Subscribe to our RSS Feed

မြန်မာ-အမေရိကန် ဆက်ဆံရေး မင်္ဂလာ နိဒါန်း

From :The Voice

အမေရိကန်ပြည်ထောင်စု၏ သမ္မတ ဘားရက်ခ် အိုဘားမား မြန်မာ့သမိုင်းတွင် ပထမဦးဆုံး အကြိမ်အဖြစ် ရန်ကုန်မြို့တော်သို့ အလည်အပတ် လာရောက် သွားခဲ့ခြင်းသည် နှစ်ပေါင်း၂၀ ခန့် အေးစက် နေခဲ့သော နှစ်နိုင်ငံ ဆက်ဆံရေးကို မင်္ဂလာ နိဒါန်းဖြင့် စတင် ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပါသည်။

နှစ်နိုင်ငံ ဆက်ဆံရေး မင်္ဂလာနိဒါန်း စတင်လိုက်ကြောင်း အိုဘားမား ကိုယ်တိုင် လာရောက် အတည်ပြု

သက်သေပြလိုက်ခြင်း ဖြစ်ပြီး စင်စင်အားဖြင့် ဤနိဒါန်း ဖြစ်ပေါ်လာခြင်းမှာ ကုန်ခဲ့သည့် ပထမ လေးနှစ် သက်တမ်း ကာလအတွင်း အိုဘားမား အစိုးရ၏ မြန်မာနိုင်ငံ အပေါ် ထားရှိခဲ့သည့် မူဝါဒများ ပြင်ဆင် ပြောင်းလဲခဲ့ခြင်းကြောင့်ဟု ဆိုနိုင်ပါသည်။

ိုလေးနှစ်တာ ကာလအတွင်း သတိဖြင့် စောင့်ကြည့် ဒဏ်ခတ်၊ လိုက်လျော အားပေးသည့် Carrot & Stick ပေါ်လစီ ကျင့်သုံးခဲ့ခြင်း၏ အကျိုး ရလဒ်ဟုလည်း နိုင်ငံတကာ မီဒီယာကြီး အချို့က သုံးသပ်ကြသည်။

အထူးသဖြင့် ကုန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း အီရန်နှင့် မြောက်ကိုရီးယားကဲ့သို့ အမေရိက၏ ရန်ဘက် အနီရောင် အဆင့် နိုင်ငံမျိုး အထိ မရောက်သော်လည်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ စံနှုန်းများ အရ လိမ္မော်ရောင် အဆင့်အဖြစ် သတ်မှတ်ခံထားရသော နိုင်ငံတစ်ခုအတွက် လက်ရှိ အပြောင်းအလဲက နိုင်ငံတကာ မျက်နှာစာတွင် အိုဘားမား အစိုးရ၏ မူဝါဒရေးရာ အောင်မြင်မှု တစ်ခုဟုလည်း ဆိုနိုင်ပါသည်။ ထိုအောင်မြင်မှုကို တန်ဖိုးထား ဂုဏ်ယူသည့် အနေဖြင့် ဒုတိယသက်တမ်း ပြန်လည် ရွေးချယ်ခံရပြီးပြီးချင်း မြန်မာနိုင်ငံသို့ လာရောက် အောင်ပွဲခံခြင်း လည်းဖြစ်ပါသည်။

စင်စစ်အားဖြင့် မြန်မာနိုင်ငံသည် စစ်အေးကာလ နောက်ပိုင်း အပြိုင်းအရိုင်း ဖွံ့ဖြိုးလာသော တစ်ပါတီအာဏာရှင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဒီမိုကရေစီ အိန္ဒိယ သမတနိုင်ငံတို့အကြား နိုင်ငံရေး ပထဝီ သဘောအရ မဟာဗျူဟာကျ သော နေရာတွင် တည်ရှိပါသည်။ ဖွံ့ဖြိုးဆဲ ထိုနှစ်နိုင်ငံ စလုံးအတွက် အဓိက အရေးပါလှသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့အပြင် အခြား စက်မှုကုန်ကြမ်း ဓာတ်သတ္တုများ ပေါကြွယ် ဝသော နိုင်ငံဖြစ်နေခြင်းက ထိုမဟာဗျူဟာ ကျသော အချက်ကို ထပ်လောင်း အားဖြည့်ပေး သကဲ့သို့ ဖြစ်နေပါသည်။ ၂၁ ရာစုသည် အာရှ၏ ရာစုဖြစ်သည်ဟု အနာဂတ္တိ ဆရာ များ၏ ဟောကိန်း အတိုင်း အာရှသည် စီးပွားကျ၊ ငွေကြေး အကျပ်အတည်း ကြုံ၊ အလုပ် လက်မဲ့နှုန်း မြင့်မားနေကြသော အမေရိကနှင့် ဥရောပတိုက်တို့နှင့် စာလျှင် အမှန်တကယ်လည်း လျင်လျင်မြန်မြန်ကြီး ဖွံ့ဖြိုးလျက် ရှိပါသည်။ အိုဘားမား အစိုးရ အနေနှင့် ဖွံ့ဖြိုးလာသော အာရှ အခြေအနေကို ရိပ်စား မိသောကြောင့် ယခင် သမ္မတ ဘုရှ် အစိုးရ၏ မူဝါဒနှင့် မတူ အာရှ ဦးစားပေး မူဝါဒကို လွှတ်တော် အဆင့်ဆင့်တွင် ကန့်ကွက် ထောက်ခံမှုများ၊ အခြေအတင် အငြင်းအခုံ များစွာဖြင့် ပြောင်းလဲ ကျင့်သုံးခဲ့ခြင်းလည်း ဖြစ်ပါသည်။

စင်စစ်အားဖြင့် အရွေးကောက်ခံ သမ္မတများ မည်မျှ ပြောင်းသွားစေကာမူ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ စံနှုန်း များကို အဓိက ထားသော အမေရိကန် ပြည်ထောင်စု၏ နိုင်ငံခြားရေး ပေါ်လစီမှာ အပြောင်းအလဲ မရှိပါ။ အစိုးရတို့၏ အကောင်အထည်ဖော် ပုံခြင်းသာ ကွာခြားကြခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် ဘွတ်ရှ် အစိုးရ လက်ထက်က အင်အားသုံး ဒီမိုကရေစီ ဇာတ်သွင်းခြင်း တစ်နည်းအားဖြင့် ပါဝါအမာ Hard Power ကို အသုံးပြုခဲ့ခြင်းကြောင့် နိုင်ငံတကာတွင် အမေရိကန် ပြည်ထောင်စု၏ ဥပဓိရုပ် ကျဆင်းခဲ့သော်လည်း နာမည်ကျော် မိန့်ခွန်းများဖြင့် ပါဝါအပျော့ Soft Power ကိုင်စွဲပြီး ရွေးကောက် တင်မြှောက်ခံရသော ပထမဦးဆုံး လူမည်းသမ္မတ အိုဘားမား၏ ပထမ လေးနှစ် သက်တမ်းတွင်မူ အမေရိက၏ ဥပဓိကို အတိုင်းအတာ တစ်ခုအထိ ဆယ်မနိုင်ခဲ့ပါသည်။

အင်အားကြီးနိုင်ငံကြီးတို့မည်သည် ၄င်းတို့ လုပ်ကိုင်ဆောင်ရွက်သမျှ ၄င်းတို့ နိုင်ငံ၏ အကျိုးစီးပွားကို ပထမ ဦးစားပေး စဉ်းစားကြသည် ဆိုသော်လည်း ၄င်းတို့နှင့် ဆက်ဆံသည့် သက်ဆိုင်ရာ နိုင်ငံတို့သည်လည်း ထိုအတိုင်း စဉ်းစား ကြရမည် ဖြစ်သည်။ အာရှတိုက်၏ မဟာဗျူဟာ အကျဆုံး နေရာတွင် တည်ရှိသော မြန်မာနိုင်ငံသည် လည်း အမျိုးသား အကျိုးစီးပွား အလို့ငှာ မည်သူနှင့်မဆို၊ မည်သည့် နိုင်ငံကြီးငယ်နှင့် မဆို တန်းတူရည်တူ သဘောထား နိုင်ရမည်ဖြစ်ပါသည်။ ထို့အတူ လက်ရှိ မျက်မှောက်ပြုနေသော ကမ္ဘာလုံး ဆိုင်ရာ လားရာ အမြင်၊ တူရူချက်များအရ အမြဲတမ်း မိတ်ဆွေ၊ အမြဲတမ်း ရန်သူမရှိဘဲ အမျိုးသား အကျိုးစီးပွားအလို့ငှာ အားလုံးနှင့် သင့်တင့်စွာ ဆက်ဆံနိုင်ရ မည်ဖြစ်ပါသည်။ သို့သော် လက်အောက်ခံ နိုင်ငံတစ်ခုကဲ့သို့ ဆက်ဆံသော မည်သည့် နိုင်ငံကြီးငယ်မျိုးနှင့်မျှ မိတ်ဆွေ၊ မိတ်ဖက် နိုင်ငံဖြစ်စရာ အကြောင်းမရှိပေ။ ရန်သူလည်းဖြစ်စရာ အကြောင်းမရှိပေ။

အမေရိကန်ပြည်ထောင်စုကဲ့သို့ ဒီမိုကရေစီ သက်တမ်း နှစ် ၂၀၀ ကျော် ရှိနေသော နိုင်ငံမျိုးနှင့် မိတ်ဖက်၊ မိတ်ဆွေနိုင်ငံဖြစ်ရခြင်းသည် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်စ၊ ဒီမိုကရေစီ အသွင်ပြောင်းစ၊ ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ ပြုစု ပျိုးထောင် စ မြန်မာနိုင်ငံနှင့် နှစ်ပေါင်း များစွာ ဒီမိုကရေစီကို ငတ်မွတ် တောင့်တနေ သော မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအတွက် မင်္ဂလာတရားပင် ဖြစ်ပါသည်။ များစွာ အရေးကြီးသည်မှာ ဒီမိုကရေစီ နိုင်ငံတစ်ခုနှင့် ဆက်ဆံရာတွင် ဖြစ်စေ၊ အာဏာရှင် နိုင်ငံတစ်ခုနှင့် ဆက်ဆံရာတွင် ဖြစ်စေ နိုင်ငံတော်နှင့် နိုင်ငံသား များ ၏ ဒီမိုကရေစီ ခရီးလမ်းအတွက် မည်သည့်အရာကို ဆောင်ရန်နှင့် မည်သည့် ကိစ္စကို ရှောင်ရမည်ဆိုသည်ကို ခွဲခြား သိမြင်နိုင်သည့် ‘ပညာ’ သာလျှင် အရေးကြီးကြောင်း ကောင်းစွာ သဘောပေါက် ထားရေးပင် ဖြစ်ပါသည်။
 
  Myanmar Express 

4 comments:

အမေရိကန်သည် ဒီမိုကရေစီအင်အားကြီးနိုင်ငံဖြစ်၏ ယခင်က အခြားနိုင်ငံတစ်ခုသို့ချဉ်းကပ်ရာတွင်မီးစတစ်ဘက် ရေမှုတ်တစ်ဘက်ဖြစ်၏ သံတမာန်နည်းဖြင့်တစ်ဘက် အစိုးရများကိုထင်သာမြင်သာစည်းရုံး၏ အတိုက်အခံ မြေပေါ်သို့မဟုတ်မြေအောက်သူပုန်တို့ကိုစီအိုင်အေ မှ အပိုင်မွေးမြူထား၏ ၄င်းတို့ဝါဒသွတ်သွင်းချိန်တွင် အစိုးရမှခေါင်းမငြိမ့်ပါက မွေးမြူထားသည့်မြေပေါ်အတိုက် အခံများဆူပူအောင်မီးစိမ်းပြ၏ သို့မဟုတ် မြေအောက်သူပုန်များကိုလက်နက်ပံ့ပိုးပြီတိုက်ခိုင်း၏ အထက်ပါ ဖြစ်စဉ်များ သည်ကမ္ဘာ့နိုင်ငံ အများအပြား အား ကျင့်သုံးခဲ့သော ဓါတ်ပြားဟောင်းကြီးပင် ယနေ့မြန်မာနိုင်ငံကိုလည်း အဆိုပါဓါတ်ပြားဟောင်းကြီး အတိုင်း ဖွင့်ပြခဲ့ပေပြီ ။ မြန်မာနိုင်ငံသို့လည်း အိုဘားမား ကိုယ်တိုင် အလွန်အကျူး အတိုက်အခံခေါင်းဆောင်ကြီး နှင့် လူရှေ့သူရှေ့မရှောင်အောင်ပွဲခံခဲ့ပေပြီ ဒီမိုကရေစီကိုကြိုက်ပါသည် လေယူရာယိမ်း လေရိမ်းရာ နွဲ့တတ်သည့်ခေါင်းဆောင်မျိုးမလိုလားပါ ။(အမြီးပါတဲ့အကောင်ရိပ်မိလိမ့်မည်) လက်ရှိအစိုးရအဖွဲ့သည် စောမေတို့က နေကြေပြီသား ဖြစ်ပါလိမ့်မည်။ စောင့်ကြည့်စရာမလို နောက်လည့်မည့် လူစားများမဟုတ်တော့ကြောင်းအချိန်ကသက်သေပြလိမ့် မည်။

သိနေ ပေမဲ့ ခေတ်သစ် စနစ်မှာ အမေရိကန်ရဲ့
ကျွန် ဖြစ် ရတာကို ဝမ်းသာ ဂုဏ်ယူ နေတဲ့
သူတွေ အများ ကြီး ရှိနေတယ်။

ယင်လတ်နဲ့ကြတော့အိုဘားမားကဖန်ခွက်ချင်းပဲထိလို့ရ
တယ်
ဒေါ်စုနဲ့တွေ့မှပဲမျက်နှာချင်းကပ်ရင်ချင်းအပ်ဖင်ချင်းထပ်ပြီးသံဝါသပြုလို့ရတော့တယ်

အင်း..ဒေါ်စု..ဒေါ်စု...တော်တော်လည်းရယ်စရာကောင်း
တယ် ဘာရာထူး ဘာလုပ်ပိုင်ခွင့် ဘာအာဏာမှလည်းမရှိ
ဘဲနဲ့သာမန်လွှတ်တော်အမတ်လေး(၁၀တန်းမအောင်ရင်
တောင်လူတကာဖြစ်ခွင့်ရှိ)အဆင့်လောက်ကိုဒီလောက်
မာန်တက်ပြီးရူးနေလိုက်တာ ဒေါ်စန္ဒာခင်လိုဒုဝန်ကြီးအ
ဆင့်လောက်သာရရင်အပျော်တွေလွန် ဘဝင်တွေလေ
ဟပ်ပြီးသေများသွားမလားမပြောတတ်ပါဘူး သနားစရာ
တော့အကောင်းသား ဒုက္ခ ဒုက္ခ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်