Subscribe to our RSS Feed

နှေးကွေးနေသည့် ကမ္ဘာ့စီးပွားရေး တိုးတက်မှု

From :မြဝတီ

ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး တိုးတက်မှုသည်နှေးကွေးလျက် ရှိသောကြောင့် စီးပွားရေး အင်အားကြီး နိုင်ငံများ အနေဖြင့် မူဝါဒရေး ရာ ပြုပြင် ပြောင်းလဲမှု များကို အရှိန်အဟုန် တိုးမြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်
းနိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့(IMF) ကသ တိပေး ပြောကြား ထားသည်ကို တွေ့ရသည်။

ကမ္ဘာ့ စီးပွားရေးသည် ဆက်လက် ကျဆင်း နိုင်သည့် အန္တရာယ် ရှိနေသေး သည့်အတွက်ခိုင်မာပြီး ရေရှည် တည်တံ့ရုံ သာမက တည်ငြိမ် မျှတသည့် တိုးတက်မှုများ ဖြစ်ပေါ်စေရန် အတွက် ဖွံ့ဖြိုးပြီး နိုင်ငံကြီး များကပြတ်ပြတ် သားသား လုပ်ဆောင် ကြရန်လို အပ်ကြောင်း လွန်ခဲ့သော သီတင်းပတ် အတွင်းက တရားဝင် ထုတ်ပြန် ခဲ့သည့် (IMF) အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြ ထားသည်။

(IMF) အဖွဲ့၏ ထုတ်ပြန် ကြေညာချက်သည် ကမ္ဘာ့ စီးပွားရေး တိုးတက်မှု နှေးကွေး နေခြင်းနှင့် စပ်လျဉ်း၍ ယခုနှစ် အတွင်း ဒုတိယ အကြိမ် ထုတ်ပြန်သည့် ကြေညာချက် ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု အပါအဝင် စီးပွားရေး အင်အားကြီး နိုင်ငံများသည် ၎င်းတို့ ရင် ဆိုင် နေရသည့် ကြွေးမြီ ပြဿနာ များကို ထိထိ ရောက်ရောက် ဖြေရှင်းနိုင် ရန်အတွက် မူဝါဒ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ် လျက် ရှိသည်။ ကမ္ဘာ့ စီးပွားရေး တိုးတက်မှု နှေးကွေး ရခြင်း၏ အခြား အကြောင်း အရင်း တစ်ချက်မှာ နိုင်ငံ အချို့၏ အားနည်းပြီး ထိရောက်မှု မရှိသည့်ဘဏ္ဍာရေး စနစ်များ၊တင်းကျပ် လွန်းသည့် ငွေကြေး ဆိုင်ရာ မူဝါဒ များကြောင့် ဖြစ်ပြီး ၎င်းမူဝါဒ များသည် ယခုအ ခါ ဥရောပ သမဂ္ဂအဖွဲ့ (EU) အားအကြီးအကျယ် ခြိမ်းခြောက် လျက်ရှိသည်။ အထူးသဖြင့် (EU) အဖွဲ့ဝင် နိုင်ငံများ ဖြစ်သော ဂရိနိုင်ငံ သည် ငွေကြေး အကျပ်အတည်း ပြဿနာနှင့် ရင်ဆိုင် နေရ သကဲ့သို့ စပိန်နိုင်ငံ၏ မြင့်တက် လာသည့် အလုပ်လက်မဲ့ နှုန်းကလည်း အခြေ အနေကို ပိုမို ဆိုးရွား စေခဲ့သည်။

ထို့အပြင် အမေရိကန် ပြည်ထောင်စုသည် လာမည့်နှစ် အစောပိုင်း ကာလတွင် အခွန်တိုးမြင့် ကောက်ခံခြင်း နှင့် ပြည်သူ့ အသုံးစ ရိတ် လျှော့ချ မှုကြောင့် နောက်ဆက်တွဲ အကျိုးဆက် များကို ပြင်ဆင် ထားရန် လိုအပ်ကြောင်း IMF အဖွဲ့က သတိပေး ထားသည် ကို တွေ့ရသည်။

IMF အဖွဲ့၏ ထုတ်ပြန်ချက် အရ ဖွံ့ဖြိုးပြီး နိုင်ငံများ ရင်ဆိုင် နေရသည့် ကြွေးမြီ ပြဿနာ များသည်ကမ္ဘာစစ် ကာလ အတွင်းက ရှိခဲ့သည့် ပမာဏ အထိ မြင့်တက် လာခဲ့ပြီး ယခု အခါတွင် စိုးရိမ်ဖွယ် ရာခိုင်နှုန်း ၁၁ဝ အထိ တိုးမြင့်လာ ခဲ့သည်။

ထို့ကြောင့် ကမ္ဘာ့ စီးပွားရေးသည် ရေရှည်၌ တိုးတက် ဖွံ့ဖြိုး လာခြင်း မရှိပါက စီးပွားရေးသည် အဆိုး ဘက်သို့ ဦးတည်လျက် ရှိပြီး ထွက်ပေါ်လာမည့် အကျိုးဆက် များသည် EU အဖွဲ့ဝင် နိုင်ငံ အများစုနှင့် အခြား ဖွံ့ဖြိုးပြီး နိုင်ငံများ အတွက် ခြိမ်းခြောက်မှု တစ်ရပ် အဖြစ် ပြောင်းလဲလာ နိုင်ဖွယ် ရှိကြောင်း ဂျပန် နိုင်ငံတွင် ကျင်းပခဲ့သည့် IMF အဖွဲ့၏ နှစ်စဉ် ပြုလုပ်မြဲ အစည်း အဝေးတွင် အဖွဲ့ကြီး၏ အကြီး အကဲ ခရစ္စတင်း လာဂါ့ဒ် က ပြောကြား ခဲ့ခြင်း ဖြစ်သည်။


  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်