌာန
(၂) ဦးဇင်ယော် နိုင်ငံခြားရေးဝန်ကြီးဌာန
(၃) ဒေါက်တာမောင်မောင်သိမ်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန


(ပုံ) သိန်းစိန်
နိုင်ငံတော် သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်