Subscribe to our RSS Feed

မွန်ပြည်နယ်အတွင်း လေအားလျှပ်စစ်ထုတ်နိုင်ရေး ထိုင်းနိုင်ငံကုမ္ပဏီမှ စူးစမ်းလေ့လာမှုများဆောင်ရွက်လျှက်ရှိ

From : .hot news



မွန်ပြည်နယ်အတွင်းလျှပ်စစ်ဓါတ်အားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှတ်(၂)လျှပ်စစ်ဓါတ် အားဝန်ကြီးဌာန နှင့် ထိုင်းနိုင်ငံ Gunkul Engineering Public Co;Ltd တို့ပူးပေါင်း၍ မွန်ပြည်နယ်အတွင်း၌ လေစွမ်းအင်သုံးလျှပ်စစ်ဓါတ်အား မဂ္ဂါဝပ်(၁၀၀၀) ထုတ်လုပ်နိုင်ရေးအတွက် ကျွမ်းကျင်သူများအဖွဲ့မှ မွန်ပြည်နယ်အတွင်းရှိ ပေါင်မြို့နယ် ကုလားမတောင်ရှိ Zingyaik Site နှင့် ဘီးလင်းမြို့နယ်အနီးရှိ Blin Site နေရာများတွင် စီမံကိန်းဖြစ်နိုင်စွမ်းလေ့လာမှုနှင့် ကွင်းဆင်းတိုင်းတာရေး လုပ်ငန်းများဆောင် ရွက်လျက်ရှိပြီး မိုလေ၀သနှင့် လေတိုက်နှုန်းတိုင်းတာရေးတိုင်များစိုက်ထူလျက်ရှိကြောင်း၊ လေ့လာရေးစီမံ ကိန်းများမှာ လာမည့် ၂၀၁၃ခုနှစ် စက်တင်ဘာလလောက်တွင်ပြီးဆုံးမှာဖြစ်ပြီး လုပ်ငန်းအောင်မြင်ပါက ၂၀၁၅ခုနှစ်၊ နှစ်လယ်ခန့်တွင် စက်လည်ပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံ Gunkul Engineering Public Co;Ltd ကုမ္ပဏီအနေဖြင့် အမှတ်(၂)လျှပ်စစ်ဓါတ်အားဝန်ကြီးဌါနမတိုင်မီ လျှပ်စစ်ဓါတ်အားဝန်ကြီးဌါနလက်ထက် ၁၉၉၆ ခုနှစ် လောက်မှစ၍ မြန်မာနိုင်ငံအတွင်း မဟာဓါတ်အားလိုင်းများ၊ ဓါတ်အားခွဲရုံများတည် ဆောက်ခြင်းလုပ်ငန်း များမှာပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း လက်ရှ်ိအချိန်တွင် ကုမ္ပဏီအနေဖြင့် လေအား၊ နေအား လျှပ်စစ်ဓါတ်အားများ ထုတ်လုပ်ဖြန်ချိရေးလုပ်ငန်းများအား တိုးချဲ့ဆောင်ရွက်လျှက် ရှိကြောင်း၊ထိုင်းနိုင်ငံ တွင် မဂ္ဂါဝပ်(၃၀) ထွက်ရှိသော solar Energy နေစွမ်းအင်သုံးလျှပ်စစ်ဓါတ်အားပေး စက်ရုံတစ်ခုကို တည်ဆောက်ခဲ့ပြီး နောက်ထပ်အနေဖြင့်မဂ္ဂါဝပ်(၁၅၀) ထွက်ရှိနိုင်မည့် Solar Energy လျှပ်စစ်ဓါတ်အားပေးစက်ရုံတစ်ခုကိုလည်း အကောင်ထည်ဖေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အနေနဲ့ ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလမှစ၍ အမှတ်(၂)လျှပ်စစ်ဓါတ်အားဝန်ကြီးဌါနနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွေမှာ လေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းများကို စတင်အကောင်ထည်ဖေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိချိန်မှာ ဖြစ်ပေေးနိုင်စွမ်းလေ့လာမှုအဖြင့် စူးစမ်းလေ့လာဆောင်ရွက်ဆဲကာလဖြစ်ကြောင်း၊ မွန်ပြည်နယ်မှာ ဘီးလင်းမြို့နယ်နှင့် ပေါင်မြို့နယ်၊ ဇင်းကျိုက်ကျေးရွာ ကုလားမတောင်ပေါ်တွေမှာ၊ ကရင်ပြည်နယ်မှာ ကော့ကရိတ်မြို့ အနီးတ၀ိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ်၊ မေတ္တာမြို့နယ်ခွဲတွေမှာ မိုးလေ၀သ စူးစမ်းလေ့လာတိုင်းတာရေးတိုင်တွေထောင်ပြီးမိုလေ၀သ တိုင်တာရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း၊ အဆိုပါ စူးစမ်းလေ့လာတိုင်းတာရေးတိုင်များကို Satellite မျာနှင့်ချိတ်ဆက် ပြီး Data များကောက်ယူခြင်းကို တစ်နှစ်ခန့်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ရရှိလာတဲ့ Data များအရ အဆိုပါဒေသတွေမှာ လျှပ်စစ်ဓါတ်အားတွေကို စီးပွါးဖြစ်ထုတ်လုပ်လို့ရ/မရ ၊ ဖြစ်နိုင်/မဖြစ်နိုင်တို့ကို တွက်ချက်သွားမှာဖြစ်ကြောင်း ထိုင်းနိုင်ငံ Gunkul Engineering Public Co;Ltd မှ GM ကိုသူရထွန်း ကပြောသည်။

” လက်ရှိကျနော်တို့ရရှိထားတဲ့အကြမ်းဖျင်း Data တွေထဲက တစ်ခုကိုပြောပြရရင် ဇင်းကျိုက် ကုလားမတောင်ဒေသမှာ ခန့်မှန်းခြေပေါ့ မဂ္ဂါဝပ် ၂၆၀ ကနေ ၄၅၀ လောက်အထိထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထားတယ်၊ တစ်ခုက လေအားလျှပ်စစ်ထုတ်လုပ်တဲ့နေရာမှာ သူ့ရဲ့သဘောသဘာဝက လေတိုက်နှုန်းပေါ်မူတည်တဲ့အတွက် ထွက်လာတဲ့ Output က အပြောင်းအလဲရှိနိုင်တယ်၊ အဲဒါကို ကျနော်တို့က Stable ဖြစ်အောင် Back up Generator ဒါမှမဟုတ် General Mix ပေါ့၊ တခြားစွမ်းအင်ပေါ့ နေအားဖြစ်ဖြစ်၊ ဒီဇယ်နဲ့ပဲဖြစ်ဖြစ်၊ တစ်ခုခုနဲ့ရောပြီးအသုံးပြုမှ Output Power က Stable ရတယ်၊ လေအားလျှပ်စစ်က ကုန်ကျစ၇ိတ်များပေမဲ့ သဘာဝပတ်ဝန်းကျင်ကိုတော့ ထိခိုက်မှုမရှိတဲ့အတွက် ရေရှည်အနေနဲ့ အကျိုးရှိတယ်” လို့ ၎င်းကပြောသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်