Subscribe to our RSS Feed
မတည်ငြိမ်သော ဒေသအတွင်း မှ အာဏာလွန်ဆွဲပွဲများ
ရောင်းရင်းများခင်ဗျား -- ဒီသတင်းလေးကို ဖေါ်ပြပေးနိုင်ပါရန် လေးစားစွာ အကူအညီတောင်းခံအပ်ပါသည်။
                                    ခင်မင်စွာဖြင့်
                                                                 ခေတ်သစ်
 ကချင်ပြည်နယ် ၊ ပူတာအိုခရိုင်၊ ဆော့လောမြို့နယ် ၊လန်ဆယ်ဒေသတွင် ယခင် တပ်မတော်အစိုးရ လက်ထက်က နယ်မြေအေးချမ်း ခဲ့သော်လည်း ပါတီစုံဒီမိုကရေစီခေတ်ရောက်သောအခါ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုများ ပျက်ပြား လာပြီး ငြိမ်းချမ်းရေးကို နိုင်ငံတော်အဆင့် ကော်မတီများ သတ်မှတ်ဖွဲ့စည်းပြီး ပြည်နယ်အတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို  အစိုးရမှ အကောင် အထည်ဖေါ်ဆောင်ရွက်လျှက်ရှိနေပါသည်။
          လန်ဆယ်ဒေသသည် ယခင်က သွားရေးလာရေး ခက်ခဲပြီး ပူတာအိုမှ ခြေလျင်ခရီးဖြင့်သာ သွားလာနိုင်သော ဒေသ တစ်ခုဖြစ်ပါသည်။ ထိုအချိန်ကာလ သက္ကရာဇ်အားဖြင့် (၂ဝဝ၆)ခုနှစ်တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ ပြည်သူ့ စစ်အဖွဲ့ကို လန်ဆယ် နယ်မြေကာကွ ယ်စောင့်ရှောက်ရေးနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် သောင်းကျန်းသူ ဆန့်ကျင်ရေးနာမည်ဖြင့် ဒေသခံလူငယ်များကို စုစည်းကာ ပြည်သူစစ်(ဌာနေ)အဖွဲ့ကို ရဝမ်တိုင်းရင်းသား ဦးအားတန် ဦးစီးကာ ဖွဲ့စည်းပေးခဲ့ပါသည်။ ဦးအားတန် ဦးစီး ဒေသခံပြည်သူစစ်အဖွဲ့ သည် လန်ဆယ်ဒေသတွင် မြေ အနေအထားအရ အဓိကကျသော နေရာ(၁၁)ခုအား စခန်းငယ်များဆောက်လုပ်ပြီး နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို တစ်ဖက်တစ်လမ်းမှ ဦးထမ်း၊ပဲ့ထမ်း ဆောင်ရွက်လာခဲ့ပါသည်။ဒေသခံလူငယ်များအနေဖြင့်လည်း နိုင်ငံတော် နှင့် တပ်မတော်တို့မှ လက်နက်တပ်ဆင်ပေးထားခြင်းကြောင့် မိမိဒေသလုံခြုံရေးအတွက် မိမိတို့ကိုယ်တိုင် စောင့်ရှောက် လာရသောကြောင့် ၄င်းတို့ကိုယ်တိုင် များစွာဂုဏ်ယူလျှက်ရှိနေကြပါသည်။
          လန်ဆယ်ဒေသ သည် ဒေသခံ ရဝမ် တိုင်းရင်းသားအများစုနှင့် တရုတ်ပြည်မှ ရွှေ့ပြောင်းလာရောက်နေထိုင်သော လီဆူး တိုင်းရင်းသားများ တို့ အများဆုံးနေထိုင်သော ဒေသတစ်ခုဖြစ်ပါသည်။ နယ်မြေအားဖြင့် ဆော့လော်မြို့နယ်အတွင်း တည်ရှိသောလည်း နယ်မြေအားဖြင့် မြန်မာပြည် ၏အစွန်အဖျား ကျရောက်ခြင်း၊ ပူတာအိုသို့ဆက်သွယ်လိုပါက ခေါင်လန်ဖူးမြို့နယ်နှင့် နီးစပ်သည့် အတွက် ခြေလျင်ခရီးဖြင့်သာ ပညာရေး ၊ကျန်းမာရေးနှင့် စားဝတ်နေရေး ကိစ္စများကို ဖြေရှင်းခဲ့ရပါသည်။ (၂ဝဝဝ)ပြည့်နှစ်လွန်များတွင် ဖီမော်ဖက်မှ ကားလမ်းပေါက်လာသည့် အတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလာခဲ့ပါသည်။
မီးစတစ်ဖက် ရေမှုတ် တစ်ခွက် စွဲကိုင်လာသည့်  NDAK
          -ဦးစခုန်တိန့်ယိမ်းခေါင်းဆောင်သည့် NDAK အဖွဲ့သည် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖြစ် မော်တော် ကားလမ်းဖေါက်လုပ်ရေးလုပ်ငန်းများလုပ်ကိုင်လာသည့်အတွက် ဒေသခံပြည်သူများမှ ဝမ်းသာ ကျေနပ်ကာ ကျေးဇူးတင် ရသော်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရောနှောကာ တရုတ်နိုင်ငံဖက်မှ ဒေသတွင်း အခြေချနေထိုင်လာသော  လီဆူး နှင့် ဒေသခံလီဆူးလူငယ်များကို မသိနားမလည်မှုကို အခွင့်ကောင်းယူကာ တရားဝင်မဟုတ်သော လက်နက် တပ်ဆင်ပေးမှုများကြောင့် ယခင်ရှိရင်းစွဲ ဦးအားတန် ဦးဆောင်သည့် ဌာနေပြည်သူ့စစ်အဖွဲ့များနှင့် ဝိရောဓိများ ဖြစ်ပွား ရတော့ပါသည်။
အဆိုးဝါးဆုံးမှ ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် မသက်ဆိုင်သည့် ဒေသငယ်လေးအတွင်းမှ လက်နက်ကိုင် အဖွဲ့ငယ်များ  ဖန်တီးလာခြင်းပင်ဖြစ်ပေသည်။ရက်စွဲအားဖြင့် (၁၈-၁၁-၂ဝ၁၂)ရက်နေ့တွင် NDAK အဖွဲ့မှ ဦးစခုန်တိန့်ယိမ်း၊ ဦးဘောမ်လန်း၊ဦးထော်ခေါင် စသည့် ခေါင်းဆောင်များမှ စေလွှတ်လိုက်သည့် ဟုပြောကာ စစ်ကြောင်းမှူး တိန်းဇယ်၊ဒုတိယစစ် ကြောင်းမှူး  ပီတာ(ခ)ဆီးဂျီးဇယ် နှင့် ဦးလန်းနုဇုန်း တို့ ဦးဆောင်သော လက်နက် ကိုယ်စီကိုင်ဆောင်လာသော အင်အား (၂၅)ဦးသည်  လန်ဆယ်ဒေသတွင်းရှိ လာပေါလော် ဂွင် အတွင်းဝင်ရောက်လာခဲ့ပါသည်။၎င်းလာပေါလောဒေသသည် တရုတ်ပြည် လူခူးမှ ကားလမ်း ပေါက်သောကြောင့် ပြည်သူ့စစ်ဌာနေ အဖွဲ့မှ ဒေသတွင်းလုံခြုံရေးအတွက် ကင်းစခန်း ချထားသော ဂွင်တစ်ခုဖြစ်ပါသည်။အဆိုပါ ဝင်ရောက်လာသောအဖွဲ့သည် ဦးစခုန်တိန့်ယိမ်း ၏အမည်ကို မလျောသြဇာ သုံးကာ ဌာနေပြည်သူ့စစ် အဖွဲ့များကို ဖယ်ရှားရန် အတင်းအကြပ်ခြိမ်းခြောက်ခြင်း(သို့တည်းမဟုတ်) အသံတိတ်အာဏာ သိမ်းယူခြင်းကို ဆောင်ရွက်သွားကြောင်း သိရှိရပါသည်။
 အသံတိတ်အာဏာသိမ်းပြီးနောက် လာပေါလော ဌာနေပြည်သူ့ စစ် စခန်းနှင့် ကိုက်(၁ဝဝဝ) ခန့်အကွာနေရာတွင် တစ်ခု ၊သုံးလမ်းဆုံးတွင် တစ်ခု ယာယီစစ်စခန်းများဆောက်လုပ်ကာ တရုတ်ပြည်မှ ဝင်ရောက်နေထိုင်လာသည့် လီဆူးလူငယ်(၅ဝ)ခန့်ကို စုစည်းကာ လက်နက်တပ်ဆင်ပေးခြင်းဖြင့် အာဏာ စက် ကို တိုးချဲ့လာပါသည်။၎င်းအပြင် (၂ဝ-၁၁-၂ဝ၁၂)ရက်နေ့တွင် ဖလားရပ်မားမျိုးနွယ်စုနေထိုင်သော နေအိမ်တစ်လုံး ကိုလည်း အတင်းအဓမ္မ သိမ်းပိုက်ကာ  တရုတ်ပြည်ဘက်မှ ဝင်လာသော ကားများကို တစ်စီးလျှင် တရုတ်ငွေ ယွမ်(၁ဝဝဝ) နှုန်း ကောက်ယူကာ အကောက်စခန်းပင်ဖွင့်နေပြီဖြစ်ပါသည်။
မြစ်ကြီးနားမှ ရောက်လာသော အာဏာရှင် တစ်ဖွဲ့
          -         လန်ဆယ်ဒေသအထက်ပိုင်းတွင် ဦးစခုန်တိန့်ယိမ်း ခေါင်းဆောင်သည့် NDAK အဖွဲ့ မှ အသံတိတ် အာဏာ သိမ်းယူပြီးနောက် လန်ဆယ်ဒေသတွင်းသို့ မြစ်ကြီးနားမြို့ ခေမာသီရီရပ်မှ ဦးအားဖူး၊ ဦးမောရှီ(မန်ခရိန်)၊ဦးရဲဆာ (ဒဘန်းခါ) တို့သည် လိုင်စင်မဲ့ကားဟု ယူဆရသော ကားအား (လန်ဆယ် ဒေသပြည်သူ့စစ်တာဝန်) ပါ စာတမ်းများကပ်ကာ လန်ဆယ်ဒေသသို့ ဝင်ရောက်လာပြန်သည်။ ၄င်းတို့ထံတွင် နယ်ခြားစောင့် တပ်ရင်းအမှတ် (၁ဝဝ၁)၏တပ်ရင်းမှူးထောက်ခံ ချက်ဖြင့် နာဘောဖုန်ရွာ၊ လာကာရွာနှင့်အမယ်လော်ရွာများတွင် ပြည်သူ့စစ် အမာခံ(၆ဝ)ဦးအား စုဆောင်းကာ သင်တန်း(၁)လပေးရန် အစီအစဉ်ရှိသည်ဟူသော စာတစ်စောင်ပါလာပါသည်။
လန်ဆယ်ဒေသငယ်လေးအတွင်းမှ လက်နက်စွဲကိုင်အားပြိုင်မှုများ
          -         လန်ဆယ်ဒေသငယ်လေးသည် ဆော့လော်မြို့နယ်အတွင်းတည်ရှိပြီး  ခေါင်လန်းဖူးမြို့နယ်နှင့် နီးကပ်ကာ တရုတ်-မြန်မာ နယ်စပ်တွင် အဓိကကျသော နေရာငယ်လေးတစ်ခုဖြစ်ပါသည်။ ဌာနေပြည်သူ့စစ်များမှ ဒေသလုံခြုံရေး နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်အစိုးရ လက်ထပ်မှစတင်ကာ ယနေ့ထိ တာဝန်ထမ်းဆောင်နေသော်လည်း  ဒေသဖွံ့ဖြိုးရေးအမည်ခံ လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့ NDAK (ဖျက်သိမ်း) မှ လည်းကောင်း၊ နယ်ခြားစောင့် တပ် ကျောထောက် နောက်ခံပြု အဖွဲ့များကြောင့်လည်းကောင်း ၊KIA သောင်း ကျန်းသူများကြောင့် လည်းကောင်း ဒေသတွင်း အာဏာ လွန်ဆွဲမှု များကြောင့် ငြိမ်းချမ်းနေသော လန်ဆယ်ဒေသတွင်း လက်နက်စွဲကိုင် အငြင်းပွားမှု မဖြစ်လာစေရေး လိုအပ်လာပါသည်။
အလားတူ မေခမြစ်ရိုးတစ်လျှောက်ရှိ  ချီဖွေ၊ ဆော့လော ဒေသများတွင် KIA မှ ၄င်းတို့ သြဇာ သက်ရောက်စေရေးအတွက်  ဒေသခံ တိုင်းရင်းသားမျိုးနွယ်စုများများအချင်းချင်း စိတ်ဝမ်းကွဲအောင် ဖန်တီလျှက်ရှိနေပါသည်။
ယနေ့နိုင်ငံတော် အနေဖြင့် ပြည်ထောင်စုစိတ်ဓါတ်အပြည့်အ၀ဖြင့်  အားလုံးစုစည်းဆောင်ရွက်နေချိန်တွင်  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ၊ မျိုးနွယ်စုများ အချင်းချင်း စိတ်ဝမ်းကွဲအောင် ဆောင်ရွက်နေမှုများသည် ကချင်ပြည်နယ်၏ရင်နင့်ဖွယ် ဖြစ်ရပ် များပင် ဖြစ် ပါတော့သည်။
၎င်းအပြင် ကချင်ပြည်နယ် ဒေသတစ်ခုလုံးအတွက်လည်း ဖွံ့ဖြိုးမှုများကို နောက်ကျကျန်ရစ်စေ သည့် လက်နက်စွဲကိုင် တိုက်ခိုက်မှုများအမြန်ဆုံးအဆုံးသတ်နိုင်ရေးအတွက် ငြိမ်းချမ်းစွာ အဖြေရှာ သင့်နြေ ပီဖြစ်  ကြောင်း တင်ပြလိုက်ရပါသည်။                                                                                                                                                                                                                                            ဗျူဇော်တေ
  Myanmar Express 
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်