Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရန်ကုန်တိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျိုးစပါးနှင့်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရော


From : သမ္မတရုံး

ပြည်ထောင်စုသမ
သမ္မတမြန်မာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊ ဦးသိန်းညွန့်၊ ဦးအောင်ကြည်၊ ဦးဝင်းမြင့်၊ ဒေါက်တာမြအေးနှင့် ဒေါက်တာဖေသက်ခင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဆန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ယနေ့နံနက် (၈)နာရီ မိနစ်(၂ဝ)တွင် ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့သို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိကြသည်။

နိုင်ငံတော်
သမ္မတနှင့်အဖွဲ့ဝင်များသည် ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗြဟ္မစိုရ်ခန်းမ၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျိုးစပါးနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူလယ်သမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေက ရန်ကုန်တိုင်း ဒေသကြီး၏ အခြေခံအချက်အလက်များ၊ ကျေးလက်ဒေသ
ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးအတွက် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရးနှစ်တွင် လျာထားဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်းများ၊ သြဂုတ်လအတွင်း မိုးသွန်းမှုအခြေအနေနှင့် မိုးစပါးစိုက်ပျိုးပြီးစီးမှု၊ ရွာသွန်းသောမိုးကြောင့် ရေကြီးနစ်မြုပ်မှုအခြေအနေနှင့် ပျက်စီးသွားသော လယ်ယာမြေများ အချိန်မီပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် ကော်မတီအဆင့်ဆင့်ဖွဲ့စည်း၍ ကြီးကြပ်ဆောင်ရွက်နေမှု အခြေအနေများ၊ ရေဘေးဒုက္ခသည်များအတွက် ကူညီထောက်ပံ့မှု အခြေအနေများကို အကျဉ်းချုပ် ရှင်းလင်းတင်ပြသည်။

ထို့နောက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ရန်ကုန်တိုင်းဒေသကြီး၏ လယ်ယာ
ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများကို ရှင်းလင်းတင်ပြရာတွင် ယနေ့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးတွင် လယ်ယာကဏ္ဍသည် အဓိကအရေးပါသည့် အတွက် Quick Win ရရှိအောင် အလေးထားကြိုးပမ်း ဆောင်ရွက်ရေး၊ နိုင်ငံတော်သမ္မတတကြီး ၏ ပြုပြင်ပြောင်းလဲရေး လမ်းညွှန်ချက်(၅)ရပ်နှင့်အညီ စနစ်တကျ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရေး၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်ပြီး မျိုးသန့်ဇုန်များ ထူထောင်ရေး၊ လယ်ယာ ကဖွံ့ဖြိုးတိုးတက်ရေးအတွက် စံပြမြို့နယ်တစ်ခု သတ်မှတ်ပြီး အလေးထား ကြိုးပမ်းဖော်ဆောင်ရေးကိစ္စရပ်များကို ပဏာမ ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် နိုင်ငံတော်
သမ္မတဦးသိန်းစိန်က ဆွေးနွေးလမ်းညွှန်မှာကြားရာတွင် ရေကြီး နစ်မြုပ်မှုကြောင့် အခိုက်အတန့် ဒုက္ခခကြုံနေကြရသည့် ဒေသခံပြည်သူများအား အားပေး ကူညီပံ့ပိုးမှုများ ပြုလုပ်ရန် မိမိတို့ ယနေ့လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆုံးရှုံး ပျက်စီးသွားသည့် လယ်ယာမြေများအတွက် မျိုးစပါးများ ပြန်လည်ဝယ်ယူနိုင်ရေး ငွေကြေးထောက်ပံ့နိုင်ရန်နှင့် ရေဘေးကြောင့် အခိုက်အတန့်ဒုက္ခကြုံနေကြရသည့် ဒေသခံပြည်သူများအတွက် လိုအပ်သည့် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးနိုင်ရန် အဓိကရည်ရွယ်ပါကြောင်း။

ယနေ့ ကမ္ဘာ၌ ရာသီဥတုပြောင်းလဲမှု (Climate Change) ကြောင့် သဘာဝဘေးများ ယခင်ကထက် ပိုမိုကြုံတွေ့ရင်ဆိုင်ခံစားနေကြရသည်ဖြစ်ရာ မိမိတို့တိုင်းပြည်၌လည်း ယခုကဲ့သို့ အထိုက်အလျောက် ကြုံတွေ့ရင်ဆိုင်နေကြရခြင်းဖြစ်ကြောင်း၊ သို့သော် ကြုံတွေ့လာရသည့် ဘေး
ဒုက္ခအခက်အခဲများကို အစိုးရနှင့်ပြည်သူ ပူးပေါင်းလက်တွဲပြီး အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း။

နိုင်ငံတော်အစိုးရသည် ပြည်သူက ရွေးချယ်တင်မြောက်ပေးထားသည့် ပြည်သူ့အစိုးရ ဖြစ်သည်နှင့်အညီ ပြည်သူတို့၏ လိုလားချက်ဆန္ဒများကို အကောင်အထည်ဖော် ဖြည့်ဆည်းပေးရန် တာဝန်ရှိပါကြောင်း၊ ယနေ့ ပြည်သူအများစုကြီး၏ တူညီသောဆန္ဒမှာ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းပြည်၏ လူမှုစီးပွားဘဝ
ဖွံ့ဖြိုးတိုးတက်ရေးတို့ပင် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူတို့၏ အဆိုပါ ဆန္ဒ(၂)ရပ်ကို မိမိတို့ အစိုးရအဖွဲ့၏ ရည်မှန်းချက်တာဝန် အဖြစ် သတ်မှတ်ပြီး လက်တွေ့ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု တည်ဆောက်ရာတွင် နိုင်ငံရေးအရ တည်ငြိမ်မှုရရှိစေရေး အတွက် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်ခွင့်ရရှိအောင် ပြုပြင်ပြောင်းလဲ ထိတွေ့ ဆက်ဆံမှုများ ဆောင်ရွက်နေသကဲ့သို့ တစ်ဘက်ကလည်း ပြည်တွင်းလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် ဆွေးနွေးညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၁)ဖွဲ့ရှိသည့်အနက် ယခုအခါ (၁ဝ)ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များ ရယူနိုင်ခဲ့ပြီဖြစ်ပြီး မကြာသောကာလတွင် အားလုံးနှင့် ထာဝရ ငြိမ်းချမ်းရေး ရယူတည်ဆောက် နိုင်အောင် မိမိတို့ စိတ်ရှည်သည်းခံ စေတနာမှန်စွာဖြင့် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း။

တိုင်းပြည်၏ လူမှုစီးပွားဘဝ
ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လယ်ယာက ဖွံ့ဖြိုး တိုးတက်စေရန်နှင့် စက်မှုနိုင်ငံထူထောင်နိုင်ရန် ရည်မှန်းကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ လယ်ယာကကိုပြန်ကြည့်လျှင် ယနေ့တိုင်းပြည်ရှိ လူဦးရေအတွက် လောက်ငဖူလုံအောင် စိုက်ပျိုးထုတ်လုပ်နိုင်သည် မှန်သော်လည်း အနာဂတ်တွင် တိုးပွားလာမည့် လူဦးရေ၏ စားနပ်ရိက္ခဖူလုံမှုအတွက်ပါယခုကတည်းက ကြိုတင်မျှော်မှန်းကြိုးပမ်း ဆောင်ရွက်ကြရ မည် ဖြစ်ကြောင်း၊ လယ်ယာကသည် တိုင်းပြည်ဝင်ငွေရရှိရေးအတွက် အရေးကြီးသည့် ကဏ္ဍဖြစ်ရာ လယ်ယာက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးအနက်ထားပြီး ရည်မှန်း ကြိုးပမ်းကြ ရန် လိုကြောင်း၊ ဤဒေသတွင် လယ်ယာများ စိုက်ပျိုးပြီးစီးချိန်ကျမှ ယခုကဲ့သို့ ရေလွှမ်းမိုးမှု ခံလိုက်ရသည့်အတွက် ရေကျသွားချိန်တွင် ထပ်မံစိုက်ပျိုးရာ၌ အချိန်ကန့်သတ်ချက် ရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ အတွေ့အကြုံများ အပေါ် အခြေခံပြီး အဆင်အပြေဆုံးနည်းလမ်းများ ကြံဆဆောင်ရွက်သွားကြရန် တိုက်တွန်း လိုပါကြောင်း။

တိုင်းပြည်ကြွယ်ဝချမ်းသာသည့် အဆင့်သို့ ရောက်ရှိနိုင်ရန်အတွက် စက်မှုနိုင်ငံ ထူထောင်ရန် လိုအပ်ကြောင်း၊ သို့သော် မိမိတို့အနေဖြင့် နည်းပညာ၊ ငွေကြေး အရင်းအနှီးနှင့် လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ လိုအပ်ချက်များရှိနေဆဲဖြစ်သည့်အတွက် ယင်းလိုအပ်ချက် များကို ကျော်လွှားနိုင်ရန် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်၍ ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ စက်မှုနိုင်ငံ ထူထောင်ရာ၌လည်း (၁) ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်း များများရရှိနိုင်သည့် လုပ်ငန်းများ၊ (၂) ပြည်တွင်းထွက်ကုန် ကုန်ကြမ်းပစ္စည်း များကို တန်ဖိုးမြှင့်ကုန်ချော ( Value Added ) များ ထုတ်လုပ်တင်ပို့ရောင်းချနိုင်စေမည့် လုပ်ငန်း များ၊ (၃)ပြည်တွင်းထွက် သတ္ထုကုန်ကြမ်းများကို အခြေခံသည့် လုပ်ငန်းများ၊ (၄) IT နှင့် Telecommuniaction ဆိုင်ရာလုပ်ငန်းများစသည့် အဆင့်(၄)ဆင့်ဖြင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း။

နိဂုံးချုပ်အားဖြင့် ယနေ့ မိမိဆွေးနွေးပြောကြားခဲ့သည့် လုပ်ငန်းစဉ်များကို မိမိတို့အစိုးရတစ်ခုတည်း ဖော်ဆောင်၍ အောင်မြင်နိုင်မည်မဟုတ်ပါကြောင်း၊ ပြည်သူအားလုံးကပါ မိမိတို့အစိုးရနှင့်အတူ တက်ညီလက်ညီ ပူးပေါင်းလက်တွဲ ပါဝင်ကြိုးပမ်း ဆောင်ရွက်ကြမှသာ မုချအောင်မြင်နိုင်မည်ဖြစ်ပါကြောင်းဖြင့် တိုက်တွန်းဆွေးနွေးမှာကြားသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ရေကြီးနစ်မြုပ် ဆုံးရှုံးသွား သည့် လယ်ယာမြေများ ပြန်လည်စိုက်ပျိုးရန် မျိုးစပါး (၁၇၈၁၈)တင်းအတွက် ထောက်ပံ့ငွေ ကျပ်(၈၉ဝ ဒသမ ၉)သိန်းကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်သည်။

ယင်းနောက် ဒေသခံတောင်သူတစ်ဦးဖြစ်သည့် ခရမ်းမြို့နယ် ကျွဲတလင်းကျေးရွာမှ ဦးခင်လှိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်
သမ္မတသည် အခမ်းအနားသို့တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထိုမှတစ်ဆင့် နိုင်ငံတော်
သမ္မတဦးသိန်းစိန်သည်ခရမ်းမြို့နယ် ရေဘေး ကယ်ဆယ် ရေး စခန်းဖွင့်လှစ်ထားသည့် ဒက္ခိဏရာမရေကျော်ကျောင်းတိုက်သို့ ရောက်ရှိပြီး ရေဘေးသင့် ပြည်သူများအား ရင်းနှီးခင်မင်စွာ နှုတ်ဆက်အားပေးသည်။

ထို့နောက် ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ်သိန်း (၁ဝဝ)၊ ဆန်နှင့် စားသောက် ဖွယ်ရာများ၊ ထောက်ပံ့ရေးပစ္စည်းများနှင့် ကျောင်းသုံးဗလာစာအုပ်များကိုပေးအပ်ပြီး ကူညီ ထောက်ပံ့လှူဒါန်းထားသည့် ထောက်ပံ့ရေးပစ္စည်းများကို ကြည့်ရှုစစ်ဆေးသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရေဘေးသင့် ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယခုလအတွင်း ထောက်ပံ့ ပြီးစီးမှု မှာ ဆန်ဖိုး ထောက်ပံ့ငွေကျပ်(၂၇ ဒသမ ၈)သိန်းနှင့် ငွေကျပ်(၄၅၄ ဒသမ ၂၉)သိန်း တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၈)မျိုး၊ စုစုပေါင်းငွေကျပ်(၄၈၂ ဒသမ ၁) သိန်းကျော်ဖိုး ထောက်ပံ့ ပေးခဲ့ပြီးဖြစ်ကြောင်းသိရှိရသည်။





ယင်းနောက်နိုင်ငံတော်
သမ္မတသည် ဒက္ခဏရာမရေကျော် ကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇာတိက ဘဒ္ဒန္တသုမနအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စစည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် နိုင်ငံတော်
သမ္မတနှင့်အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်