Subscribe to our RSS Feed

ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံမှုများပြားလာ သဖြင့် အင်္ဂလိပ်ဘာသာကျွမ်းကျင်သူများ ဖြစ်စေရေးသင်ကြားပေး Good Governance ဖြစ်ရန် စာသင်ကျောင်းများကစတင်၊ မြို့မိမြို့ဖများက ဝိုင်းဝန်းကူညီ

From : မြဝတီ

နေပြည်တော်     နိုဝင်ဘာ    ၂၅ 
ပြည်ထောင်စု သမ္မတ
မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ  ဦးမြညိမ်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်းတွင် ရဟတ်ယာဉ် များဖြင့် စစ်ကိုင်းမြို့သို့ ရောက်ရှိကြသည်။
ထို့နောက် စစ်ကိုင်းမြို့တွင် လာမည့် ပညာသင်နှစ်မှ စတင်၍ ဖွင့်လှစ်မည့် စစ်ကိုင်း တက္ကသိုလ်သို့ ရောက်ရှိရာ တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ သူရဦးနှင့် ဆရာ၊ ဆရာမများ၊ မြို့မိမြို့ဖများက ကြိုဆိုကြသည်။
ယင်းနောက် နှစ်ထပ် စာသင်ဆောင် ခန်းမ၌ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းမှ  ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးခင်မောင်ဆွေက တက္ကသိုလ် စာသင်ဆောင်နှင့် ဝန်ထမ်း နေအိမ်များ ဆောက်လုပ် ပြီးစီးမှုနှင့် ဆက်လက် ဆောက်လုပ်မည့် အခြေအနေများကို ရှင်းလင်း တင်ပြပြီး တာဝန်ခံ ပါမောက္ခချုပ်က တက္ကသိုလ် စတင်ဖွင့်လှစ်ရန် ဆောင်ရွက်နေမှု၊ သင်ကြားပေးမည့် အထူးပြု ဘာသာရပ် များနှင့် ဆရာ၊ ဆရာမများ အင်အားတို့ကို ရှင်းလင်း တင်ပြသည်။
တက္ကသိုလ် စာသင်ဆောင်နှင့် ဝန်ထမ်းနေအိမ်များ ဆောက်လုပ်ပြီးစီးမှုနှင့် ဆက်လက် ဆောက်လုပ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး တာဝန်ခံ ပါမောက္ခချုပ်က တက္ကသိုလ် စတင်ဖွင့် လှစ်ရန် ဆောင်ရွက်နေမှု၊ သင်ကြားပေး မည့် အထူးပြုဘာသာရပ်များနှင့် ဆရာ၊ ဆရာမများအင်အားတို့ကို ရှင်းလင်း တင်ပြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားရာတွင် ယခင်ကဆိုလျှင်  စစ်ကိုင်းမြို့မှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်ပညာ ဆက်လက်ဆည်းပူး လိုပါက ရွှေဘိုနှင့် မုံရွာမြို့များသို့ သွားရောက် သင်ယူကြရကြောင်း၊ ထို့ကြောင့် ငွေကြေးကုန်ကျမှု ပိုမိုများပြားခဲ့ကြောင်း၊ ဤတက္ကသိုလ်ကြီး ဖွင့်လှစ်ပါက စစ်ကိုင်း မြို့မှာပင် အချိန်ကုန်၊ ငွေကုန်သက်သာ စွာဖြင့် ပညာသင်ယူ နိုင်တော့မည်ဖြစ် ကြောင်း၊ ဤစစ်ကိုင်း တက္ကသိုလ်ကြီးကို နိုင်ငံတော်က အထူးအစီအစဉ်ဖြင့်တည် ဆောက်ဖွင့်လှစ်ပေးခြင်းဖြစ်ရာ စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များအနက် အကောင်းဆုံး တက္ကသိုလ်ကြီး Excellence   University အဖြစ် ပေါ်ထွန်းလာစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို စည်းကမ်းကောင်း၊ ကိုယ်ကျင့်တရားကောင်းပြီး ပြည်ထောင်စုကြီးတစ်ခုလုံးကို လွှမ်းခြုံ ချစ်မြတ်နိုးသည့် မျိုးချစ်စိတ်ဓာတ်ရှင် သန်သောလူတော်လူကောင်းများအဖြစ် မွေးထုတ်ပေးရန်ဖြစ်ကြောင်း၊ ထို့အတူကျောင်းသား၊ ကျောင်းသူများအား ဘွဲ့တစ်ခုရရှိရန် အတွက်သာမဟုတ်ဘဲ အမှန်တကယ် ပညာတတ်မြောက်သူ များဖြစ်အောင် လေ့ကျင့်ပြုစုပျိုးထောင် ပေးရန်လိုကြောင်း၊ ထိုသို့လေ့ကျင့်ပျိုး ထောင်ပေးနိုင်ရန်အတွက်   ဆရာ၊  ဆရာမများ ကိုယ်တိုင်ကလည်း အတော်ဆုံး၊ အကောင်းဆုံးဖြစ်အောင် စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးနေရမည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အာဆီယံ နိုင်ငံများ၊ အာဆီယံနှင့် ဆွေးနွေးဖက် နိုင်ငံများ၊ အရှေ့အာရှနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှု ပိုမိုများပြားလာသည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများကို အင်္ဂလိပ်ဘာသာ ကျွမ်းကျင်သူများ ဖြစ်လာစေရန်နှင့် ကျောင်းပြီးသည်နှင့် တစ်ပြိုင်တည်း လုပ်ငန်းခွင် အသီးသီးသို့ဝင်ရောက်လုပ် ကိုင်နိုင်သည်အထိ ရည်ရွယ်သင်ကြား ပေးကြရန်ဖြစ်ကြောင်းနှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန်အတွက် ပညာရေးဖွံ့ဖြိုးမှုက အခြေခံကျသည်ဟု မှတ်ယူကြရန်ဖြစ်ကြောင်း၊ Good  Governance ဖြစ်လာရန်အတွက်လည်း စာသင်ကျောင်းများက စတင် လေ့ကျင့် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ကြီး၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် မြို့မိ မြို့ဖများကလည်း ဝိုင်းဝန်းကူညီဆောင် ရွက်ကြစေလိုကြောင်းဖြင့် ပြောကြား သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ကျောင်းဆောင်အတွင်းရှိ စာသင်ခန်းများ ကိုလှည့်လည်ကြည့်ရှုပြီး  တက္ကသိုလ် ဝင်းအတွင်း   စိမ်းလန်းစိုပြည်ရေးအတွက် လုပ်ဆောင်ရန်များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ သွားလာ ဆက်သွယ်မှု  လွယ်ကူအဆင်ပြေစေ ရေး ဆောင်ရွက်ပေးရန် များကိုလည်း အသေးစိတ်မှာကြားခဲ့သည်။
စစ်ကိုင်း တက္ကသိုလ်ကို  ယခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် စတင်ဖွင့်လှစ် မည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၇၃၅ ဦး  တက်ရောက်ခွင့်ရရှိထား ကြောင်း သိရှိရသည်။
ထိုမှတစ်ဆင့် နိုင်ငံတော် သမ္မတသည်  စစ်ကိုင်းမြို့  ရာဇာမဏိစူဠာ ကောင်းမှုတော်စေတီတော်သို့ ရောက် ရှိပြီး စေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်များအား လှည့်လည် ဖူးမြော်ကြည်ညိုကာ ဈေးဆိုင်ခန်း ဖွင့်လှစ်ရောင်းချနေသူများ၊ ဘုရားဖူးပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက်  စေတီတော်အထွတ်ရှိ စိန်ဖူးတော်ကို ဖူးမြော်ကြည်ညိုရာ တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးသာအေးက နိုဝင်ဘာ ၁၁ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် စိန်ဖူးတော်ကို ဆိုင်း ထားသည့် ကြိုးတစ်ချောင်း ကျိုးပြတ် သွားသဖြင့် စိန်ဖူးတော်ယိမ်းယိုင်သွားမှု နှင့် နိုဝင်ဘာ ၁၂ ရက်တွင် စိန်ဖူးတော် ကို ဆိုင်းထားသည့်ကြိုးအားလုံးအား သံမဏိကြိုးများဖြင့် အစားထိုးလဲလှယ် ပြီးစိန်ဖူးတော်အား ပြန်လည်တည့်မတ် ပြီးစီးခဲ့မှုအခြေအနေကို ရှင်းလင်းတင်ပြ သည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် စေတီတော်အတွက် အလှူငွေများပေး အပ်လှူဒါန်းပြီး စေတီတော် ဧည့်သည် တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်း တင် လက်မှတ်ရေးထိုးသည်။
ဆက်လက်၍ စေတီတော် အာရုံခံ တန်ဆောင်းတွင်  ပြသထားသည့် စစ်ကိုင်းမြို့နယ်အတွင်း  ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စေတီ၊ ပုထိုးနှင့် သာသနိက အဆောက်အအုံများ၏ မှတ်တမ်း ဓာတ်ပုံများကို ကြည့်ရှုသည်။
ထို့နောက် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည်ရဟတ်ယာဉ်များဖြင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိကြပြီးထိုမှတစ်ဆင့် အထူးလေယာဉ်ဖြင့် ဆက်လက်
ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။                   
  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်