Subscribe to our RSS Feed

သမ္မတဦးသိန်းစိန်လက်ထက်တွင် အမျိုးသမီးများကို ၀န်ကြီးနေရာ ခန့်အပ် သော်လည်း ဒေါ်အောင်ဆန်းစုကြည် ပွဲမတိုး


သမ္မတဦးသိန်းစိန်လက်ထက်တွင် အမျိုးသမီးများကို ၀န်ကြီးနေရာ ခန့်အပ် သော်လည်း ဒေါ်အောင်ဆန်းစုကြည် ပွဲမတိုးသေးကြောင်း သတင်းရရှိပါတယ်။

သြဂုတ် ၂၇ ရက်နေ့က လုပ်ဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ၀န်ကြီးအပြောင်းအလဲ ခန့်အပ်စာရင်းမှာ ဒုဝန်ကြီးနေရာ ၄ နေရာအတွက် အမျိုးသမီးတွေကို ခန့်အပ်လိုက်ပါတယ်။

၂၀၁၂ ခုနှစ် သြဂုတ် ၂၇ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တဲ့ ပြည်ထောင်စု ၀န်ကြီးများနဲ့ ဒု-၀န်ကြီးများပြောင်းလဲခန့်အပ်ခြင်း အမည်စာရင်းမှာ အမျိုးသမီး ၄ ဦးပါဝင်ပါတယ်။ အများစုမှာ လွှတ်တော်ထဲမှ ဖြစ်ပြီး ဒုတိယဘုရားသခင်လို့ နာမည်ကြီးတဲ့ နိုဘယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဘာမှ ဖြစ်မလာခဲ့ပါဘူး။

ပြည်ထောင်စုအစိုးရအဖွဲ့မှာ အမျိုးသမီးတွေကို တာဝန်ပေးအပ်မှုဟာ မြန်မာနိုင်ငံရဲ့သမိုင်းမှာ အရေအတွက် အများဆုံးပေးအပ်မှု ဖြစ်ပါတယ်။

အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှာ ဒေါက်တာ ဒေါ်ခင်စန်းရီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာနမှာ ဒေါက်တာဒေါ်သက်သက်ဇင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှာ ဒေါက်တာဒေါ်စုစုလှိုင်၊ ကျန်းမာရေးဝန်ကြီးဌာနမှာ ဒေါက်တာ သိန်းသိန်းဌေးတို့က အသီးသီး ဒု-၀န်ကြီးရာထူးရခဲ့တာပါ။

အရင်ကလည်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒု-၀န်ကြီးဒေါ်စန္ဒာခင်နဲ့ ကျန်းမာရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဒေါ်မြတ်အုံးခင်တို့ ရှိထားပြီးဖြစ်တာကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ထဲမှာ ဒုတိယ၀န်ကြီး အဆင့် အမျိုးသမီးက ၆ နေရာ ရရှိပြီဖြစ်ပါတယ်။

အခုလို အမျိုးသမီး ၀န်ကြီးတွေ ရွေးချယ်ခန့်ထားတာ နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားရေးမှူး ဦးဇော်ဌေးက “ကျနော်တို့က ခွဲခြားဆက်ဆံမှု မရှိဘူး။ ဖွံ့ဖြိုးတိုးတက်ခါစမှာ အမျိုးသမီး ဒုဝန်ကြီးတွေ ဦးစားပေး ရွေးတာလည်း ပါပါတယ်။ အမျိုးသမီးတွေထဲက သင့်တော်တဲ့သူကို ရွေးပြီး ခန့်တာပေါ့။ သူတို့က အန်ဂျီအိုတွေနဲ့အတူ လှုပ်ရှားနေတော့ သဘာဝ ပတ်ဝန်းကျင်တို့ဘာတို့မှာ လုပ်နိုင်မယ်ထင်လို့ ခန့်တယ်လို့ ယူဆပါတယ်” လို့ ပြောပါတယ်။

လက်ရှိ ဒုတိယဝန်ကြီးများဖြစ်ကြတဲ့ ဒေါက်တာ ဒေါ် ခင် စန်းရီ၊ ဒေါ် သက်သက်ဇင်၊ ဒေါက်တာဒေါ် စုစုလှိုင်၊ ဒေါက်တာ သိန်းသိန်းဌေး၊ ဒေါ်စန္ဒာခင် နှင့် ဒေါ်မြတ်အုံးခင် တို့ဟာ ဒေါ်အောင်ဆန်းစုကြည်ထက် ပိုမို ထူးချွန် သာလွန်ထက်မြတ်သူများ ဖြစ်ဖွယ်ရှိပြီး ယခုနောက်ဆုံး အမျိုးသမီး ဒုဝန်ကြီး လေးဦး မခန့်ခင်မှာ ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ပတ်အတွင်း နှစ်ကြိမ်တွေ့ကာ အကဲခက်ခဲ့ဟန်ရှိပြီး သုံးစားရပုံမပေါ်လို့ မခန့်တာ မဖြစ်နိုင်ကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ တစ်ဦးက အခုလိုပြောပြပါတယ်

"'သမ္မတကြီးက လွယ်လွယ်တော့ မစဉ်းစားပဲ ခန့်မယ်မထင်ဘူးဗျ... ပြည်ထောင်စုအဆင့် ဒုဝန်ကြီးဆိုတာ အလွန်အရေးကြီးတယ်လေ... ဒီရက်ပိုင်းမှာ ဒေါ်စု နဲ့ခဏခဏ တွေ့ခဲ့တာပဲ... သမ္မတကြီးက ဒီလောက် ထက်မြတ်တာ အကဲခက်မှာပဲလေ... သုံးစားမရလို့ မခန့်တာနေမှာပေါ့... အခု ခန့်တဲ့ ဒေါက်တာလေးရောက်က ဒေါ်စု ထက် တော်တာ သေချာတယ်.. ပါးစပ်က သိပ်မပြောကြဘူး တကယ်လုပ်နေကြတယ်လေ..." လို့ ဆိုပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်