Subscribe to our RSS Feed

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် ငလျင်ဒဏ်ခံ စေတီပုထိုးများ ပြုပြင်ရန် အလှူငွေများပေးအပ် လှူဒါန်း



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ သူရဦးအေးမြင့်သည် နိုဝင်ဘာလ (၁၉) ရက်နေ့ နံနက် (၇း၃၀) တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ၀က်လက်မြို့နယ် ဟန်လင်းစံပြကျေးရွာ သို့ရောက်ရှိပြီး ငလျင်ဒဏ်ခံ စေတီတော် (၁၉)ဆူ၊ အာရုံခံ (၃)ခုနှင့် တန်ဆောင်း (၁)ခု ပြုပြင်ရန်အတွက် အလှူငွေကျပ်(၅)သိန်း၊ ဘိလပ်မြေ အိတ် (၁၀၀) လှူဒါန်းကာ ဟန်လင်းရွာအလယ်ရှိ ရွှေတင့်ဒင်စေတီတော်မြတ်အား ငှက်ပျောဖူးတော်နှင့် ရွှေထီးတော် တင်လှူရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။

 
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) သူရဦးအေးမြင့် မှ ငလျင်ဒဏ်ခံ ဟန်လင်းစံပြကျေးရွာ စေတီပုထိုးများ ပြုပြင်ရေးအတွက် ဒေသခံများနှင့် ဆွေးနွေးညှိနှိုင်းစဉ်

အဆိုပါ ကျေးလက်လူထုတွေ့ဆုံပွဲနှင့်လှူဒါန်းပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး/ရွှေဘိုခရိုင်/ ၀က်လက်မြို့နယ်တို့မှ ပါတီကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော် နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူး များနှင့် ဌာနဆိုင်ရာများ၊ ကျေးလက်ပြည်သူများ အင်အား (၂၀၀)ခန့်တက်ရောက်သည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) သူရဦးအေးမြင့် မှ ငလျင်ဒဏ်ခံ ရွှေဘိန်းကြီးစေတီတော်အား ကြည့်ရှုစစ်ဆေးစဉ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ၀က်လက်မြို့နယ်၊ ဟန်လင်းစံပြကျေးရွာသည် BC 2000 ခန့်က ဟန်လင်းခေတ် ပျူမြို့ဟောင်းဖြစ်ခဲ့ဖူးပြီး မြန်မာ့သမိုင်း အစ ရှေးမြန်မာလူမျိုးများနေထိုင်ခဲ့ရာ ဟန်လင်းနိုင်ငံတော်ကြီး ဖြစ်သည်နှင့်အညီ ဟန်လင်းစံပြကျေးရွာ ငလျင်ဒဏ်ခံ စေတီပုထိုးများကို ပြန် လည်ပြုပြင်ရေးအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အဓိက ဦးဆောင်ပါဝင် ဆောင်ရွက်နေကြောင်း သတင်းရရှိပါသည်။

 Myanmar Express 

4 comments:

အချိန်တန်တော့လည်း တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပဲ ပြည်သူအတွက်ရှိပါလား

ပြည် သူ ပိုင် တွေ နဲ့ လုပ် ပေး နေ တာ လေ

ကျေးဇူးရှင် စွမ်းအားရှင်တွေကို မမေ့နဲ့။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်