Subscribe to our RSS Feed

မြန်မာ(Myanmar) ကို ဘားမား(Burma)ဟု ခေါ်ဝေါ်ခဲ့သည့်အတွက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပြန်လည်တောင်းပန်

From : မြ၀တီ


 အာဆီယံ ကာကွယ်ရေး ဝန်ကြီးများနှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန်ပင်နက်တာတို့ အလွတ် သဘော တွေ့ဆုံ ဆွေးနွေးရာတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီးမှ အာဆီယံဒေသသည် ပိုမိုအရေးပါ လာကြောင်း၊ ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးသည် အရေးကြီးကြောင်း၊ မလက္ကာ ရေလက်ကြား လုံခြုံရေးသည် ပင်လယ်ရေကြောင်း သွားလာရေးအတွက် အရေးကြီးကြောင်း၊ အမေရိကန်အနေဖြင့်
အာဆီယံ နိုင်ငံများနှင့် စစ်ဘက်ဆိုင်ရာ ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စစ်ရေး လေ့ကျင့်ခန်းများလည်း တိုးတက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ကာကွယ်ရေးဝန်ကြီး လီယွန်ပင်နက်တာမှ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပြောကြားရာတွင် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများကို ကြိုဆို ထောက်ခံကြောင်း၊ အနာဂတ်တွင် ပိုမိုရင်းနှီးစွာ ဆက်ဆံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအား ဘားမားဟု သုံးနှုန်းခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်မှ ပြောကြားရာတွင် မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများစွာ ကြုံတွေ့ရကြောင်း၊ သို့သော် အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၏ ထောက်ခံအားပေးမှုသည် အင်အားတစ်ခု ဖြစ်စေပြီး ရှေ့သို့တိုးတက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို ဘားမားဟု ခေါ်ဆိုခြင်းနှင့် ပတ်သက်၍ ရှင်းပြလိုကြောင်း မြန်မာနိုင်ငံတွင် လူမျိုးစုများစွာ နေထိုင်လျှက်ရှိပြီး ဗမာလူမျိုးသည် လူမျိုးစု ၁ ခု ဖြစ်ကြောင်း ဘားမားဆိုသည်မှာ ဗမာလူမျိုးကိုသာ ကိုယ်စားပြုကြောင်း၊ မြန်မာဆိုသည်မှာ တိုင်းရင်းသား လူမျိုးအားလုံးကို ကိုယ်စားပြုကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ လူမျိုးစုအားလုံးကို ကိုယ်စားပြုသည့် မြန်မာဆိုသည့် အသုံးအနှုန်းသာ အသုံးပြုစေလိုကြောင်း ပြောကြားခဲ့ရာ အာဆီယံ ကာကွယ်ရေးဝန်ကြီးများနှင့် အစည်းအဝေး တက်ရောက်သူများမှ လက်ခုပ်တီး၍ ချီးကျူးသြဘာ ပေးခဲ့ကြသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးမှ ပြန်လည် ပြောကြားရာတွင် မိမိအနေဖြင့် ပြောနေကျ နှုတ်ကျိုးနေ၍ ယခုလို ပြောကြား ခဲ့ခြင်းဖြစ်ပြီး အခြားရည်ရွယ် ချက်မရှိပါကြောင်း၊ မိမိအား မြန်မာနိုင်ငံမှ လူမျိုးစုများအကြောင်း ရှင်းလင်းပြပြီး မိမိအမှားကို ထောက်ပြသည့်အတွက် ကျေးဇူးတင်ရှိကြောင်း နောင်တွင် မြန်မာဟု သုံးနှုန်းသွားမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားရာ အစည်းအဝေး တက်ရောက် လာသူများမှ ဝိုင်းဝန်းသြဘာ ပေးခဲ့ကြပါသည်။


Myanmar Express 

8 comments:

စုကြည်နင်ကြားပြီလားအမေရီကန်ကာကွယ်ရေးဝန်ကြီးတောင်သူအမှားသိလို့တောင်းပန်သွားတယ်နင့်လိုစောက်ဆင့်မရှိတဲ့ကောင်မကburmaလို့ခေါ်တဲ့အကျင့်ကိုလူစိတ်ရှိသေးရင်မသေခင်အမြန်ဆုံးပြင်ပါစုကြည်ကုလားမယား။

ကျုပ်တို့ လိုအပ်နေတဲ့ လူကြီးမျိုး ပါပဲ ဒေါ်စုနဲ့တော့့
ကွာပါ့။ဒေါ်စုရေ ပြည်သူတွေ ဘာလိုအပ် နေတယ်
ဆိုတာ အရင် သိအောင် ကြိုးစားပါ အရွှဲုတိုက် နေ
ရင် ခင်ဗျားပဲ နာလိမ့်မယ်။

လူလိုနားလည်တဲ့ လူတွေကတော့ အမှားကိုဝန်ခံပြီး ပြန်တောင်းပန်သွားရပါပြီ စောက်ရှက်မရှိတဲ့ လူတွေသာ ခံယူချက်လိုလို ခံစားချက်လိုလို နဲ့ တကယ်တော့ ဘာမှမဟုတ်ပါဘူး အတိုက်အခံလို့ ကိုယ့်ကိုယ်ကို တလွဲဆံပင်ကောင်းနေကြတာ ပြောလိုက်ရင်တော့ ဘယ်သူ့အတွက် ဘယ်ဝါ့အတွက် ပြောနေကြတာ စာတွေတတ်ပြီးတော့ အတတ်လွန်နေကြတာ စကားပုံလေး ရှိပါတယ် အတတ်ကြူးတော့ ဘီလူးဖြစ်တယ်တဲ့ အခုတော့ ဘီလူးအဆင့်ထက်ကျော်သွားပြီ ထင်တယ်

I'm proud for MYANMAR. My country is MYANMAR.

အမေရိကန်ကုလားတောင်အမြင်မှန်ရသွားပြီ

ပညာရှိလေ သတိဖြစ်ခဲဖြစ်မှာပေါ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်