အဖွဲ့ဝင် ၈ဦးပါ အဆိုပါအဖွဲ့သည် အင်ဒိုနီးရှား စစ်လေယာဉ်ကွင်း တစ်ခုမှ ဂျက်လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ပြီး လေယာဉ်ပေါ်၌ အလှူပစ္စည်း များဖြစ်သည့် ရောဂါ ကာကွယ်ရန် တကိုယ်ရည် သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး ကိရိယာ ၅၀၀၊ စောင် ၃၀၀၀၊ လုံ ချည် ၁၀၀၀၀တို့ ပါဝင်သည်ဟု ဆိုသည်။
“ခုခရီးစဉ်ဟာ မြန်မာ သမ္မတဦးသိန်းစိန်နဲ့ အင်ဒိုနီးရှား Red Cross တို့သတောတူညီ ချက်အရ စေလွှတ်လိုက် တာဖြစ်တယ်” ဟု ၄င်းအဖွဲ့၏ အရာရှိတဦးက ဒေသ သတင်းထောက်သို့ ပြောကြားသည်။




ထို့အပြင် “ဒီအဖွဲ့ဟာ အဲဒီနိုင်ငံမှာ တနှစ်ခန့် နေနိုင်ဖို့အတွက် ကျွန်ုပ်တို့ မျော်လင့်ပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရ နဲ့ ပူးပေါင်းဆောင်ရွက်မှု အပေါ်မှာ မူတည်ပါတယ်” ဟုဆိုသည်။
၂၀၁၂ခုနှစ် ဇွန်လအတွင်း ရခိုင်တွင် ပေါ်ပေါက်ခဲ့သော နှစ်ဘက် တိုက်ခိုက်မှုအတွင်း လူပေါင်း ၈၀ခန့် သေဆုံးခဲ့သည်ဟု ဆိုသည်။
ရခိုင်ပြည် ပဋိပက္ခအတွင်း အိမ်အများအပြား မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပြီး လူပေါင်း ၇၀၀၀၀ခန့် ဒုက္ခရောက် ကာ အိုးမဲ့အိမ်မဲ့ဖြစ်နေကြပြီး ဒုက္ခသည် စခန်းများတွင် ခိုလှုံနေကြရသည်ဟု သိရသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်