Subscribe to our RSS Feed

နိုင်ငံ၏အမည်ကိုပြောင်းလဲနိုင်ရန် မက္ကစီကိုသမ္မတကြိုးပမ်းနေ

From : messenger 

မက္ကစီကိုသမ္မတ ဖိလစ် ကောဒရွန်သည် မက္ကစီကိုနိုင်ငံ၏အမည်ကိုပြောင်းလဲရန်ကြိုးပမ်းနေကြောင်း သိရသည်။
မက္ကစီကိုပြည်ထောင်စုဆိုသည့်အမည်ကိုစပိန်ထံမှလွတ်လပ်ရေးရရှိပြီး
နောက် ၁၈၂၄ခုနှစ်တွင် စတင်အတည်ပြုခဲ့သော်လည်း မက္ကစီကိုအစိုးရမှတ်တမ်းများ၊ငွေကြေးစသည်တို့တွင် ၄င်းအမည်ကို သုံးစွဲလေ့သိပ်မရှိခဲ့ကြောင်း သိရသည်။
မက္ကစီကိုပြည်ထောင်စုဆိုသည့်အမည်သည်အမေရိကန်ပြည်ထောင်စု၏အမည်နှင့်နီးစပ်နေသဖြင့် မက္ကစီကိုဟု ရိုးရှင်းစွာခေါ်လိုကြောင်း သမ္မတဖိလစ် ကောဒရွန်က ကြာသပတေးနေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ရှင်းလင်းပြောဆိုခဲ့သည်။ ကောဒရွန်သည် ၄င်းလွှတ်တော်အမတ်အဖြစ်တာဝန်ထမ်းဆောင်စဉ် ၂၀၀၃ခုနှစ်တွင် နိုင်ငံအမည်ပြောင်းလဲရန်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိခဲ့ချေ။ ထို့ပြင် ကောဒရွန်၏အဆိုပြုချက်ကို လွှတ်တော်နှစ်ရပ်စလုံးနှင့် ပြည်နယ် ၃၁ခုက အတည်ပြုပေးရန်ကျန်ရှိသေးသည်။ သို့သော် ကောဒရွန်သည် ဒီဇင်ဘာ ၁ရက်တွင် ရာထူးမှအနားယူရမည်ဖြစ်သဖြင့် ၄င်း၏အဆိုပြုချက်အရ မက္ကစီကိုသည် အမေရိကန်ပြည်ထောင်စုကိုမှီခိုရန်မလိုသည်ကို အခြားတစ်နည်းဖြင့်ပြောဆိုခြင်းဖြစ်နိုင်ကြောင်း လေ့လာသူများကသုံးသပ်သည်။ ၄င်းအဆိုပြုချက်သည် လုပ်ပိုင်ခွင့်သိပ်မရှိသည့် သမ္မတတစ်ဦး၏နောက်ဆုံးကြိုးပမ်းချက်အဖြစ် လူမှုကွန်ရက်များတွင် ဝေဖန်မှုများရှိနေကြောင်း သိရသည်။
“ နာမည်ပြောင်းလဲရုံနဲ့အခြားပြုပြင်ပြောင်းလဲမှုတွေလုပ်ရမယ်လို့ဆိုလိုတာမဟုတ်ပါဘူးဗျာ၊ မက္ကစီကို ဟာ အခြားနိုင်ငံတစ်ခုရဲ့အမည်နဲ့ဆင်တူနေတဲ့အမည်တစ်ခုကိုဆက်လက်အသုံးပြုဖို့မသင့်ဘူးလေ နောက်ပြီး အခုနာမည်ကိုလည်း နိုင်ငံသားတွေကနေ့စဉ်ပြောဆိုသုံးစွဲနေကြတာမဟုတ်ပါဘူး”ဟု ကောဒရွန်ကပြောသည်။
အမေရိကန်ပြည်ထောင်စုသည် မက္ကစီကိုယဉ်ကျေးမှုအား များစွာလွှမ်းမိုးထားပြီး မက္ကစီကိုနိုင်ငံသားများသည် အမေရိကန်အားကစားအဖွဲ့များကိုအတုယူခြင်း၊ အမေရိကန်ရုပ်သံအစီအစဉ်များကိုစောင့်ကြည့်ခြင်းနှင့် အမေရိကန်ထုတ်ကုန်ပစ္စည်းများကိုဝယ်ယူခြင်းတို့ကိုလုပ်ဆောင်လေ့ရှိသည်။ သို့သော် မက္ကစီကိုနိုင်ငံအားအထင်လည်းသေးသလို လျစ်လျူလည်းရှုထားသည့် အမေရိကန်ပြည်ထောင်စုအား မက္ကစီကိုနိုင်ငံသားများက မုန်းတီးနေကြကြောင်း သိရသည်။
မက္ကစီကိုရှိ မူးယစ်ဂိုဏ်းများကို အစိုးရနှိမ်နင်းနေခဲ့သည်မှာ ခြောက်နှစ်ခန့်ကြာခဲ့ပြီဖြစ်ပြီး ယင်းကြောင့် အကြမ်းဖက်တိုက်ခိုက်မှုများရှိခဲ့သဖြင့် မက္ကစီကို၏နိုင်ငံခြားခရီးသွားလုပ်ငန်းကိုထိခိုက်ခဲ့သောကြောင့် ယခုကဲ့သို့အမည်ပြောင်းလဲခြင်းဖြင့်အစပြုကာ မက္ကစီကိုအား နိုင်ငံတကာ၏အမြင်ပြောင်းလဲသွားစေရန် ကောဒရွန်ကလုပ်ဆောင်နေခြင်းဖြစ်သည်။
Source:AP


Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်