Subscribe to our RSS Feed

နှလုံးအတွင်း စက်ထည့်ထားရသော်လည်း ကျန်းမာရေးကောင်းမွန်ကြောင်း သမ္မတဦးသိန်းစိန် ပြောကြား

From : 7day

နှလုံးခုန်နှုန်း နှေးနေခြင်းကြောင့် စက်ထည့်ထားရသည့် နိုင်ငံတော်သမ္မတဦးသိန်းစိန်က လက်ရှိ ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ကျန်းမာရေး အခြေအနေမှာ ထိန်းညှိစက်အပေါ် မူတည်ကြောင်း မီဒီယာများသို့ပြောကြားသည်။

သာမန်လူတစ်ဦး၏ နှလုံးခုန်နှုန်းထက် နှေးနေခြင်းကြောင့် စက်ထည့်ထားရခြင်းဖြစ်ကာ သမ္မတ၏နှလုံးခုန်နှုန်းမှာ ၆၄၊ ၆၅ ကြား တွင်ရှိပြီး သာမန်လူတစ်ဦး၏ နှလုံးခုန်နှုန်းမှာ ၇၀ အထက်ရှိကြောင်း ရှင်းပြသည်။ “ပြည်သူတွေ တာဝန်ပေးတဲ့ သက်တမ်းတစ်လျှောက်မှာ ကျန်းမာရေးကို သတိထားပါတယ်။ ကြိုးစား ပမ်းစားနဲ့ လုပ်သွားနိုင်လိမ့် မယ်လို့ ယုံကြည်ပါတယ်”ဟု သမ္မတက ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်အပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခါနီး နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ပြည်တွင်းသတင်းထောက်များနှင့် တွေ့ဆုံစဉ် သမ္မတက ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတက်ရောက် နေစဉ်အတွင်း မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးလာရောက်သည့် အမေရိကန်သမ္မတအိုဘားမားနှင့် တွေ့ဆုံရန်လည်း မြန်မာနိုင်ငံ
သို့ တစ်ညအိပ်ပြန်တွေ့ပြီး ဖနွမ်းပင်သို့ တစ်ကြိမ် ပြန်လာကာ အစည်းအဝေးများ ဆက်လျက်နေသော သမ္မတဦးသိန်းစိန်က ပြန်ခါနီးတွင်ပင် ပင်ပန်းပုံမရဘဲ မီဒီယာများနှင့်တွေ့ဆုံစဉ် သူ့ ကျန်းမာရေးအခြေအနေကို ရယ်ရယ်မောမော ဖြေကြားသွားခဲ့သည်။

“ကျန်းမာရေးကတော့ နှလုံးခုန်နှုန်းနှေးတာပါ။ ပင်ကိုကကို နှလုံးခုန်နှုန်းနှေးတာကြောင့် နှလုံးခုန်နှုန်းနှေးတာကို ကာကွယ်ပေးတဲ့အနေနဲ့ ဒီစက်ထည့် လိုက်တာ။ ၆၀ အောက်မကျအောင် သူကထိန်းပေးထားတယ်။ စက်ထည့်ထားတာ သက်တမ်းကြာလာတဲ့အတွက် အသစ်လဲပေးထားတယ်”ဟု သမ္မတက ဆိုသည်။

“အခုထည့်ထားတဲ့ စက်က ပိုပြီးနေလို့ထိုင်လို့ကောင်းတယ်။ ဒီစက်ကောင်းနေသမျှတော့ ကျွန်တော်ဘာမှမဖြစ်ဘူး”ဟု သမ္မတ ကဆက်ပြောပြသည်။ ယခု အသက် ၆၇ နှစ်ရှိပြီဖြစ်သော သမ္မတဦးသိန်းစိန်သည် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်မှာ နှစ်နှစ်နီးပါးရှိပြီဖြစ်သည်။

လက်ရှိ နှလုံးထိန်းညှိစက်၏ ခုန်နှုန်းမြန်လာပါက ခြေလက်များ မကိုင်ချင်မပြုချင် ဖြစ်လေ့ရှိပြီး ယင်းနှလုံးခုန်နှုန်းကို ပြန်ထိန်းရန် ဆေးသောက်ရကြောင်း ၎င်းက အသေးစိတ်ရှင်းပြသည်။ “အဲဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးက မျက်လုံးပြူးပြူးလာတယ်။ ကျွန်တော့်မျက်လုံးမပြူးသေးဘူးလို့ ကျွန်တော်ထင်တယ်” ဟု သမ္မတက ရယ်ရွှန်းဖွဲ့ပြောဆိုသည်။

သမ္မတက ၂၀၁၅ တွင် ကျန်းမာရေးအရ ထပ်မံရွေးချယ်ခံတော့မည်မဟုတ်ကြောင်း Channel News Asia သတင်းဌာနနှင့် တွေ့ဆုံစဉ်က ဖြေကြားခဲ့ပြီး ၎င်း၏ အမေရိကန်ခရီးစဉ်အတွင်းကမူ ပြည်သူများလိုလားပါက နိုင်ငံတော်အတွက် လိုအပ်ပါက နောက်သက်တမ်းတွင် ၀င်ရောက်အရွေးချယ်ခံရန် စဉ်းစားမည်ဖြစ်ကြောင်း ပြောကြားထားသည်။ သမ္မတကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက “သမ္မတကြီးက နေမကောင်း ပြင်းပြင်းထန်ထန်ဖြစ်တာမျိုးမရှိပါဘူး။ ကောင်းပါတယ်။ ကျန်းမာရေးစစ်ဆေးတာကတော့ ပုံမှန်လုပ်တယ်ရယ်လို့ မရှိပါဘူး” ဟုဖြေကြားသည်။


 Myanmar Express 

3 comments:

သမ္မတကြီးကို ကျနော့် ရင်ထဲက လေးလေးနက်နက် ကျေးဇူးတင်မိပါတယ်။ လက်ရှိအခြေအနေမှာ သမ္မတကြီးနေရာကို
အစားထိုးဖို့ အရမ်းကို ခက်ခဲပါတယ်။ အမှန်အတိုင်းပြောရရင် မြန်မာအများစုဟာ ကိုယ်ပိုင် စဉ်းစားဥာဏ်အရမ်းနည်းပြီး
ပုဂ္ဂိုလ်ရေး အစွဲအလမ်းတွေ အရမ်းအားကောင်းနေသေးတဲ့ အချိန်ပါ။ ဒီလိုအခြေအနေမျိုးမှာ အရမ်း Sharp ဖြစ်ပြီး အရွဲ့တိုက်
တုန့်ပြန်တတ်တဲ့ ခေါင်းဆောင်မျိုးဆိုရင် လက်ရှိအခြေအနေကို တည်ငြိမ်အောင် ထိမ်းထားနိုင်မှာမဟုတ်ဘူး။ စိတ်ရှည်သီးခံပြီး
Evolution သဘောတရားကို နားလည်လက်ခံ အကောင်အထည်ဖော်မယ့် ခေါင်းဆောင်မျိုးမှ ဒီအခြေအနေကို ကျော်ဖြတ်
နိုင်မှာပါ။ ကျနော်တို့ ပြည်သူတွေထဲမှာ Revolution တစ်ခုကို အောင်မြင်စွာ ကျော်ဖြတ်ပြီး လက်ရှိအခြေအနေကို ရောက်လာတာ
မဟုတ်ဘူး ဆိုတာ နားမလည်ကြတဲ့ သူတွေက အများစုပါ။ ကျနော်ဟာ ရှေးလူကြီးတွေ (လက်ရှိအချိန်မှာ ဦးဆောင်သူနေရာတွေ
ယူထားပြီး ဘယ်လိုမှ လေးစားလောက်စရာမရှိတဲ့ )ပြောပြောနေတဲ့ တကယ်မတတ်ကြဘူးဆိုတဲ့ ခောတ်ပညာတတ်လူငယ်ထဲက
တစ်ယောက်ပါ။ ကျနော်တို့လို လူငယ်တွေထဲမှာ သမ္မတကြီးရဲ့ လုပ်ဆောင်ချက်တွေကို အားပေးထောက်ခံနေတဲ့ သူတွေ
ရှိတယ်ဆိုတာ သိစေချင်လို့ ဒီ Comment ကိုရေးလိုက်တာပါ။သမ္မတကြီး ကျမ်းမာပါစေဗျာ....................

သမ္မတကြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း
နင့်ပြည့်စုံပါစေဗျာ ။

သမ္မတကြီး အသက်ရာကျော် ရှည်ပါစေ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်