Subscribe to our RSS Feed

ဒုံးကျည်ကာကွယ်ရေးစနစ်သစ် အစ္စရေး စမ်းသပ်

From :planet

David's Slingဟု အမည်ပေးထားသော အဆိုပါ ဒုံးကျည် ကာကွယ်ရေး စနစ်သစ်ကို အစ္စရေး စစ်ဘက်က တနင်္ဂနွေနေ့တွင် စမ်းသပ်ခဲ့သည်။

ဒုံးကျည်ကာကွယ်ရေးစနစ်သစ် အစ္စရေး စမ်းသပ်
အစ္စရေးသည် ဒုံးကျည်ကာကွယ်ရေး စနစ်တစ်ခုကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သိရှိရသည်။ David's Slingဟု အမည်ပေးထားသော အဆိုပါ ဒုံးကျည် ကာကွယ်ရေး စနစ်သစ်ကို အစ္စရေး စစ်ဘက်က တနင်္ဂနွေနေ့တွင် စမ်းသပ်ခဲ့သည်။ ယင်းသည် အလွှာအထပ်ထပ် ကာကွယ်ပေးသည့် ဒုံးကျည်ကာကွယ်ရေး စနစ်မျိုးဟု စစ်ဘက်က ဆိုသည်။ အဆိုပါ စနစ်သည် တာလတ်ပစ် ဒုံးကျည်များကို အဓိက ကာကွယ်တားဆီးရန် စီစဉ်ထားခြင်း ဖြစ်သည်။

တနင်္ဂနွေနေ့ စမ်းသပ်မှုတွင် အောင်မြင်ကျေနပ်စရာ ရလဒ်မျိုး ထွက်ပေါ်လာပြီး အစ္စရေး တောင်ပိုင်းတွင် လေပိုင်နက်ကို ဖြတ်ကျော်လာသည့် ဒုံးကျည်တစ်စင်းကို အမှားအယွင်းမရှိ ဖျက်ဆီးနိုင်ခဲ့သည်။ အဆိုပါ ကာကွယ်ရေး စနစ်သစ်သည် ပစ်လွှတ်လိုက်သော ဒုံးပျံများကို ကီလိုမီတာ (၃၀၀)အတွင်း အကွာအဝေးမှ ဒုံးကျည်များကို တိုက်ခိုက် ဖျက်ဆီးနိုင်သည်။ အစ္စရေးသည် အီရန်မှ ပစ်လွှတ်လာနိုင်သည့် တာဝေးပစ် ဒုံးကျည်များ ရန်ကို ကာကွယ်ရန်အတွက် Arrow ဒုံးခွင်းဒုံး စနစ်ကို တပ်ဆင် ဖြန့်ကျက်ထားပြီး ဖြစ်သည်။

လက်ရှိတွင် ဟားမတ်စ်တို့ ပစ်လွှတ်သည့် ဒုံးကျည်များကို ဖျက်ချပစ်သည့် Iron Dome စနစ်မှာမူ တာတိုပစ် ဒုံးကျည်များကို တားဆီးရန်ဖြစ်ပြီး ဟားမတ်စ်တို့အပြင် လက်ဘနွန်မှ ဟစ်ဇ်ဘိုလာတို့၏ တိုက်ခိုက်မှုကိုပါ တားဆီးနိုင်ရန် ရည်ရွယ် ဖန်တီးထားသည်။ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဖြစ်သူ အီဟွတ် ဘာရက်ခ်က Iron Dome၏ အောင်မြင်မှုများသည် နိုင်ငံတွင်းရှိ ဒုံးကျည်ကာကွယ်ရေး စနစ်များအတွက် အလွန်ကြီးမားသည့် အရေးပါမှုတစ်ခုအဖြစ် သုံးသပ် ပြောဆိုထားသည်။


  Myanmar Express 

1 comments:

မယုံဘူးကွာ။KIA ကစစ်ဦးစီးချုပ်ဂမ်ရှောင်ရဲ့နဖူးကိုမှန်အောင်ပစ်ပြ။ဂမ်ရှောင်နဖူးတည့်တည့်မှန်ရင်ယုံမယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်