Subscribe to our RSS Feed

ဧရာဝတီတံတား(ရတနာသိင်္ဃ) သံပေါင်များ ပြန်လည် တပ်ဆင်ရေးနှင့် ရန်ကုန်မြို့ ဧရိယာအတွင်း တံတားလေးစင်း တည်ဆောက်ရေး လုပ်ငန်းများဆွေးနွေး

From : မြဝတီ


ဧရာဝတီတံတား(ရတနာသိင်္ဃ)တံတားသံပေါင်များအမြန်ဆုံးဆယ်ယူနိုင်ရေး သံပေါင်များသတ်မှတ်အချိန်ထက်စော၍အမြန်ဆုံး ရောက်ရှိအေ
ာင် ဆောင်
ရွက်ပေးရန်နှင့် သံပေါင်များပြန်လည်တပ်ဆင်သည့်အခါ ငလျင်ဒဏ်ခံနိုင်
ရန်အတွက် ကြိုတင်ကာကွယ်ထားရှိ ရမည့် နည်းပညာ အကူအညီပေးရေး တို့နှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ China CAMC Engineering Co., Ltd. ဒုတိယဥက္ကဋ္ဌ Mr. Jin Yongxue ဦးဆောင်သော အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဝန်ကြီးရုံး၌ တွေ့ဆုံဆွေးနွေးကြသည်။

ထို့နောက် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ဧရာဝတီတံတား(ရတနာ သိင်္ဃ) တည်ဆောက်ရေး စီမံကိန်းမှ ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးသူများ၏ မိသားစုများအားChinaCAMCEngineeringCo.,Ltd.ဒုတိယဥက္ကဋ္ဌက ထောက်ပံ့ငွေကျပ်သိန်း ၁ဝဝ ကို ပေးအပ်လှူဒါန်းရာ ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်လင်းက လက်ခံခဲ့သည်။

အလားတူ ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်မြို့ ဖွံ့ဖြိုးရေးစီမံချက်ပါ တံတားစီမံကိန်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးအား ကိုရီးယားသမ္မတနိုင်ငံ DASAN Consultants ကုမ္ပဏီ President and CEO, Mr. Jeong Ho KIM နှင့်အဖွဲ့က မွန်းလွဲ ၂ နာရီတွင် လာရောက်တွေ့ဆုံ ဆွေးနွေးသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စု ဝန်ကြီးက ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်မြို့ ဖွံ့ဖြိုးရေး စီမံချက်အတွက် ရန်ကုန်မြို့ ဧရိယာအတွင်း တံတားလေး စင်းဖြစ်သည့် ဘုရင့်နောင်တံတား အမှတ်(၂)၊ ဒလတံတား၊ ကြည့်မြင်တိုင် (အေးရွာ)တံတားနှင့် ဝါးတရာတံတား တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ နှစ်နိုင်ငံ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ခြင်း၊ တင်ဒါခေါ်ယူခြင်း၊ ပုံမှန်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြား သည်။

ယင်းနောက် DASAN Consultants ကုမ္ပဏီ President and CEO က အဆိုပါတံတားများကို ကိုရီးယား သမ္မတနိုင်ငံမှ ODAအနေဖြင့် ချေးငွေရယူ တည်ဆောက်ပါက အတိုးနှုန်း သက်သာမည်ဖြစ်ကြောင်း၊ တံတားများ တည်ဆောက်ရာတွင်ကုန်ကျစရိတ်၏၇ဝရာခိုင်နှုန်းကိုကိုရီးယားသမ္မတ
နိုင်င်ငံ ODA ဖြင့် သုံးစွဲနိုင်ပြီး ကျန် ၃ဝ ရာခိုင်နှုန်းနှင့် ပြည်တွင်းရေးရာ ကုန်ကျစရိတ်များကို မြန်မာဘက်မှကျခံရန်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြော ကြားခဲ့ ကြောင်းသတင်းရရှိသည်။

 Myanmar Express 

1 comments:

ယင်လတ်နဲ့ကြတော့အိုဘားမားကဖန်ခွက်ချင်းပဲထိလို့ရ
တယ်
ဒေါ်စုနဲ့တွေ့မှပဲမျက်နှာချင်းကပ်ရင်ချင်းအပ်ဖင်ချင်းထပ်ပြီးသံဝါသပြုလို့ရတော့တယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်