Subscribe to our RSS Feed

အဝေးသင် ပြဋ္ဌာန်းစာအုပ် များကို နိင်ငံခြား စက္ကူဖြူ များဖြင့် ရိုက်နှိပ်မည်

From : The Voice

ယခင်က ပြည်တွင်းဖြစ် ဘားပြာ တစ်ဖက်ချော ပြန်ကြိတ် စက္ကူများနှင့် ရိုက်နှိပ်သည့် အဝေးသင် တက္ကသိုလ်၏ ပညာရေး ဆိုင်ရာ ပြဋ္ဌာန်း စာအုပ်များကို အင်ဒိုနီးရှား နိုင်ငံမှ တင်သွင်းသည့် Woodfree စက္ကူဖြူ ကို အသုံးပြု ထုတ်လုပ် သွားမည် ဖြစ်ကြောင်း ဧရာဝဏ် ပုံနှိပ် ထုတ်ဝေရေး လုပ်ငန်း ပိုင်ရှင် ဦးဝင်းဌေးက ပြောကြားသည်။

ပြည်တွ

င်းဖြစ် ဘားပြာ တစ်ဖက်ချော စက္ကူ များသည် ရေဓါတ် များကာ စက္ကူသား မညီညာ သည့်အပြင် အပေါက်အပြဲ များသည့် အတွက် တစ်မျက်နှာ ၂ ကျပ် ၃၀ပြားဖြင့် ရိုက်နှိပ် ပေးနိုင်သော်လည်း အင်ဒိုနီးရှား ထုတ် စက္ကူဖြူ များဖြင့် ရိုက်နှိပ်မည် ဆိုပါက တစ်မျက်နှာ ၃ကျပ် ၃၀ပြား ကျသင့်မည် ဖြစ်ကြောင်း ၄င်းက ပြောပြသည်။
"ဘားပြာနဲ့ ရိုက်တဲ့ စာအုပ် တွေက တစ်နှစ်ပဲ သုံးလို့ရတယ်။ စက္ကူဖြူနဲ့ ရိုက်တာက ငါးနှစ်လောက် ဆက် သုံးလို့ ရတယ်။ ဒါပေမဲ့ ကျောင်းသားတွေ အတွက်တော့ နည်းနည်း ဈေးမြင့် သွားမှာပေါ့" ဟု ပုံနှိပ် ထုတ်ဝေသူ တစ်ဦးက ပြောသည်။

ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံများတွင် ကျောင်းသုံး ပြဋ္ဌာန်း စာအုပ် များကို ပညာသင်နှစ် ကုန်ဆုံးပါက ကျောင်း စာအုပ်ဆိုင် (Book Store) များတွင် သက်သာသည့် နှုန်းထားဖြင့် ပြန်လည် ဝယ်ယူကာ နောက် ပညာသင်နှစ် ကျောင်းသားများ အတွက် သက်သာသည့် ဈေးဖြင့် ပြန်လည် ရောင်းချ ပေးသည် ဟု သိရသည်။ ပညာသင်နှစ် တစ်နှစ်ချင်း အတွက် စာအုပ်များကို ရိုက်နှိပ်စရာ မလိုသည့် အတွက် အစိုးရ ထုတ်လုပ်မှု စရိတ် သက်သာသွားမည် ဖြစ်ကြောင်း အထက်တန်းပြ ဆရာမ ဒေါ်နန္ဒာမျိုးလှိုင် က သုံးသပ်သည်။

တစ်နှစ် တစ်ခါ မရိုက်နှိပ် ရတော့ဘဲ လေးနှစ် တစ်ခါသာ ရိုက်နှိပ်ရသည့် အတွက် ဈေးကွက် ပျောက်သွား မည်ကို ပြည်တွင်း ပုံနှိပ် လုပ်ငန်းရှင် များအနေဖြင့် မစိုးရိမ် သင့်ကြောင်း၊ နိုင်ငံခြားမှ ကုန်ကြမ်း ယူကာ ကုန်ချော ထုတ်လုပ်သည့် လုပ်ငန်း ဘက်သို့ ဦးတည် ဆောင်ရွက်ပါက ဈေးကွက် ချဲ့ထွင် လာနိုင်မည် ဖြစ်ကြောင်း ဦးဌေးဝင်းက ရှင်းပြသည်။

လူဦးရေ သန်း၈၀ခန့် ရှိသော ဗီယက်နမ် နိုင်ငံသည် ပြည်တွင်း ဈးကွက် သာမက နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက် လာနိုင်ပြီး တစ်နှစ်လျှင် ဒေါ်လာသန်း ၃၆၀ခန့် ရရှိရန် ဆောင်ရွက် နေကြောင်း မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များ အသင်း၏ ထုတ်ပြန်ချက် များအရ သိရသည်။
Myanmar Express 

1 comments:

ယင်လတ်နဲ့ကြတော့အိုဘားမားကဖန်ခွက်ချင်းပဲထိလို့ရ
တယ်
ဒေါ်စုနဲ့တွေ့မှပဲမျက်နှာချင်းကပ်ရင်ချင်းအပ်ဖင်ချင်းထပ်ပြီးသံဝါသပြုလို့ရတော့တယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်