Subscribe to our RSS Feed

မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးကို အာဆီယံ အတွင်းရေးမှူးချုပ် ဂုဏ်ယူ

From : rfa

အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်သက်တမ်းအတွင်း ဂုဏ်အယူဆုံး
ကိစ္စဟာ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေးမှာ ပါဝင်ခဲ့တဲ့ အာဆီယံရဲ့ အခန်းကဏ္ဍပဲဖြစ်ကြောင်း မကြာမီမှာ ရာထူးက အနားယူတော့မယ့်
ဒေါက်တာ ဆူရင် ပစ်ဆူဝမ် က ပြောလိုက်ပါတယ်။

ဆူရင် ပစ်ဆူဝမ် ရဲ့ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်သက်တမ်းဟာ လာမယ့် ဒီဇင်ဘာလမ

ှာ (၅) နှစ် ပြည့်မှာဖြစ်ပြီး၊ ဗီယက်နမ် လက်ထောက်
နိုင်ငံခြားရေးဝန်ကြီး လီလျောင်မင်း (Le Luong Minh) က သူ့နေရာကို လွှဲပြောင်း ထမ်းဆောင်မှာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် နာဂစ်မုန်းတိုင်းအပြီးမှာ အထီးကျန် မြန်မာနိုင်ငံကို အနောက်
ကမ္ဘာနဲ့ နီးစပ်အောင် ဆောင်ရွက် ပေးခဲ့တဲ့ အာဆီယံရဲ့ အခန်းကဏ္ဍ အကြောင်း ပြောဆိုရာမှာ"အဲဒီတုံးက မြန်မာနိုင်ငံဟာ အသွင်တစ်မျိုးပါ၊ ဒါပေမယ့် မြန်မာနိုင်ငံအတွက် ကမ္ဘာကြီးကို ကျနော်တို့ ယူဆောင်ခဲ့တယ်၊ ကုလသမဂ္ဂကို ခေါ်ဆောင်ခဲ့တယ်၊ မြန်မာအစိုးရခေါင်းဆောင်ပိုင်း စိုးရိမ်စိတ်လျော့ပါးအောင်၊ ပြည်သူတွေ သက်သောင့်သက်သာ
ဖြစ်သွားအောင် အာဆီယံက ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ ကမ္ဘာကလည်း အရင်လို မျက်နှာထားမတင်းတော့ပါဘူး၊ အဲဒီနောက်ပိုင်း မြန်မာပြည် ပွင့်သွားတာဟာ အာဆီယံအတွက် အင်မတန် အာရကျေနပ်စရာကောင်း
လှပါတယ်" လို့ သြစတေးလျ ABC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်