Subscribe to our RSS Feed

ဟားမာ့စ်-အစ္စရေး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှ နိုင်ငံရေးအရ အမြတ်ထွက်ခဲ့သူများ

From : မြ၀တီ


ဟားမာ့စ်နှင့် အစ္စရေးတို့အကြားတွင် သီတင်းပတ် တစ်ပတ်ကျော်အကြာ အပြင်းအထန်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် တရားဝင် အပစ်အခတ်
ရပ်စဲရေး သေ
ဘာတူညီချက် ချမှတ်နိုင်ခဲ့ခြင်းသည် တစ်ဖက်နှင့်
တစ်ဖက် ခါးခါးသီးသီး မုန်းတီးနေကြသည့် ဟားမာ့စ်အာဏာပိုင်များနှင့် အစ္စရေး အစိုးရတို့၏ ဆက်ဆံရေးတွင် သမိုင်း စာမျက်နှာသစ်တစ်ရပ် ဖွင့်လှစ်နိုင် ခဲ့သည်ဟု ဆိုနိုင်ပါသည်။ ဟားမာ့စ်နှင့် အစ္စရေးတို့အကြား သဘောတူညီမှု ရရှိခဲ့သည့် အပစ်အခတ် ရပ်စဲရေးကြောင့် ဂါဇာမှ ပါလက်စတိုင်း ပြည်သူများ အနေဖြင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှု ဒဏ်မှအခိုက်အတန့် ချမ်းသာရာရမည် အမှန်ပင်ဖြစ်သည်။ အလားတူပင် အဆိုပါ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မှ နိုင်ငံရေးနှင့် လုံခြုံရေးအရ အမြတ် ထွက်ခဲ့သူ များရှိသလို အရှုံးနှင့်ရင်ဆိုင်ခဲ့ရသူများ
လည်းရှိသည်ကို တွေ့ရသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု

အစ္စရေးတို့သည် ဂါဇာကမ်းမြောင်ဒေသသို့ မြေပြင်ထိုးစစ်ဆင်နွှဲရန် မလိုဘဲ နိုင်ငံတောင်ပိုင်းအား ဟားမာ့စ်တို့က ဒုံးကျည်ဖြင့် ပစ်ခတ်မှုကို ရပ်တန့်နိုင်ပြီဖြစ် သည်။ ထို့အပြင် ဂါဇာသို့ ဗုံးကြဲတိုက်ခိုက်သည့် ပထမဆုံးသောနေ့မှာပင် ဟားမာ့စ် စစ်ဘက်ခေါင်းဆောင် အာမက်ဂျာဘရီအား သတ်ဖြတ်နိုင်ခဲ့မှုသည် လာမည့်နှစ် ဇန်နဝါရီလတွင် ကျင်းပမည့်ရွေးကောက်ပွဲတွင်ဝန်ကြီးချုပ်ဘင်ဂျမင် နေတန်ယာဟု
ပြန်လည်အရွေးခံရမည့် အလားအလာကို ပိုမိုခိုင်မာစေခဲ့ပါသည်။ ဟားမာ့စ်တို့နှင့် တိုက်ပွဲများ ဖြစ်နေစဉ် အတွင်း၌လည်း နေတန်ယာဟုသည် အမေရိကန်သမ္မတ အိုဘားမား၏ ထောက်ခံမှုကို အပြည့်အဝရရှိခဲ့သဖြင့် အနည်းငယ်ယိမ်းယိုင်နေသည့် အစ္စရေး-အမေရိကန် ဆက်ဆံရေးကိုလည်း လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ပို့ဆောင်နိုင်ခဲ့သည်။ ထို့အတူ ဂါဇာကမ်းမြောင်ဒေသသို့ လက်နက်တရားမဝင် တင်သွင်းခြင်းကို ရပ်တန့်ရန်ကြိုးပမ်းရာတွင် အကူအညီပေးအပ်မည်ဟူသည့် အမေရိကန်အစိုးရ၏ ကတိကဝတ်ကို အစ္စရေးတို့က ရရှိခဲ့ပါသည်။

ဟားမာ့စ်အဖွဲ့

ဟားမာ့စ်တို့ထိန်းချုပ်ထားသည့် ဂါဇာကမ်းမြောင်ဒေသအား အစ္စရေးတို့က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း၁၆ဝ ကျော်သေဆုံးခဲ့ကြသော်လည်း ဟားမာ့စ်အဖွဲ့သည် နိုင်ငံရေးအရများစွာအကျိုးအမြတ်ရရှိခဲ့သည်ကို
တွေ့ရပါသည်။ အစ္စရေး၏ တိုက်ခိုက်မှုကို ရှုတ်ချရန်နှင့် ဂါဇာရှိ ပါလက်စတိုင်းပြည်သူများ ကို ထောက်ခံ အားပေးရန်အတွက် အီဂျစ်ဝန်ကြီးချုပ်၊ အာရပ်နှင့် တူရကီသံတမန်များသည် အဆိုပါ ဒေသသို့
ရောက်ရှိလာခဲ့ပါသည်။ ဟားမာ့စ်အဖွဲ့အား အစ္စရေးနှင့် အမေရိကန်
အစိုးရတို့က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော်လည်း အီဂျစ်နိုင်ငံအတွင်း ပြုလုပ်ခဲ့သည့် တစ်ဆင့်ခံ အပစ်အခတ်ရပ်စဲရေး
ဆွေးနွေးပွဲတွင် ဟားမာ့စ်အဖွဲ့အား အစ္စရေးနှင့် တန်းတူညီမျှသည့် အနေအထားသို့ ပို့ဆောင်ပေးခဲ့ သည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း ပြည်သူများ ၎င်းဒေသအတွင်း လွတ်လပ်စွာဝင်ရောက်ခွင့်၊ ထွက်ခွာ ခွင့်ရရှိခဲ့သလို ကုန်ပစ္စည်းများကိုလည်း ဒေသအတွင်းသို့ လွယ်ကူစွာ တင်သွင်းနိုင်ပြီ
ဖြစ်သည်။ စစ်ရေးအရ အနေဖြင့်လည်း ဟားမာ့စ်အဖွဲ့သည် ဒုံးကျည်များကို တဲလ် အဗစ်မြို့အထိ ပစ်ခတ်၍ ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်း ရည်ကိုလည်း သက်သေ ပြနိုင်ခဲ့သည်။

ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်နှင့် ဖာတာအဖွဲ့

ဂါဇာကမ်းမြောင်ဒေသကို ဟားမာ့စ်အဖွဲ့သို့ လွန်ခဲ့သည့် ငါးနှစ်ခန့်က လွှဲပြောင်းပေးခဲ့ရသည့် ပါလက်စတိုင်း သမ္မတ မာမွတ်အဘတ်စ်သည် ယခုသဘော တူညီခဲ့သည့် အပစ်အခတ် ရပ်စဲရေးတွင် အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ဆိုနိုင်ပါသည်။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရာတွင် အဘတ်စ်ပါဝင်ခဲ့ခြင်းမရှိသလို အစ္စရေးတို့ကို ရင်ဆိုင်ရဲသည့် ဟားမာ့စ်တို့၏ စွမ်းရည်သည် အစ္စရေး ပါလက်စတိုင်း လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းရာ
တွင် တိုးတက်မှုမရှိသည့် သမ္မတအဘတ်စ်၏ ကြိုးပမ်းမှုကို ပိုမိုမြင် သာစေခဲ့သည်။ အနောက်နိုင်ငံများ၏ ထောက်ခံမှုကို ရရှိထားသည့် အဘတ်စ်၏ အစိုးရအဖွဲ့သည် အနောက်ဘက် ကမ်းခြေဒေသတွင်သာ အာဏာတည်ဆောက်နိုင်ပြီးဖာတာနှင့်ဟားမာ့စ်အဖွဲ့တို့အကြား ပြန်လည်
ရင်ကြား စေ့ရေးအတွက် အဘတ်စ်၏ကြိုးပမ်းမှုများမှာလည်း ပို၍ခက်ခဲမည့် အလားအလာများ ထွက်ပေါ်လျက်ရှိသည်။

အီဂျစ်သမ္မတ မိုဟာမက်မော်စီ

မူဆလင် ညီအစ်ကိုများအဖွဲ့ ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ သမ္မတ မိုဟာမက်မော်စီသည် အမေရိကန်အစိုးရက လုပ်ဆောင်နိုင်ခြင်းမရှိသည့် ရန်သူအဖွဲ့ နှစ်ဖွဲ့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိစေရန်
အောင်မြင်စွာ ကြားဝင်စေ့စပ်နိုင်ခဲ့သဖြင့် ဒေသအတွင်း၌ သာမက
နိုင်ငံတကာ အသိုက်အဝန်းကြား၌ပါ နိုင်ငံရေးအရ ဂုဏ်သိက္ခာမြင့်တက်
လာခဲ့ပါသည်။ ဟားမာ့စ်နှင့် အစ္စရေး အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိစေရန် ဆောင်ရွက်နိုင်ခြင်းသည် ဒေသအတွင်းရှိ အနာဂတ်ကိစ္စရပ်များတွင် အီဂျစ်နိုင်ငံအား အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လာစေရန် ထောက်ခံအားပေး သကဲ့သို့ပင် ရှိနေတော့သည်။

အမေရိကန်ပြည်ထောင်စု

အိုဘားမား အစိုးရသည် ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒကို အာရှသို့ရွှေ့ပြောင်း ရန်ကြိုးပမ်းနေစဉ် ဂါဇာကမ်းမြောင်ဒေသအရေး ပေါ်ပေါက်လာမှုကြောင့် အမေရိကန် ပြည်ထောင်စု အနေဖြင့် ၎င်းတို့ လက်ရှောင်လိုသည့်
ဒေသဘက်သို့ ပြန်လည် ခြေဦးလှည့်ခဲ့ရသည်။ သို့ရာတွင် မကြာမီရာ
ထူးမှအနားယူတော့မည့် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်၏ သံတမန်ခရီးစဉ်သည် ၂၁ လအတွင်း စွန်းထင်းခဲ့ရ သည့် အမေရိကန်-အီဂျစ်ဆက်ဆံရေးကို ပြန်လည်တိုးတက်စေခဲ့ပါသည်။ အပစ်အခတ်
ရပ်စဲရေး ကြိုးပမ်းမှုတွင်ပါဝင်ခြင်းနှင့် ဂါဇာကမ်းမြောင်ဒေသသို့ လက်နက် တရားမဝင် တင်သွင်းခြင်းကို ရပ်တန့်ရာတွင် အကူအညီပေးအပ်မည့် အမေရိကန် ၏ အစီအစဉ်များကြောင့် ဒေသတွင်းရေးရာများတွင် အမေရိကန်အစိုးရ ပြန်လည်ပါဝင်မည်ဖြစ်ပြီးအိုဘားမားနှင့် နေတန်ယာ
ဟုအကြားဖုထစ်နေသည့် ဆက်ဆံရေးကို ချောမွေ့စေမည်ဖြစ်ကြောင်း
တွေ့ရပါသည်။
 


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်