Subscribe to our RSS Feed

ရပ်ဆိုင်းထားသည့် KNU နှင့် အစိုးရုငြိမ်းချမ်းရေးဆွေးနွေးပွဲ စက်တင်ဘာ ကျင်းပမည်


From : Popular

အစိုးရဘက်မှ ရက်ရွှေ့ဆိုင်းခဲ့သည့် တတိယအကြိမ်မြောက် အပစ်အခတ်ရပ်ဆိုင်းရေးဆိုင်ရာငြိမ်းချမ်းရေးဆွေးနွေးပွဲကို စက်တင်ဘာ ၂ရက်နှင့် ၃ ရက်တွင် ကျင်းပမည်ဟု သိရသည်။
KNU အဖွဲ့သည် တတိယအကြိမ်မြောက် အပစ်အခတ်ရပ်ဆိုင်းရေးဆိုင်ရာငြိမ်းချမ်းရေးဆွေးနွေးပွဲကို မူလအစီအစဉ်အရ ယခုလ ၂၇-၂၈-၂၉ ရက်နေ့များတွင် ဘားအံမြို့၌တွေ့ဆုံမည်ဟု နှစ်ဖက်သဘောတူညီထားသော်လည်း အစိုးရကိုယ်စားလှယ်အဖွဲ့မှ အကြောင်းပြချက်မရှိဘဲ ရက်ရွေ့ဆိုင်းလိုက်သဖြင့် လာမည့်လဆန်းသို့ ပြန်လည်သတ်မှတ်လိုက်ခြင်းဖြစ်သည်။
အစိုးရနှင့်KNU တို့ကြား ပဏာမသဘောတူညီထားသည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လိုက်နာရမည့်ကျင့်ဝတ်များကို အဓိကထား ဆွေးနွေးနိုင်ရန်အတွက် စက်တင်ဘာလ၂-၃ ရက်နေ့တွင် နှစ်ဖက်ကိုယ်စားလှယ်များ ဘားအံမြို့တွင်ဆွေးနွေး ကြမည်ဟု KNUဘက်မှခေါင်းဆောင်တဦးကပြောသည်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်