Subscribe to our RSS Feed

ဂျပန် Credit ကဒ်မြန်မာ၌ ၂၀၁၃ မှစ၍ သုံးစွဲနိုင်

From :popular

ဂျပန်နိုင်ငံမှ JCB Credit ကတ်များအား ၂၀၁၃ ခုနှစ် မတ်လမှ စတင်၍ ပြည်တွင်း၌ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ယနေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များအသင်း၌

ကျင်း

ပသော Myanmar Payment Union နှင့် JCB International ကုမ္ပဏီတို့၏ သဘောတူလက်မှတ်ရေးထိုးပွဲမှ သိရသည်။
MPU နှင့် JCB အကြား သဘောတူလက်မှတ်ရေးထိုးရာတွင် ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ် ၁၇ ခုံးလုံးနှင့် JCB ကတ်များအသုံးပြုခွင့်ရရန်အတွက် သဘောတူလက်မှတ်ရေးထိုးခြင်းဖြစ် ပြီး

လေးလအတွင်း JCB ကတ်များအား မြန်မာနိုင်ငံ၌ အသုံးပြုခွင့်ရရန် စီစဉ်သွားမည်ဟု JCB Internation Co.,Ltd မှ Mr. Ayako Taraka က ပြောသည်။
လက်ရှိ ပြည်တွင်းနှင့် ပြည်ပချိတ်ဆက်၍ Credit ကတ်များအား ဆောင်ရွက်ရာတွင် Master နှင့် Visa ကတ်များနှင့် မြန်မာနိုငှ်ုံရှိ ပုဂ္ဂလိက ဘဏ်အားလုံးနှင့် သာမက ထိုဘဏ်များနှင့်

ချိတ်ဆက်ထားသော ဟိုတယ်၊ ရှောပင်းမော်လ်များနှင့် စားသောက်ဆိုင်များတွင်ပါ အသုံးပြုနိုင်မည်ဟု MPU ကော်မတီအတွင်းရေးမှူး ဦးရဲမင်းဦးက ပြောသည်။
  Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်