Subscribe to our RSS Feed

မကောင်းကြောင်းပဲ ရေးမှာလား


ဒေါ်လာရဖို့အတွက် ကိုယ့်နိုင်ငံကြောင်း မကောင်းတာ အကုန်ရေးနေသူတို့ အနေနဲ့ ကောင်းတာလေး တစ်ခု နှစ်ခု လောက်တော့ ရေးသင့်ပါတယ်။ စီးပွားရေး က စီးပွားရေး တစ်ပိုင်းဆိုပေမယ့်၊ ကိုယ့်နိုင်ငံက ကိုယ့်နိုင်ငံ ပါပဲ။ ဘယ်လောက် နိုင်ငံသားခံယူ ခံယူ မြန်မာဟာ မြန်မာပါ။ အကြိမ်ပေါင်းများစွာ နိုင်ငံတကာ အလယ်မှာ အမိနိုင်ငံကို သိက္ခာချခဲ့ပြီးပြီ။ ကိုယ်လုပ်တဲ့ အလုပ်က ဘယ်ကိုဦးတည်နေတယ်၊ ဘယ်လောက်ထိရောက်တယ်၊ အကျိုးဆက်ကို ဘယ်သူတွေခံစားရတယ်၊ နိုင်ငံတော်အတွက် အတွက် အလုပ်လုပ်နေတယ် ခေါင်းစဉ်တပ်ပြီး နိုင်ငံတော်ကို နိုင်ငံတကာက ဘယ်လိုမြင်အောင်လုပ်နေလဲ ဆိုတာကို ဖြေးဖြေးလေးပဲ စဉ်းစားကြည့်ပါ။ ဘယ်သူတွေ ဘယ်လိုပဲရေးနေရေးနေ၊ ဘယ်လိုပဲလုပ်နေလုပ်နေ။ အဲ့ဒီထဲမှာ ကိုယ်တိုင် မပါအောင် ထိန်းသိမ်းပါ။ နှစ်ပေါင်းများစွာ ဒေါ်လာစား အတိုက်အခံမီဒီယာတွေရဲ့ ကြိုးစားသမျှ ရလဒ်တွေကိုကြည့်ပါ။


http://www.google.com/images?as_q=myanmar&hl=en&gbv=2&btnG=Google+Search&as_epq=&as_oq=&as_eq=&as_sitesearch=&safe=images&as_st=y&tbs=isch:1,itp:photo

http://www.google.com/images?hl=en&gbv=2&as_st=y&tbs=isch:1,itp:photo&sa=1&q=burma&aq=f&aqi=g10&aql=&oq=&gs_rfai=

http://images.search.yahoo.com/search/images;_ylt=A0geuvPMNwJMo1sB6gRXNyoA?ei=UTF-8&p=myanmar&fr2=tab-web&fr=sfp

http://www.bing.com/videos/search?q=myanmar&FORM=BVFD

http://www.bing.com/videos/search?q=burma&FORM=BVFD

http://video.search.yahoo.com/search/video;_ylt=A0WTefjXNwJMHnMAykaJzbkF?ei=UTF-8&p=myanmar&fr2=tab-img&fr=sfp

http://video.search.yahoo.com/search/video;_ylt=A0SO8Z32NwJMji8A6gL7w8QF;_ylu=X3oDMTBrajU1YjNvBHNlYwNzZWFyY2gEdnRpZANWMTA5?p=burma&fr=sfp&ei=utf-8&fr2=tab-img&n=21&tnr=21&y=Search

http://www.google.com/search?q=myanmar&tbo=p&tbs=vid:1&source=vgc&hl=en&aq=f

http://www.youtube.com/results?search_query=myanmar&aq=f

http://www.youtube.com/results?search_query=burma&aq=f

http://www.youtube.com/results?search_query=yangon&aq=f

ရလဒ်တွေကိုကြည့်ပါ။ ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေကို တစ်ကမ္ဘာလုံးက ခလေးကစပြီး အသက်အရွယ်အားလုံး နားလည်နိုင်ပါတယ်။ ဘယ်မှာလဲ မြန်မာ့ ယဉ်ကျေးမှု၊ ဘယ်မှာလဲ မြန်မာ့ ဓလေ့ထုံးစံ၊ ဘယ်မှာလဲ မြန်မာ့ဘာသာတရား၊ ဘယ်မှာလဲ မြန်မာလူငယ်တွေရဲ့ ထူးချွန်ထပ်မြက်မှု၊ ဘယ်မှာလဲ မြန်မာလူထုရဲ့ ရိုးသားဖြူစင်မှု၊ ချစ်စရာကောင်းတာတွေ ဘယ်ရောက်ကုန်တာလဲ။ မရှိလို့လည်း မဟုတ်ဘူး။ အများကြီးပဲရှိတယ်။ ဘာကြောင့် အထက်မှာပြခဲ့တဲ့ ရလဒ်တွေပဲ ထွက်လာရတာလဲ။ Myanmar (or) Burma လို့ မပြောရဲအောင်၊ စာမရိုက်ရဲအောင် ဘယ်သူတွေလုပ်နေကြတာလဲ။ နိုင်ငံတကာမှာ မျက်နှာမပြရဲအောင်၊ နိုင်ငံတကာရဲ့ သနားစရာအကြည့်နဲ့ အကြည့်ခံရအောင်၊ ရွံရှာ အထင်သေးတဲ့ အကြည့်နဲ့ အကြည့်ခံရအောင် ဘယ်သူတွေလုပ်နေကြတာလဲ။ အဲ့ဒီထဲမှာ ကိုယ်တိုင် ပါနေပြီလားဆိုတာ။ ဒေါ်လာစား အတိုက်အခံတို့ စဉ်းစားကြပါ။ တစ်သက်လုံးပဲ ကိုယ့်ဘဝကြီးကို ဒီလိုနဲ့ပဲ ရေစုံမျှောတော့မှာလား။ သမိုင်းရဲက တရားခံစာရင်းမှာ အပါခံတော့မှာလား။ သေခြာစဉ်စားပါ။ စဉ်းစားခိုင်းတာတွေ များသွားရင် အရိုးရှင်းဆုံး တစ်ခုပဲ စဉ်းစားပါ။ ပိုက်ဆံရဖို့အတွက် ကိုယ့်နိုင်ငံအကြောင်း မကောင်းကြောင်းတွေပဲ ထိုင်ရေးနေတော့မှာလား ?????????

(တရားခံများကို အောက်ဆုံးမှာ လင့်ချိတ်ဖော်ပြထားပါသည်။ မိမိပါနေပါက သံဝေဂရရန်ဖြစ်သည်။ မပါသေးပါက ဆင်ခြင်နိုင်ရန်နှင့် ပါဝင်နေသော အခြား ဘလော့ဂါများကို လမ်းမှန်သို့ရောက်စေရန် ဝိုင်းဝန်းထိန်းသိမ်းရန်ဖြစ်သည်။ မိမိနိုင်ငံ ကို ကမ္ဘာ့နောင်လာ နောက်သား၊ ခု မမွေးသေးတဲ့ လူသားများကပါ အထင်သေးမခံကြရန် မြန်မာနိုင်ငံသား အားလုံးမှာတာဝန်ရှိသည်)



Myanmar Express

ပိတ်မှာလား၊ ဖွင့်မှာလား


ရေနစ်လို့လား၊ ရေငတ်လို့လား... ဘာပဲဖြစ်ဖြစ် တံခါးလေးဖွင့်ပြီး လက်ခံလိုက်ပါ။
ချက်ချင်းဝင်လာပါလိမ့်မယ်။ ကူညီချင်လွန်းလို့ပါ။


သင့်ရဲ့ နောက်ပေါ်လာမယ့် မျိုးဆက်သစ် မြေးမလေးတွေ၊ မြစ်မလေးတွေကို ဘယ်လိုပံစံနဲ့ မြင်ချင်လဲ.. ကြိုက်တာသာရွေးလိုက်



တံခါးဖွင့်ဖွင့်၊ တံခါးပိတ်ပိတ် ဒေါ်လာစား အတိုက်အခံတွေ အတွက်ကတော့ အကုန်ကောင်းတယ်။ တံခါးကြီး ပြိုမကျသွားဖို့ပဲ အရေးကြီးတယ်။ ပြည်တွင်းမှာ ရေနစ်သေသေ၊ ရေငတ်သေသေ ပြည်ပမှာ ဒေါ်လာ ပိုတောင်းလို့ ကောင်းတယ်။


Myanmar Express

ဆွေးနွေးပွဲ ရလဒ်



... အစစ အရာရာ ဘာတစ်ခုမှ မကျန်ပဲ တစ်နေ့တခြား မျှော်လင့်ချက်ကုန် အောင် ဆုတ်ယုတ်နေပေမယ့် စိတ်မပူပါနဲ့ဗျာ... မသေခင်တော့ သမတ္တဖြစ်နိုင်ပါသေးတယ်... ကျွန်တော်တို့လည်း စီးပွားရေး ပိတ်ဆို့မှုတွေ ဒီထက်ပိုပြီး အားသွန်ခွန်စိုက် လုပ်မယ်... နောက်နှစ် ကျွန်တော် ထပ် လာတဲ့အချိန် ဒီလို ကုတင်မျိုးနဲ့ နေရရင် ကံကောင်းပဲ...

ဧရာဝတီ >> ၂၀၁၀ ခုနှစ် မေ လ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ် ကမ်း ဘဲလ်တို့ ယမန်နေ့က အဆောက်အဦး ပြင်ပတွင် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းသည် စစ်အစိုးရက အသံဖမ်းယူမည်ကို စိုးရိမ်သော ကြောင့်ဖြစ်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည် (အလယ်) နှင့် မစ္စတာ ကာ့တ် ကမ်းဘဲလ် (ယာ) တို့ အစိုးရ ဧည့်ဂေဟာ အပြင်ဘက်တွင် ထီးမိုး၍ ဆွေးနွေး နေကြသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - အမေရိကန် သံရုံး/ရန်ကုန်)

ဒေါ်အောင်ဆန်း စုကြည်နှင့် မစ္စတာ ကမ်းဘဲလ်တို့ တနာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေး ရာတွင် အစိုးရက စီစဉ်ပေးသည့် ဧည့်ဂေဟာ ဧည့်ခန်း အတွင်း၌ ၁၅ မိနစ်ခန့်သာ စကားစမြည် ပြောဆို ပြီးနောက် အဓိကကျသော ဆွေးနွေးမှုများကို အပြင်ဘက်တွင် ထီးမိုး၍ ဆက်လက် ဆွေးနွေး ခဲ့ခြင်း ဖြစ်သည်။

VOA >> ၂၀၁၀ ခုနှစ် မေလ ၁၄ ရက်နေ့က မြန်မာစစ်အစိုးရအပေါ် စီးပွားရေးဒဏ်ခတ်ထားတာကို နောက်ထပ် တနှစ်သက်တမ်းတိုးဖို့ သမ္မတအိုဘားမား (Barack Obama) လက်မှတ် ရေးထိုးလိုက်တဲ့အကြောင်း မေလ ၁၄ရက်နေ့စွဲနဲ့ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်...။


အဓိကကျသော ဆွေးနွေးမှုများ = နောက်ထပ် တနှစ်သက်တမ်းတိုးဖို့ = မြန်မာနိုင်ငံ ဆင်းရဲမွဲတေဖို့ ??????? = ပြည်သူတွေ ဒုက္ခရောက်ဖို့ ????????


Myanmar Express

ဒေါ်လာစားတို့၏ မဟာသူရဲကောင်း


၁။ အစိုးရကို ဆန့်ကျင်သူ တစ်ဦးတစ်ယောက်သည် မည်သည့်အကြောင်းကြောင့်ဖြစ်စေ နေ့ချင်း၊ ညချင်း ထောင်ကျခဲ့လျှင် မဟာသူရဲကောင်းဖြစ်၍ ခေါင်းစဉ်မျိုးစုံဖြင့် ဆုတံဆိပ်များစွာ ရရှိသည်။ မည်သည့်မျိုးနွယ်ဖြစ်စေ၊ မည်သည့်အလုပ်တွေ လုပ်ခဲ့သည်ဖြစ်စေ အရေးမကြီး။ ထိုသူ၏ ဂုဏ်ပုဒ်ကို ဒေါ်လာစား အတိုက်အခံဘလော့အားလုံးက ဘုမသိ၊ ဘမသိ ချီးကျူး ထောပနာ ပြု ရေးသား ဖော်ပြကြသည်။

၂။ မည်သည့်အနုပညာရှင်မဆို ပြောချင်တာ ပြောပြီး ပြည်ပသို့ ထွက်ပြေးခိုလုံလျှင်၊ လုပ်ချင်တာ လုပ်ပြီး ထောင်ကျခဲ့လျှင်၊ အဖွဲ့အစည်းတစ်ခုထောင်ပြီး ပြည်သူများ အလှူငွေဖြင့် ကမကထ လုပ်ခဲ့လျှင် နေ့ချင်း ညချင်း မဟာ သူရဲကောင်းဖြစ်သည်။ ထိုသူတို့ ပြောသည့် စကားအားလုံးကို ချောင်းဆိုးသံ၊ နှာချေသံမှစပြီး ဒေါ်လာစား အတိုက်အခံ ဘလော့ဂါ များက တစ်ခုချင်း အကျယ်တဝင့် ထုတ်ဖော်ရေးသားကြသည်။ ယခင်က မည်သို့နေခဲ့သည်၊ မည်သည့် လုပ်ငန်းတွေ လုပ်ခဲ့သည် များကို မလေ့လာကြ၊ လေ့လာရမှန်းလည်းမသိကြ။

၃။ မည်သူမဆို၊ သူခိုးဖြစ်စေ၊ ဓါးပြဖြစ်စေ၊ အသိပညာ အတက်ပညာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ယခု လက်ပေါ်ထွက်၊ လက်ထောင်ပြီး "ကျွန်တော့်မှာ၊ ကျွန်မမှာ ဘာတွေမရှိပါဘူး၊ ဘာတွေကုန်နေပါပြီ" (၃) ကြိမ်တိတိ အော်ပါက နေ့ချင်း၊ ညချင်း မဟာ သူရဲကောင်းဖြစ်ပြီး၊ ခေါင်းစဉ်အမျိုးမျိုးနှင့် ဆုတံဆိပ်များစွာရရှိကာ၊ ဒေါ်လာစားအတိုက်အခံ ဘလော့များ၏ site bar တွင် ချက်ချင်းဓာတ်ပုံနှင့် နာမည်များ ရောက်သွားမည်။ ယခင်က ထိုသူ ဘာတွေလုပ်ခဲ့သည် မလုပ်ခဲ့သည်မသိ နောက်နောက်တွင် ဘာအစီအစဉ်တွေ ရှိသည် မသိသော်လည်း လမ်းထွက်အော်သည့် ကိစ္စတစ်ခုဖြင့် ကြည်ညို ကိုးကွယ်ကြလိမ့်မည်။

၎။ ဟိန္ဒူ တို့က လုပ်ချင်တဲ့ အပြစ်လုပ်ပြီး ဂင်္ဂါမြစ်တွင်း ကိုယ်လုံးတီးဖြင့် ရေချိုးကာ အပြစ်ဆေးကြောကြ၏။ ခရစ်ယန် တို့က လုပ်ချင်တဲ့ အပြစ်လုပ်ပြီး ဘုရားကျောင်းမှ ဖာသာထံသို့သွားရောက်ပြီး အပြစ်ဝန်ခံကာ အပြစ်ကို ဖယ်ရှားပြီး လူကောင်းပြန်လုပ်ကြ၏။ ဗုဒ္ဓဘာသာတို့က လုပ်ချင်တဲ့ အပြစ်လုပ်ပြီးပါက ပင်နီတိုက်ပုံ ဝတ်၍ အပြစ်ဆေးကြောကာ လူကောင်းလုပ်ကြ၏။ ထိုသူများကို ဒေါ်လာစားတို့က အကျယ်တဝင့် ရေးသားဖော်ပြကြ၏။

၅။ နိုင်ငံခြား ရောက်လာပြီး ပညာလည်းပြစရာမရှိ၊ အလုပ်လည်း မယ်မယ်ရရမလုပ်တတ်၊ ငွေကြေးကလည်း ချို့တဲ့သူများ ဘလော့တစ်ခုထောင်ပြီး ကမ္ဘာဦးအစမှစပြီး နာမည်ကြီးခဲ့သည့် ပုဂ္ဂိုလ်များဓာတ်ပုံ၊ ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ဒေါ်အောင်ဆန်းစုကြည် ပုံ တင်ကာ နေ့စဉ်နှင့်အမျှ စိတ်ပျက်စရာ ကောင်းသည့် မိမိနိုင်ငံ ဓာတ်ပုံများကိုမှ ရှာတင်ပြီး၊ စုတ်ပျက်သပ်နေသည့်အကြောင်းများရေးပါက နေ့ချင်းညချင်း ကိုယ့်လိုလူများက ကြိုဆိုကြ၏။ အားပေးကြ၏

၆။ ရှေးဘဝ အဆက်ဆက်က မကောင်းမှုများ စဉ်ဆက်မပျက် လုပ်ခဲ့ခြင်းကြောင့် ယခု ဘဝ တွင် နေ့စဉ်နှင့်အမျှ မိုးလင်းတာနှင့် ဆိုးဝါး ဆုတ်ပျက်သက်သော စာမျက်နှာတွေ၊ အတင်းတွေ၊ ရန်လိုမှုတွေ စသည့် အ ကုသိုလ်အမှုများဖြင့် တန်ဖိုးရှိသော အချိန်များစွာ ကုန်ဆုံးနေကြရ၏။ မုသားများကို နေ့စဉ် ကျူးလွန်နေကြ၏။ ရန်လိုသည့် ပိုစ့်တစ်ခု တင်လိုက်၊ ရန်လိုသည့် ကွန်းမန့်တွေ လိုက်ပေးလိုက်၊ စီဘောက်စ်တွေမှာ ရန်ဖြစ်လိုက်နှင့် အချိန်ပြည့် ရန်လို ပူလောင်နေကြ၏။ ထိုသူများမှာ အခြားမဟုတ် ဒေါ်လာစား အတိုက်အခံ အတင်းသမားများနှင့် ဘလော့ဂါများသာ ဖြစ်ပါသည်။

အောက်ဆုံးမှာ ဒေါ်လာစား တို့ လင့်တွေကို မြည်မာနိုင်လိုက်ကြည့်လိုက်ပါ။ မြန်မာနိုင်ငံကောင်းကြောင်း၊ သာယာလှပကြောင်း၊ စသည့် အချက်များ တစ်ချက်မှ မရှိသလို မြန်မာ့ယဉ်ကျေးမှု အကြောင်း တစ်ခုမှ ရေးမထားသလို ထိုစာမျက်နှာများကို မြန်မာနိုင်ငံကို မရောက်ဖူးသော တစ်ဦးတစ်ယောက်က၊ ဓာတ်ပုံများ၊ ဗွီဒီယိုဖိုင်များနှင့် စာအချို့ကို ဖတ်ကြည့်ပါက မြန်မာနိုင်ငံ ကို ယဉ်ကျေးမှု မရှိသော ရိုင်းစိုင်း ဆုတ်ပျက်သောနိုင်ငံအဖြစ် သက်မှတ်ကြပေမည်။ သို့ဖြစ်ပါ၍ နိုင်ငံခြားရောက် မြန်မာများလည်း အထင်သေးခံရပေသည်။ စဉ်းစားသင့်ပါသည်။ အရင်ကတည်းက အထင်မကြီးဖြစ်နေကြသည့်အထဲ မိမိကြောင့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို အထင်မကြီး စေလျှင်နေပါ။ မိမိကြောင့် အထင် ထပ်အသေး မခံရအောင် ကြိုးစားနေထိုင်ကြဖို့ ဒေါ်လာစားများကို အကြံပေးလိုပါ၏။ Google မှာ Myanmar (သို့) Burma (သို့) Yangon ... စသည်ဖြင့် ရိုက်ကြည့်လိုက်ပါ။ ထွက်လာတဲ့ ပုံတွေကို ကြည့်ကြည့်ပါ။ စုတ်ပျက်သက်နေတဲ့ ပုံတွေအားလုံးက ဒေါ်လာစားတို့ အဖွဲ့တွေချည်း က ဖော်ပြနေကြတာပါပဲ။ စားဝတ်နေရးအရ အတင်းတွေ ဆက်ရေးချင်ရေးပါ၊ ဟိုကူး ဒီကူးတွေ ကူးချင်ကူးပါ။ အ ကုသိုလ်အလုပ်တွေ ဆက်လုပ်ချင်လုပ်ပါ။ သို့သော် ဓတ်ပုံတင်ခြင်းများကို ဆင်ခြင်ကြပါ။ အကောင်းနှင့် အဆိုးဆိုသည်မှာ အမြဲ ဒွန်တွဲနေသောကြောင့် အဆိုးတွေချည်း မရေးပဲ မမြင်ချင်ဟန်ဆောင်ထားသည့် အကောင်းများကို ပါ မျှမျှတတ တင်နိုင်အောင် ကြိုးစားကြပါ။ ဒေါ်လာစား ဘလော့ဂါ အချင်းချင်း ဝိုင်းဝန်းထိန်းသိမ်းကြပါ။ လွတ်လပ်စွာ ဝေဖန်ပြောဆိုမှုကို လက်ခံကြပါ။ ပိတ်တာတွေ၊ ဘန်းတာတွေ၊ ဖျက်တာတွေ၊ တင်မပေးတာတွေကို ဆင်ခြင်ကြပါ။ (အချို့ ဘလော့တွေကိုသာ ပြောခြင်းဖြစ်ပါသည်။)



Myanmar Express

ပြောပြီးရင်လည်း ထပ်ပြော နေရတာပါဘဲ

အမေရိကန်သုံး ဘန်းစကားတွေထဲမှာ မကြာခဏတွေ့ရတတ်တဲ့ Manimal (Man+animal) ဆိုတဲ့ စကားလုံးကို လူတိရစ္ဆာန်လို့ ဘာသာပြန်ပြီး မကြာခဏရေးခဲ့ဖူးတယ်။ ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်နေလို့ လူလို့ခေါ်နေကြရပေမယ့် စိတ်ဓာတ် နဲ့အကျင့်စရိုက်က တိရစ္ဆာန်အရိုင်းအစိုင်းနဲ့ ချွတ်စွပ်တူနေတဲ့ လူမျိုးတွေကို လူလို့မခေါ်ထိုက်ကြောင်း ရေးတာဖြစ်ပါတယ်။

နဖူးလက်တင်စဉ်းစားဖို့မလို

တချို့က လူပဲဒါလောက်တော့ မဆိုးနိုင်ပါဘူးလို့ ပြောတတ်တယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ သိပ်ထွန်းကားတဲ့ အဆင့်မျိုးကိုမရောက်သေးတာတစ်ကြောင်း၊ ဗြဟ္မစိုရ်တရားလေးပါးကို အလေးထားတဲ့ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းမှာ နေထိုင်ခြင်းပြုရတာက တစ်ကြောင်းကြောင့် သူ့ပတ်ဝန်းကျင်မှာ တိရစ္ဆာန်အကျင့်စရိုက်နဲ့ ပြုမူကျင့်ကြံတာတွေရှိသိပ်ပြီး မမြင်မတွေ့ရလို့ လူပဲဒါလောက်တော့ မဆိုးနိုင်ပါဘူးလို့ ပြောတာဖြစ်တယ်။ နဖူးပေါ်လက်တင်ပြီး စဉ်းစားစရာတောင် မလိုပါဘူး။ သတင်းစာတစ် စောင် ကောက်လှန်ကြည့်လိုက်တာနဲ့တင် ကမ္ဘာတစ်ခုလုံးမှာ လူသားတွေ ဘယ်လောက်ထိ ကမ်းကုန်အောင် ရက်စက်ကြမ်းကြုတ်ကုန်ကြပြီလဲ ဆိုတာတွေ မမြင်ချင်အဆုံးတွေ့ရမှာ ဖြစ်ပါတယ်။

ကလောင်ရှက်လို့ မရေးဝံ့

ခရီးသည်အပြည့်ပါတဲ့ လေယာဉ်ကြီးတွေ အပိုင်စီးပြီး လူတွေသောင်းချီရှိနေတဲ့ မိုးမျှော်တိုက်ကြီးနှစ်လုံးကို ၀င်ဆောင့်တဲ့ ရက်စက်ကြမ်းကြုတ်မှုမျိုး ဘယ်တုန်းက ကြားဖူးခဲ့လို့လဲ။ လူမပါတဲ့ လေယာဉ်ပေါ်ကနေပြီး မူလတန်းကျောင်းလေးပေါ်ကျကျ၊ ဆေးရုံပေါ်ကျကျ၊ ကျချင်တဲ့နေရာကျ၊ မကောင်းသူထိပ် ကောင်းသူထိပ်ပဲဆိုပြီး ဗုံးကြဲချတာမျိုးရော ဘယ်အခါကမှ ကြုံဖူးလို့လဲ။ လူတစ်ယောက်က စိတ်ရူးထပြီး မောင်းပြန်သေနတ်ကြီးနဲ့ မူကြိုကျောင်းကလေးထဲဝင်ပြီး ဒလကြမ်းမွှေ့ယမ်းတာမျိုးကော ဘယ်ခေတ်ကကြားဖူးလို့လဲ။ ကလောင်ရှက်လို့ မရေးဝံ့တဲ့ ယုတ်မာမှုတွေ အများကြီးရှိသေးတယ်။ အားလုံးတွေ့နေ ဖတ်နေကြမှာပါ။


ကိုယ့်အနီးနားပတ်ဝန်းကျင်က လူတွေကြားမှာ စာနာစိတ်ဆိုတာလေးကို မမေ့မလျော့ ရှိနေစေဖို့တော့ အခါခပ်သိမ်း ဟောနေပြောနေရမှာပဲ . . .

ပိန်မသာ လိန်မသာ

အနောက်နိုင်ငံတွေမှာသာ လူတွေရိုင်းကုန်ကြတာမထင်နဲ့ ကိုယ့်အနားပတ်ဝန်းကျင်မှာလည်း ရိုင်းကုန်တာပါပဲ။ စိတ်ဓာတ်နဲ့ စာရိတ္တပိုင်းမှာတော့ ပိန်မသာလိန်မသာလို့ ပြောရင်တောင် ရနိုင်လောက်တယ် ထင်မိတယ်။ ကြည့်လေ။ အလှူ မင်္ဂလာပွဲနေပွဲထိုင်လို လူတောကြီးထဲကို ရင်ဗလာကျောဗလာနဲ့ ရင်ရှားဂါဝန်ကြီးဝတ်လာတာမျိုး ဘယ်အခါက မြန်မာမိန်းကလေးတွေ လုပ်ရဲကြလို့လဲ။ ကျွန်တော်တို့ ကောလိပ်ကျောင်းသားခေတ် ကျောင်းသူတွေဟာ ထမီကို နှစ်ထပ်ဝတ်ကြတာပါ။ အောက်က ပိတ်လုံချည်ရဲ့ ဇာနားကလေးကို အပေါ်လုံချည်ရဲ့အနားမှာ ညီညီညာညာပေါ်နေအောင် ဂရုစိုက်ဝတ်ကြပါတယ်။ အခုခေတ်တော့ နဂိုကပါးနေပြီးသားလုံချည်စကို စကတ်ထမီချုပ်ဝတ်လိုက်တော့ ဖန်ပေါင်းချောင်ထဲ ရွှေငါးလွှတ်ထားသလို ဖြစ်နေပါတော့တယ်။


မြင်ပါများတော့ ရိုးနေပြီ

မြင်မကောင်း ရှုမကောင်းအောင် တိုတိုနေတဲ့ စကတ်တိုဘောင်းဘီတိုတွေနဲ့ လမ်းသလားနေတဲ့ မြင်ကွင်းတွေကတော့ မြင်ပါများလို့ ရိုးသလောက်ဖြစ်နေပါပြီ။ ဇာတ်စင်ပေါ်မှာကနေတဲ့ ဇာတ်မင်းသားကို ပွဲကြည့်ပရိသတ်မိန်းကလေးက စင် ပေါ်တက်ပန်းကုံးစွပ်ရင်းဖက်နမ်းတဲ့ မြင်ကွင်းမျိုးကလည်း အဆန်းမဟုတ်တော့ဘူး။ မြန်မာယဉ်ကျေးမှုက အရွယ်ရောက်နေတဲ့ သမီးကအမေကို ဖက်နမ်းနှုတ်ဆက်တယ်ဆိုတာ မျိုးတောင်လုပ်လေ့ရှိတာမျိုး မဟုတ်ပါဘူး။ အခုတော့ အကယ်ဒမီပွဲတွေ မှာ နမ်းလိုက်ကြတာ မျက်စိကိုနောက်နေတာပါပဲ။ နောက်ပြီးရှိသေးတယ်။ အပျိုအရွယ်မိန်းကလေးတွေက ကျွန်မရည်းစားက ဘယ်သူ ဘယ်ဝါပါဆိုပြီး ဂျာနယ်တွေထဲမှာ ထုတ်ဖော်ပြောကြားတာမျိုး။ နောင်မယူဖြစ်တဲ့အခါကျတော့ နာမည်ဆိုး ကြီးဖြစ်ကျန်ရစ်ရော။


ကမ်းကုန်နေပြီ

အနောက်နိုင်ငံတွေမှာဆိုရင်လည်း လက်မထပ်ဘဲအတူနေပြီး ကလေးမွေးကြတာတွေဟာ လုပ်ရိုးလုပ်စဉ်တစ်ခုလိုလိုဖြစ်နေပြီ။ တချို့ကတော့ ကလေးမွေးပြီး သုံးနှစ်လေးနှစ်ကြာမှာ လက်ထပ်ကြတယ်။ တချို့ကတော့ လေးငါးခြောက်နှစ် အတူနေပြီးမှ နှစ်ဦးသဘောတူ လမ်းခွဲကြတယ်။ အတွဲအသစ်ကိုယ်စီနဲ့ အတူနေကြပြန်တယ်။ စာစောင်တွေကလည်း အတူနေအဖော်လို့ (companion partner)ရေးကြတယ်။ ချုပ်ပြီးပြောရရင် ကမ္ဘာတစ်ခုလုံးမှာ လူသားတွေဟာ ရှက်ခြင်းကြောက်ခြင်းဆိုတဲ့ ဟီရိသြတပ္ပတရား ကင်းမဲ့ကုန်ကြရုံမက ရက်စက်ကြမ်းကြုတ်တဲ့ နေရာမှာလည်း ကမ်းကုန်နေပြီလို့ ပြောရတော့မှာဖြစ်တယ်။ သင်္ကြန်ရေကစားနေတဲ့ လူတွေကြား ဗုံးခွဲတယ်ဆိုတဲ့လုပ်ရပ်ကို သာကြည့်ပါတော့။


ငွေကခြယ်လှယ်

လူသားတွေ အရှက်အကြောက်ကင်းမဲ့ပြီး ရိုင်းသထက်ရိုင်းလာရတဲ့ အဓိကအကြောင်းအရင်းကတော့ နေရာတကာမှာ ငွေကခြယ်လှယ်တဲ့ နေရာကိုရောက်လာတဲ့အတွက်ကြောင့် ဖြစ်တယ်ထင်ပါတယ်။ ဒီခေတ်မှာ ငွေမရှိရင် လူရာမ၀င်တော့ဘူး။ ငွေရှိရင်တော့ ဘာမဆိုအကုန်ဖြစ်တယ်။ အဲဒီတော့ ဘယ်နည်းနဲ့ရရ ငွေရဖို့အဓိကဖြစ်လာတယ်။ ''ကြောင်ဖြူတာမည်းတာ အရေးမကြီးဘူး။ ကြွက်မိဖို့သာလိုရင်းပဲ'' ဆိုတဲ့ အဘိဓမ္မာက နေရာတိုင်းလွှမ်းမိုးလာတယ်။ ငွေရဖို့အတွက် လူတွေဟာ ဘနဖူးကိုတောင် သိုက်တူးဖို့ ၀န်မလေးကြတော့ဘူး။ မူဝါဒ'Principle' တို့ ဂုဏ်သိက္ခာ 'Dignity'၊ 'Honour' တို့ဆိုတာတွေကို ထည့်စဉ်းစားမနေတော့ဘူး။ စဉ်းစားတဲ့ လူဆိုရင်လူမိုက်ပဲ။ လူ့တန်ဖိုးဆိုတာငွေပဲ ဂုဏ်သိက္ခာမဟုတ်ဘူး။


ဘာကြောင့်အကျင့်ပျက်တာလဲ

ငွေကြောင့်သာမဟုတ်ရင် လူတွေဒီလောက်ပျက်စီးစရာအကြောင်း မရှိပါဘူး။ ယိုးဒယားကသက်ဆင် အာဏာကို ခုထိတန်းတန်းစွဲဖြစ်နေတာ ငွေကြောင့်ပဲ။ ချမ်းသာသထက် ပိုချမ်းသာချင်တဲ့ လောဘကြောင့်ပဲ။ လောကမှာ ဘယ်သူမှ အကျင့်ပျက် ခြစားသူလို့ အခေါ်ခံချင်မယ် မထင်ပါဘူး။ ငွေကြောင့်သာ သိသိကြီးနဲ့ကျူးလွန်နေကြတာဖြစ်မှာပါ။ ဘယ်မိန်းကလေးမှ မလုံတလုံဝတ်ပြီး ဓာတ်ပုံရိုက်ပိုက်ဆံရှာချင်မယ်လို့ မထင်ပါဘူး။ ငွေရဖို့အတွက် လုပ်ရတာဖြစ်မှာပါ။ ပျော်လို့ အနှိပ်ခန်းမှာ အလုပ်လုပ်တယ်ဆိုတဲ့ မိန်းကလေးမျိုးလည်း ရှိမယ်မဟုတ်ပါဘူး။ ငွေကြောင့်ပါပဲ။


မကောင်းတာလုပ်မှ ကောင်းတာဖြစ်

အနောက်နိုင်ငံတွေမှာလည်း လူတွေရိုင်းသထက်ရိုင်းလာကြတာတွေကို သိပါတယ်။ သမ္မတရေဂန် လက်ထက်ကဆိုရင် ကျောင်းတွေမှာ ဘာသာရေးသင်ခန်းစာတွေ ထည့်သွင်းသင်ကြားဖို့တောင် ကြံစည်ခဲ့ပါသေးတယ်။ ကန့်ကွက်သူများလို့သာ အကောင်အထည် မဖော်ခဲ့တာပါ။ အကောင်အထည်ပေါ်ခဲ့ရင်လည်း အရာရောက်မယ် မထင်ပါဘူး။ ဒီခေတ်လူတွေရဲ့ ပညာတတ်မြောက်မှုနှုန်း မြင့်ပါတယ်။ အဲဒီတော့ မကောင်းမှုကို မကောင်းမှုမှန်းသိပါ တယ်။ မသိလို့ ပြုမူနေကြတာမဟုတ်ပါဘူး။ ကောင်းတာကိုလုပ်ချင်ပေမယ့် ကောင်းတာလုပ်လို့ ကောင်းတာတွေဖြစ်မလာဘဲ။ မကောင်းတာလုပ်မှ ကောင်းတာတွေဖြစ်လာတဲ့ ခေတ်ကြီးကြောင့် ကောင်းတာတွေမလုပ်နိုင်အောင် ဖြစ်နေကြရတာလို့ပဲ စာနာစိတ်နဲ့ တွေးမိပါတယ်။


လက်နက်ကောင်း

လူ့တန်ဖိုးကို ငွေနဲ့တိုင်းတာနေသမျှ ကာလပတ်လုံးတော့ ကမ္ဘာကြီးတစ်ခုလုံး ဒီလိုပဲ ပစ္စန္တရာဇ်အရပ်သဖွယ် ဖြစ်နေဦးမှာပါပဲ။ ကျွန်တော်တို့ လုပ်နိုင်တာကတော့ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်လူ့အဖွဲ့အစည်းမှာ ငွေနဲ့ခြယ်လှယ်တဲ့ လုပ်ရပ်မျိုးတွေ များသထက်များမလာအောင် တတ်စွမ်းသလောက် ကာကွယ်တားဆီးတာပဲဖြစ်ပါတယ်။ ကာကွယ်တားဆီးဖို့အတွက် ကျွန်တော်တို့ လက်နက်ကောင်းတစ်ခုရှိပါတယ်။ ငွေရဲ့ အရှိန်အ၀ါတန်ခိုးသြဇာအောက်မှာ မှေးမှန်နေတာကို ပွတ်သပ်အရောင် တင်ပြီး ထုတ်ယူသုံးစွဲနိုင်ပါတယ်။ အဲဒါကတော့ 'စာနာစိတ်'ပါ။ ဘာသာတရားတိုင်းက ကိုယ်ချင်းစာစိတ်ထားဖို့ ဆုံးမကြပါတယ်။ ငွေက ဖျက်ဆီးလို့ ပျက်စီးသွားခဲ့ရတာပါ။ ဒါကို မွမ်းမံပြင်ဆင်ပြီး သုံးကြရမှာ ဖြစ်ပါတယ်။


မိုးကြိုးပစ်တာ ထန်းလက်ကာ

စာနာစိတ်ဆိုတာ ကိုယ်ကစပြီးကျင့်သုံးရမှာပါ။ သူတစ်ပါးကို နိုင်ထက်စီးနင်းပြုဖို့ဖြစ်လာရင် (ဥပမာ) လူတစ်ယောက်ကို ထိုးကြိတ်ရိုက်နှက်ဖို့ ဖြစ်လာရင် သူသာငါ့မိငါ့ဖိ၊ ငါ့ညီအစ်ကိုမောင်နှမ ငါ့သားငါ့သမီးဖြစ်ရင် ဘယ်လိုလုပ်မလဲလို့ တွေးကြည့်ဖို့။ လူတစ်ယောက်ရဲ့ စည်းစိမ်ချမ်းသာကို ပျက်စီးအောင်လုပ်ဖို့ ကြုံကြိုက်လာရင် သူသာ ငါ့ညီ၊ ငါ့ဖ၊ ငါ့ညီအစ်ကိုမောင်နှမ၊ ငါ့သားငါ့သမီးဖြစ်ရင် ဘယ်လိုလုပ်မလဲလို့ တွေးကြည့်ဖို့ပါ။ ဒီလို ကိုယ်ချင်းစာစိတ်နဲ့ အရာရာကို စဉ်းစားမယ်ဆိုရင် အရိုင်းစိတ်တွေ လျော့ပါးတန်သလောက် လျော့ပါးနိုင်ပါတယ်။ မိုးကြိုးပစ်တာ ကိုထန်းလက်နဲ့ကာသလိုတော့ ဖြစ်ပါတယ်။ အရာရာကိုငွေကခြယ်လှယ်တဲ့ စနစ်ကြီးရှိနေသမျှတော့ လူတွေကိုမရိုင်းအောင် လုပ်လို့မရနိုင်ပါဘူး။ ဒါပေမယ့် ဒီအတိုင်းဘာ မှမလုပ်ဘဲလက်ပိုက် ကြည့်နေလို့ လည်းမဖြစ်ပါဘူး။ ကိုယ့်အနီးနားပတ်ဝန်းကျင်က လူတွေကြားမှာ စာနာစိတ်ဆိုတာလေးကို မမေ့မလျော့ ရှိနေစေဖို့တော့ အခါခပ်သိမ်း ဟောနေပြောနေရမှာပဲဖြစ်ပါတယ်။


လူထုစိန်ဝင်း