Subscribe to our RSS Feed

ရခိုင်လူငယ် ရတနာများသို့ 

From : ခိုင်အောင်ကျော် ( နယူးယောက် )


ဒေါ်အောင်ဆန်းစုကြည် လေဆိပ်မှထွက်ခွာလာစဉ်လမ်းတွင်ဆန္ဒပြနေသော ရခိုင်တိုင်းရင်းသားများ။



ဒေါ်အောင်ဆန်းစုကြည် လေဆိပ်မှထွက်ခွာလာစဉ် ရှစ်မိုင်လမ်းဆုံတွင်
ကုလားမစုကြည် အလိုမရှိဟူသောစာတန်းကိုင်ဆောင်ဆန္ဒပြနေသူများ




ဒေါ်အောင်ဆန်းစုကြည် လေဆိပ်မှထွက်ခွာလာစဉ် ရှစ်မိုင်လမ်းဆုံတွင်
ကုလားမစုကြည်အလိုမရှိဟူသောစာတန်းကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်စီးနင်း
လာသောမော်တော်ယာဉ်အားဆန္ဒပြနေသောပြည်သူများ။


ဒေါ်အောင်ဆန်းစုကြည် လေဆိပ်မှထွက်ခွာလာစဉ် ရှစ်မိုင်လမ်းဆုံတွင်
ကုလားမစုကြည်အလိုမရှိဟူသောစာတန်းကိုင်ဆောင်ပြီးဆန္ဒပြနေသူများအား ဒေါ်အောင်ဆန်းစုကြည်၏
လုံခြုံရေးတာဝန်ယူထားသူများမှ လိုက်လံထိုးကြိတ်နေပုံများ
 
ကျွန်တော်ကား အထူးပင်အားရ ကြေနပ်မိသည်မှာ ပြောပြစရာ စကားလုံးရှာမရနိုင်တော့ ။ မည်သည့်အတွက်ဆိုလျှင် ယခုအချိန်မှာ ရခိုင်လူငယ် မောင်မယ်တို့ မှာ စုစုစည်းစည်းနှင့် အဖရခိုင်ပြည်နယ်အရေးကို စိတ်အားတက်ကြွစွာဖြင့် တိုင်ပင်ဆွေးနွေးနေကြသည်ကို မြင်ရသောကြောင့်ဖြစ်သည် ။ အားလုံးသိကြသည့်အတိုင်း ရခိုင်ပြည်နယ်မှာ ပရိဒေ၀မီး တောက်လောင်ခံစားနေကြရသည် ။ တတ်နိုင်သည့်ဖက်က ကူညီထောက်ပံ့နေကြသည် ။ အနာဂါတ်တွင် ၄င်းကဲ့သို့ မဖြစ်ပွါးရအောင် မည်သို့ မည်ပုံ ကာကွယ်ကြရမည်ကို တွေးတောနေကြရသည် ။

     ကျွန်တော်တို့  ငယ်ငယ်တုံးက တခုခုအရေးရယ် အကြောင်းရယ်ဖြစ်လာပြီဆိုလျှင် လူငယ်လေးတွေကသာ ဦးဆောင်ခဲ့ ကြသည်ချည်း ။ အမျိုးသမီးတွေက ဘယ်တော့မှဖြင့် မပါ ။ ခုတော့ ယင်းသို့ မဟုတ်တော့ပြီ ။ အချိန်ကာလတို့ က အတွေးအခေါ်များကို ၀ါးမျိုပြောင်းလဲခဲ့ ပြီ ။ အမျိုးသမီးငယ် လေးတွေက တန်းတူ ပါဝင်ဆွေးနွေးနေသော ရခိုင်ပြည်နယ် အရေးကို မြင်ရသောကျွန်တော့အဖို့  စိတ်ထဲမှာ တခုခုပြောချင်လာသည် ။ သူတို့ လေးတွေကို အားပေးချင်လာသည် ။ လူဆိုသည်က သက်ရှိသတ္တ၀ါထဲမှာ ဥဏှောက်ညဏ်အရှိဆုံး သတ္တ၀ါဖြစ်သည် ။ စားမှု ၊သောက်မှူ ၊ နေမှု ထိုင်မှု စသော လူမှုခပ်သိမ်းအရာမှန်သမျှကို လူသားသည် တွေးတောကြံဆ ဖန်တီးခဲ့ ရသည် ။ ထို့ ကြောင့် လူဆိုသည်မှာ နိုင်ငံရေးသတ္တ၀ါဖြစ်သည်ဟု အတွေးအခေါ်ပညာရှင်များက ဖွဲ့ ဆိုထားသည် ။ သည်တော့ ကျွန်တော်တို့  ရခိုင်ပြည်နယ်က ချစ်စဖွယ်မိန်းခလေးငယ်တို့ မှာ တိုင်းပြည်ဂုဏ်ဆောင် နိုင်ငံရေးသမားလေးတွေ ဖြစ်လာကြပေပြီဆိုလျှင် မှားလိမ့်မည်မဟုတ် ။

    ယခုခေတ်ကား လွပ်လပ်ပွင့်လင်းသော ခေတ်ဆီသို့  ကမ္ဘာကြီးက သယ်ဆောင်နေပြီဖြစ်သည် ။ မျက်စိကိုပိတ် နားကိုပိတ် ပါးစပ်ပိတ်ထားသော မျောက်သုံးကောင် ဇါတ်လမ်းမျိုးနဲ့  နေလို့ ထိုင်လို့ မရတော့ ။ လူတွေက ဖြတ်သန်းသွားနေချိန်မှာ ကိုယ်က ကျန်ရစ်နေ၍ - ချန်နေခဲ့ ၍ မဖြစ် ။ ကိုယ့်ပါတ်ဝန်းကျင်က ကျန်ရစ်ခဲ့ မည်ကို သိရဲ့ သားနဲ့  မျက်ကွယ်ပြုကာ ထားခဲ့ ရမည့်အချိန်မဟုတ်တော့ ။ လက်တွဲခေါ်ယူ သွားကြရမည့် အချိန်ဖြစ်နေပြီ ။ စုစည်းရမည့်အချိန်ဖြစ်နေပြီ ။

    လူငယ်ဆိုသည်မှာ ဖြတ်လပ်သွက်လက်သူများ ၊ စိတ်အားထန်သန်သူများ ၊တက်ကြွသူများ ဖြစ်ရာ မည်သည့်လုပ်ငန်းမဆို အောင်မြင်အောင် လုပ်ကိုင် နိုင် ဖန်တီးနိုင်ကြသည် ။ စည်းစနစ်ကျစွာနှင့် လုပ်တ်ကိုင်တတ်ရန် သာလိုသည် ။ ရပ်ကွက်မှသည် မြို့ ရွာ ပြည်နယ် နှင့် သက်ဆိုင်ရာ ဗဟိုအထိတိုင် အဖွဲ့ အစည်းကို ကော်မတီဝင်များနှင့် ဖွဲ့ စည်းပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေများဖြင့် ဖွဲ့ စည်းရမည်သာဖြစ်သည် ။ အဖွဲ့ အစည်းတခုမှာ ဖွဲ့ စည်အုပ်ချုပ်ပုံအခြေခံဥပဒေရှိမှသာ ၄င်းအဖွဲ့ ၏ ဥပဒေအတိုင်း ဆောင်ရွက်သွားရခြင်းဖြစ်သည် ။ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက ချုပ်ကိုင်ထားမှုကို နှစ်ပတ်လည်ညီလာခံများ ကျင်းပကာ ပြန်လည်ရွေးချယ်သော ကော်မီတီဝင်များနှင့် တိုးတက်ကောင်းမွန်သော ဥပဒေအချက်အလက်များကို ဖြည့်စွက်ပြုပြင် ဆောင်ရွက်သွားရန်သာလိုပါသည် ။ မိမိတို့ အဖွဲ့ တွင် တာဝန်ခံ ( ဥက္ကဋ္ဌ - အတွင်းရေးမှူး - ဘဏ္ဍာရေးတာဝန်ခံ ) တို့ မရှိဘဲ အားလုံးကို ဗိုလ်ချုပ်ကဲ့ သို့  ၀ီစီမှုတ်သည့်သူများလို  တန်းတူထားလို့ ကတော့ ၄င်းအဖွဲ့ မှာ မကြာမှီ ပျက်စီးပြီး ရေရှည်ခံမည့် အဖွဲ့ အစည်း မဟုတ်သလို တယောက်မျက်နှာ တယောက် မကြည့်နိုင်သော အခြေအနေများကို ရောက်သွားတတ်ပါသည် ။ ၄င်းကဲ့ သို့  ဖွဲ့ စည်းအုပ်ပုံအခြေခံ ဥပဒေမရှိဘဲနှင့် အခြားလူမျိုးများ ဖွဲ့ စည်းထားသလို ငါတို့ လည်းဖွဲ့ စည်းထားမှ ဆိုကာ ဖွဲ့ စည်းထားခြင်းသည် မဖွဲ့ စည်းဘဲ ထားလျှင်ပင် အကောင်းဆုံးဖြစ်သည်ဟု ပြောချင်သည် ။

     ယခုစစ်တွေမြို့ မှ ၀ံလက်ဖေါင်ဒေးရှင်းမှ ကြီးမှူးပြီး ရခိုင်ကွန်ယက်များ စည်းဝေးခြင်းနှင့် ရန်ကုန်ရှိ ရခိုင်လူငယ်များကွန်ယက် စည်းဝေးဆွေးနွေးနေခြင်းများကို ကြားသိမြင်တွေ့ နေရရာ ကျောင်းသားကျောင်းသားများကို မြင်တွေ့ ရ၍ နှစ်ထောင်အားရဖြစ်မိပါသည် ။ ကျွန်တော်လိုချင်သည်မှာ ၄င်းကွန်ယက်ထဲမှ သမိုင်းသုတေသီ စာရေးဆရာတွေ ၊ အင်္ဂလိပ်စာတတ် ဆရာတွေ ၊ စာရေးဆရာတွေ ၊ ကဗျာဆရာတွေ ၊ နိုင်ငံရေးခေါင်းဆောင်တွေ ဖြစ်လာစေချင်ပါသည် ။ ယင်းဆုတောင်း မပြည့်ဟု မည်သူမျှ မပြောနိုင် ။ သူတို့ ကို ကျွန်တော် အထူးအားကိုးသည် ။ ခေတ်ကစကားပြောနေပြီဖြစ်ရာ သူတို့ သည် ကျွန်တော်တို့ အဖရခိုင်ပြည်နယ်အတွက် မျိုးဆက်သစ်ရတနာများဖြစ်သည် ။ မျိုးဆက်သစ်ရတာနာများကို မြေစမ်းခရမ်းပျိုးကာ ရေလောင်းပေါင်းသင် ပြုစုပေးရမည့် တာဝန်မှာ ကျွန်တော်တို့ တာဝန်ဖြစ်သည် ။

       မကြာခင်ကမ္ဘာကြီးမှ နုတ်ဆက်ထွက်ခွါသွားမည့် ကျွန်တော်တို့ မှာ ကျန်ရစ်ခဲ့ မည့် မျိုးဆက်သစ်ရတာနများအတွက် တုခု ပြုလုပ်ပေးထားရမည်ဖြစ်သည် ။ ယင်းမှာ အမျိုးချစ်စိတ်ကို  သူတို့ ရင်ဘတ်ထဲမှာ မွေးဖွါးသန့် စင် ကိန်းအောင်းစေရေးအတွက် တယုတယ ချော့မြူဖေးမ ပြောဆိုခဲ့ ရမည်ဖြစ်သည် ။ ကျွန်တော်တို့ ၏ အားမန်နှင့် သတ္တိကို သူတို့ လေးတွေ၏ မာကြောနေသော နှလုံးသားထဲမှာ သံမဏိကဲ့ သို့  ဖြစ်ပေါ်စေရန်အတွက် သွေးသစ်လောင်းအားဖြည့်ပေးရန်လိုအပ်သည် ။ ကွယ်လွန်သွားကြပြီဖြစ်သော ရခိုင်သမိုင်းဆရာကြီး၏ ပေစာကျောက်စာကို မဖတ်တတ်ခဲ့ ရရှာသော ကျွန်တော်တို့ ၏ မျိုးဆက်သစ် ရတနာလေးများကို ကျွန်တော်တို့ သည် ရှေးခေတ်ရခိုင်ယဉ်ကျေးမှု၏ သမိုင်းချက်မြုပ်နေရာ အရပ်ဒေသတွင် ဖတ်တတ်လေ့လာအောင် သင်ကြားစေရမည်ဖြစ်သည် ။  သမိုင်းက မီးမောင်းထိုးပြနေသည်ကို အလွမ်းပြေကြည့်ယင်း အနာဂါတ်ကို မျှော်လင့်ထားရဲသော သတ္တိနှင့် အားမန်တို့ မှာ ပင်လယ်ပြင်ကို ဖြတ်ရသော်လည်း ဖြတ်ရဲရမည့် စိတ်ဓါတ်မျိုး ရှိနေစေရမည်ဖြစ်သည် ။

     ကျေးတောရွာထဲက သင်ပုန်းကြီးအပဲ့ နှင့် စာရေးနေခဲ့ သော လူငယ်တဦးမှာ ဒေါက်တာဘွဲ့ ရပြီး မြို့ ပြမှာ ကြီးပြင်းလှုပ်ရှားနေသည်ကို မျိုးဆက်သစ်ရတနာလေးတွေက သိဖို့ လိုအပ်သည် ။ ဘုန်းကြီးကျောင်းမှာ ကပ္ပိယနေခဲ့ သော သူတဦးမှာ နိုင်ငံရေးခေါင်းဆောင် ဖြစ်နေသည်ကို သူတို့ လေးတွေ သိစေချင်ပါသည် ။ လူဆိုသည်မှာ  ပါရမီက တဦးနှင့် တဦး မတူညီသော်လည်း တူညီသည်မှာ သေခြင်းတရားဆိုသော အရာက  အတူတူပင်ဖြစ်သည် ။ ထို့ ကြောင့် မသေမှီစပ်ကြားမှာ လူ့ ဘ၀တလျှောက်လုံး မိမိမြို့ ရွာ မြို့ နယ် ပြည်နယ် နိုင်ငံ အတွက် သမိုင်းတွင်ရစ်အောင် မိမိက ဘာများ ပြုလုပ်ဆောင်ရွက်ခဲ့ သနည်းဆိုသော မေးခွန်းကို ဖြေဆိုရဲရမည်ဖြစ်သည် ။ ခုခေတ်က စွန့် လွှတ်ရဲသောခေတ်ဖြစ်နေပြီ ။ ခေါင်းဆောင်ဖြစ်လိုလျှင် စွန့် လွှတ်ရဲသည့် စိတ်ဓါတ်ရှိရန်လိုသည် ။ အနာဂါတ်ကို လျှောက်လှမ်းရဲရမည့် ခေတ်ကာလဖြစ်နေပြီ ။  လက်တွဲမည့်သူများက မိမိအနီးမှာ ရှိနေပြီဆိုလျှင် အတူလက်တွဲ လျှောက်ကြရုံသာ လိုသည် ။ သို့ မှသာ မျိုးဆက်သစ်ရတာနာလေးများအဖို့  အားကောင်းမောင်းသန် ရှိကြလေမည်ဖြစ်သည် ။ သို့ သော် မည်သည့်စကား မည်သည့်အကြောင်းအရာကိုမျှ လွယ်လွယ်နှင့် မယုံကြည်ဖို့ သာလိုသည် ။ မိမိတို့ အဖွဲ့ အစည်း၏ စည်းကမ်းများနှင့် ဥပဒေများကို တိကျစွာ လိုက်နာပြီး ဆောင်ရွက်သွားကြမည်ဆိုလျှင် မည်သူမျှ ကျားဆွဲမခံရချေ ။


   Myanmar Express 

5 comments:

thank you bro..good idea..carry on,,

jingo..

ယင်လတ်နဲ့ကြတော့အိုဘားမားကဖန်ခွက်ချင်းပဲထိလို့ရ
တယ်
ဒေါ်စုနဲ့တွေ့မှပဲမျက်နှာချင်းကပ်ရင်ချင်းအပ်ဖင်ချင်းထပ်ပြီးသံဝါသပြုလို့ရတော့တယ်

ဒေါ်စုရေ ရခိုင်ကိုသစ္စာဖောက်တဲ့ခင်ဗျားကြီး ရခိုင်မြေကို
ဘယ်တော့မှခြေချဖို့ မစဉ်းစားနဲ့တော့ ကျုပ်တို့ဆီမဲလာ
ဆွယ်ရင် မဲတော့မရဘူး ခဲ(ဂဲ)ပဲရမယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်