Subscribe to our RSS Feed

ပြုပြင်ပြောင်းလဲရေးများ ဆက်လုပ်ပါက မြန်မာ အာရှ၏ စီးပွားရေးနိုင်ငံဖြစ်လာနိုင်ဟု IMF ပြောကြား


မြန်မာနိုင်ငံသည် ကျယ်ပြန့်သော ပြုပြင်ပြောင်းလဲရေးများကို ဆက်လက်လုပ်ဆောင်ပါက အာရှ၏ စီးပွားရေးအားကောင်းသည့်နိုင်ငံ ဖြစ်လာနိုင်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ကပြောကြားလိုက်သည်။ အဖွဲ့မှ ထုတ်ပြန်ခဲ့သော ကြေညာချက်၌ IMF ၏ မြန်မာပြည်မစ်ရှင်အကြီးအကဲ မီရယ်ကာရာဆူလူက "ခိုင်မာအားကောင်

းတဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာနဲ့အတူ မြန်မာနိုင်ငံဟာ သူ့ပြည်သူတွေရဲ့ ဘ၀နေထိုင်မှု အဆင့်အတန်းကို ကြီးမားစွာ မြှင့်တင်နိုင်မယ့် အလားအလာရှိထားပြီး အာရှရဲ့(စီးပွားရေး) နောက်ထပ်ကြယ်တစ်ပွင့်အဖြစ် ပေါ်ထွက်လာနိုင်ပါတယ်"ဟု ပြောထားသည်။ ကာရာဆူလူသည် မြန်မာဘဏ္ဍာရေးဝန်ကြီး၊ ဗဟိုဘဏ်အကြီးအကဲနှင့် အခြားအဆင့်မြင့် အရာရှိကြီးများကို တွေ့ဆုံဆွေးနွေးခဲ့ပြီး အစိုးရသည် လျင်မြန်သော ပြုပြင်ပြောင်းလဲမှုများကို ၂၀၁၁ မှစ၍ ပြုလုပ်လာခဲ့ကြောင်း ပြောသည်။

မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာကြာအောင် စစ်အုပ်ချုပ်ရေးအောက်၌ စီမံခန့်ခွဲမှုအလွဲများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ အထီးကျန်ခဲ့ရမှုတို့ကြောင့် အာရှ၏ အဆင်းရဲဆုံးနိုင်ငံများထဲမှတစ်ခု ဖြစ်ခဲ့သည်။
Myanmar Express

1 comments:

မြန်မာမှာနျူကလီးယားဆောင်ရွက်မယ်ဆိုရင်တောင်
ပိုင်ဆိုင်လို့ရပါတယ်။
နိုင်ငံတကာကငမ်းငမ်းတက်လိုချင်နေတဲ့သတ္ထုပစ္စည်းတွေကို
မြန်မာအစိုးရကပေါပေါနဲ့အလွယ်တကူရနိုင်တဲ့နည်းလမ်းတွေ
အများကြီးရှိပါတယ်။
တနေ့အာရှမှာမြန်မာ့စီးပွားရေးဟာအကောင်းဆုံးနိုင်ငံဖြစ်လာမှာပါ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်