Subscribe to our RSS Feed

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် အိန္ဒိယတပ်မတော် စစ်ဦးစီးချုပ်များ ကော်မတီ ဥက္ကဋ္ဌနှင့် လေတပ်ဦးစီးချုပ် Air Chief Marshal NAK Brownc, PVSM, AVSM, VM, ADC ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

From : သမ္မတရုံး



နေပြည်တော် နိုဝင်ဘာ ၂၇

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အိန္ဒိယတပ်မတော် စစ်ဦးစီးချုပ်များ ကော်မတီ ဥက္ကဋ္ဌနှင့် လေတပ်ဦးစီးချုပ် Air Chief Marshal NAK Brownc, PVSM, AVSM, VM, ADC ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်၊ သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် အိန္ဒိယ တပ်မတော် စစ်ဦးစီးချုပ်များ ကော်မတီ ဥက္ကဋ္ဌနှင့် လေတပ်ဦးစီးချုပ် Air Chief Marshal NAK Brownc, PVSM, AVSM, VM, ADC ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H. E. Dr. V.S Scshadri လည်း တက်ရောက်သည်။

ထိုသို့ လက်ခံတွေ့ဆုံရာ၌ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အစဉ်အလာကောင်းများအား ပိုမို မြှင့်တင်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ အဆင့်တိုးမြှင့်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းလုံခြုံရေး၊ တပ်မတော် နှစ်ရပ်အကြား ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်