Subscribe to our RSS Feed

အသုံးမကျ (၂) နှစ် ~ ၂၀၁၀ နိုဝင်ဘာမှ ၂၀၁၂ နိုဝင်ဘာထိ ဘာမှတိုးတက်အောင် လုပ်နိုင်ခြင်းမရှိသော ဒေါ်အောင်ဆန်းစုကြည် (အပိုင်း - ၄)


တစ်ဖက်သက်လျှောက်နေသည့် ဒေါ်အောင်ဆန်းစုကြည်အား အခွင့်အရေးပေးသည့်အနေဖြင့်  ၂၀၁၁ သြဂုတ်လ ၁၉ ရက်နေ့ နေပြည်တော်မှာ စတင်ပြုလုပ်သည့် နိုင်ငံတော်အဆင့် ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအား တက်ရောက်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရမှ တရားဝင် ဖိတ်ကြားခဲ့သည်။ သြဂုတ်လ (၁၇) ရက်နေ့တွင် မျှော်လင့်မထားပဲ ဖိတ်စာရောက်လာခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်မှ ကြည်နူးဝမ်းသာလျှက် ရှိသော်လည်း နိုင်ငံတော်အဆင့်အစည်းအဝေးဖြစ်ခြင်း၊ အစည်းအဝေးမှာ စီးပွားရေးဆိုင်ရာ အစည်းအဝေးဖြစ်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်မှာ စည်းပွားပိတ်ဆို့မှုကို အားပေးထောက်ခံထားသူဖြစ်ခြင်း၊ အစည်းအဝေး တွင် မိန့်ခွန်းပြောကြားသူများ၏ နိုင်ငံတော်အဆင့် အရေးပါသော အကြောင်းအရာများအား နားလည်နိုင်စွမ်းမရှိခြင်း တို့ကြောင့် စိုးရိမ်မှုများရှိခဲ့သည်။ ထို့ကြောင့် အစည်းအဝေးကို ၁၅ မိနစ် ခန့်သာ ထိုင်ပြီးနောက် ပြန်လာခဲ့သည်။ ထိုအစည်းအဝေးမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကြောင့် များစွာ အနှောက်အယှက်များ ကြုံခဲ့ရည်။


နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်မှ အစည်းအဝေးတက်ရောက်ရန် ပြင်ဆင်နေခိုက် နေပြည်တော်သို့ ပထမဆုံးရောက်ဖူးသည့် ဒေါ်အောင်ဆန်းစုကြည်မှ သမ္မတကြီးဦးသိန်းစိန်အား အတင်းအကျပ်တွေ့ခွင့်တောင်းခဲ့သဖြင့် တွေ့ခဲ့ရာ သမ္မတကြီးဦးသိန်းစိန်မှာ တစ်နာရီ ခန့် အစည်းအဝေးတတ်ရောက်ရန် နောက်ကျခဲ့ရသည်။


ဒေါ်အောင်ဆန်းစုကြည်၏ မဆင်မခြင်လုပ်ဆောင်မှုကြောင့် အစည်းအဝေးတက်ရန် စောင့်နေကြသည့် အဖွဲ့အစည်းပေါင်းဆုံမှ အရေးပါသည့် ပုဂ္ဂိုလ်များစွာ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များစွာ၊ သတင်းယူသည့် သတင်းထောက်များစွာ အတွက် အချိန် တစ်နာရီကျော် စောင့်မျှော်ခဲ့ကြရပြီး အားလုံးကလည်း စိတ်ပျက်ခဲ့ကြရသည်။ အချို့ဆိုလျှင် နောက်ထပ်အစည်းအဝေးများကျင်းပချိန် တွင် ဒေါ်အောင်ဆန်းစုကြည် ကို အစည်းအဝေးသို့ ဖိတ်ကြားပါက မတတ်ပဲနေရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။


လူထုအတွက် အရေးပါသည့် နိုင်ငံတော် အဆင့် အစည်းအဝေးအား ၁၅ မိနစ်နှင့် လှည့်ပြန်ခဲ့သည့် အသက် ၆၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် သုဝဏ္ဏ ဘောလုံးကွင်းတွင် ကျင်းပသော ဘောလုံးပွဲအား အပြီးထိ ကြည့်ရှုအားပေးခဲ့သဖြင့် လူထုက ပိုမိုစိတ်ပျက်ခဲ့ကြသည်။ အသက် ၆၇ နှစ်အရွယ် မြန်မာ အဖွားအို များသည် အများအားဖြင့် တရားစခန်း တွင်သာ အချိန်ကုန်လေ့ရှိကြပြီး ဘောလုံးပွဲ သွားကြည့်သူမှာ မရှိသလောက် ဖြစ်သည်။ 



စက်တင်ဘာလ ၈ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ရန်ကုန်ခရော်နီကယ်၏ မေးမြန်းချက်အား ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည် ဖြေကြားခဲ့ရာ ၌ “အန်တီ မှားခဲ့ရင်၊ ကျရှုံးခဲ့ရင် အန်တီတာဝန်ယူမယ်” လို့ သူမ၏လူ(အတိုက်အခံ) များသို့ ရည်ရွယ်တဲ့အာမခံ စကားတစ်ခုကိုထည့်သွင်းဖြေကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရရဲ့ အသုံးချ ခံရမှာကို မမှုကြောင်း ပြောဆိုအပြီးမှာ ဒီစကားနဲ့ပတ်သက်ပြီး ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ကြားလာရပါတယ်။ အထူးသဖြင့် အမေစု အမေစု ဆိုပြီး ထောက်ခံနေတဲ့ အတိုက်အခံအင်အားစုတွေနဲ့ ၊ တော်လှန်ရေးသမားတွေကပါ မကျေမနပ်ဖြစ်နေကြပါတယ်။ အရင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတွေက ရှေ့စကား နောက်စကား မညီတတ်တာကို အားလုံးကလည်း သတိထားမိပြီးသားလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရရဲ့ အသုံးချခံရမှာကို မကြောက်ဘူးဆိုရင် အရင်ကတည်းက အမျိုးသားညီလာခံကို တက်သင့်ကြောင်း၊ ရွေးကောက်ပွဲကို ဝင်သင့်ကြောင်း၊ အခုမှ သမ္မတ ဦးသိန်းစိန်နဲ့ နှစ်ယောက်တည်း စကားပြောခွင့်ရတာလေးနဲ့ ကြေနပ်နေခြင်းက အရင်တုန်းက လက်တွဲလုပ်ခဲ့သူတွေ၊ တော်လှန်ခဲ့သူတွေကို မထီမဲ့မြင် ပြုခြင်းဖြစ်ကြောင်းကို မြန်မာပြည်တွင်းက အမည်မဖော်လိုသူ မြေအောက် တော်လှန်ရေးသမားတစ်ဦးက ပြောပါတယ်
၂၀၁၁ စက်တင်ဘာ  ၂၇ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ NLD ရုံးမှာ ၂၃ နှစ်ပြည့် မွေးနေ့ ကျင်းပခဲ့ပါတယ်။ NLD ရဲ့ မွေးနေ့ပွဲမှာ NLD ဥက္ကဌကတော့ ထုံးစံအတိုင်း မလာခဲ့ပါဘူး။ အသက် အရမ်းကြီးပြီး အိပ်ယာထဲမှာလဲနေလို့ ဖြစ်ပါတယ်။ NLD ဥက္ကဌ ဦးအောင်ရွှေ အိပ်ယာထဲ လဲနေပြီး မထနိုင်တာ အခုမှ မဟုတ်ပါဘူး။ နှစ်အတော် ကြာနေပါပြီ။ ဒါပေမယ့်လည်း သူကိုယ်တိုင်က NLD ဥက္ကဌ ရာထူးကနေ ဆင်းမပေး တာလား၊ NLD ပါတီဝင်တွေက ပင်စင်မပေးသေးတာလား၊ ဒါမှ မဟုတ် NLD ရဲ့ ပင်စင် ခံစားခွင့်က အသက် ၁၂၀ မှ စ တာလား ဆိုတာ ကို မေးခွန်းတွေ ထုတ်ခဲ့ကြတာ အတော်ကြာပြီ ဖြစ်ပါတယ်။ NLD နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကတော့ NLD ရဲ့ ပင်စင် သက်တမ်း စချိန်က အသက် ၁၂၀ ထက်တောင် ကျော်သေးတယ်လို့ ပြောကြပါတယ်။

ပါတီတစ်ခုရဲ့ ၂၃ နှစ်ပြည့်မွေးနေ့ကို ပါတီ ဥက္ကဌ မလာနိုင်ပေမယ့်လည်း ဒုဥက္ကဌကပဲ ဦးဆောင်ပြီး လုပ်ခဲ့ပါတယ်။ ဒုဥက္ကဌကလည်း အသက်ကတော့ ဦးအောင်ရွှေနဲ့ နင်လား ငါလား ပါပဲ။ ပြီးခဲ့တဲ့ လပိုင်းအတွင်းကမှ စင်္ကာပူမှာ မျက်စိခွဲပြီး ပြန်လာတာပါ။ နောက်တစ်ယောက် ဖြစ်တဲ့ ဦးတင်ဦးကလည်း NLD မှာ သေချာတဲ့ ရာထူးတော့ ရမထားပါဘူး။ ဒါပေမယ့် ဦးအောင်ရွှေ နားရင် ဥက္ကဌ ဖြစ်ဖို့ ထင်ကြေးတွေ ပေးနေကြပါတယ်။ သူလည်း အသက်ကတော့ မငယ်ပါဘူး။ ဆေးရုံက ဆင်းလာတာတောင် တစ်လ ကျော်ပဲ ရှိပါသေးတယ်။ နောက်ဆုံး တစ်ယောက်ကတော့ အထွေးဆုံးလေး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။ အထွေးဆုံးလေး ဆိုလို့ ရင်မခုန်ပါနဲ့ အသက် ၆၇ နှစ်ရှိပါပြီ။ အပြင်ထွက်ရင်တော့ အားလုံးက ဖွားဖွား လို့ ခေါ်ကြပေမယ့် NLD မှာတော့ မစု မစု လို့ပဲ အခေါ်ခံရပါတယ်။ ဒီလောက်ဆိုရင် ကျန်တဲ့လူတွေ အသက်ဘယ်လောက် ရှိလည်း ဆိုတာကို ကိုယ်ဘာကိုယ်သာ ခန့်မှန်းကြည့်ပါတော့။


မွေးနေ့ပွဲမှာ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စင်ပေါ်တက်ပြီး စကားတွေပြောခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် စကားပြောချိန်မှာ NLD ရုံးမှာ ထမင်းချက်နေသူများ၊ ဆေးကြော သန့်ရှင်းရေးလုပ်သူများကို အထူးကျေးဇူးတင်ကြောင်း ပြောကြားသွားပါတယ်။ ပုံမှန်အားဖြင့်တော့ မြန်မာနိုင်ငံမှာ အခုလို ထမင်းချက်ပေးသူတွေနဲ့ ဆေးကြောသူတွေကို ကျေးဇူးတင်စကားကို အလှူအိမ်တွေမှာပဲ ပြောတတ်ပါတယ်။ အခုလို ကမ္ဘာကျော် ၉၀ ရွေးကောက်ပဲ အနိုင်ရ နိုင်ငံရေး ပါတီ ကြီးရဲ့ ရုံးမှာ ကမ္ဘာကျော် နိုဘယ်ဆု ရထားတဲ့ လူက ထမင်းချက်ပေးသူတွေနဲ့ ဆေးကြောသူတွေကို အထူးကျေးဇူး တင်ကြောင်း ပြောတာကြောင့် လူအများ အံ့အားသင့်ကြရပါတယ်။ အချို့ကတော့ ဒါက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လှည့်ကွက် ဖြစ်ကြောင်း ပြောကြပါတယ်။

NLD ၏ ကျေးဇူးရှင်ကြီးများ

ဒေါ်အောင်ဆန်းစုကြည် ဘောလုံးပွဲ သွားကြည့်တုန်းက နိုင်ငံရေးဆိုတာ ဘောလုံးနဲ့ တူတယ် ဆိုတဲ့ ပိုစ့်တွေ အများအပြားထွက်ပေါ်လာခဲ့ပါတယ်။ အခုလည်း နိုင်ငံရေးဆိုတာ အလှူအိမ်နဲ့တူတယ်၊ ဒါမှ မဟုတ် နိုင်ငံရေးဆိုတာ ထမင်းအိုးနဲ့ တူတယ် ဆိုတဲ့ ပိုစ့်တွေ ထွက်လာနိုင်ကြောင်း ဝါရင့် ဘလော့ဂါ တစ်ဦးက ထင်ကြေးပေးပါတယ်။

အမည်မဖော်လိုတဲ့ NLD ပါတီဝင် တစ်ဦးကတော့ NLD ရုံးမှာ နေ့စဉ်ထမင်းကျွေးကြောင်းကို အခုလို ပြောပါတယ်။ "ရုံးမှာက တစ်နေ့ကို ဆန်တစ်တင်းခွဲချက်လောက်က နေ့စဉ် ချက်ရတယ်... မနက်စာ ညစာ နေ့တိုင်းကျွေးတယ်လေ.. ပါတီပျက်လို့ မဖြစ်ဘူး... ပါတီပျက်ရင် ကျွန်တော်တို့ အကုန် ငတ်သွားမှာပေါ့... ဒီမိုကရေစီတွေ၊ ရွေးကောက်ပွဲတွေက အရေးမကြီးဘူး.. နေ့စဉ် မနက်စာ၊ ညစာ ပုံမှန် စားနေရဖို့က အရေးကြီးတယ်... အမေစု ပြောသလိုပဲ ထမင်းချက်တဲ့သူတွေကို ကျွန်တော်တို့လည်း အထူးကျေးဇူးတင်တယ်...." လို့ ဆက်ပြောပါတယ်။

ကျေးဇူးရှင်ရေ နောက်တစ်ပွဲ
စားကြ စားကြ အားမနာနဲ့ ပိုက်ဆံလိုရင် ဈေးရောင်းပွဲတွေ ထပ်လုပ်မယ်


အားပေးပါအုံး ဆရာလေး.. ရုံးမှာ ထမင်းကျွေးဖို့ပါ

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က NLD ထဲကို ဘယ်သူမှ အတင်းမဝင်ခိုင်းကြောင်းနဲ့ မနေချင်ရင် ထွက်သွားနိုင်ကြောင်း၊ မနေချင်လို့ထွက်သွားသူတွေလည်း ရှိကြောင်း ပြောခဲ့ပါတယ်။ NLD ထဲမှာ လူကြီးများနဲ့ လူငယ်များ သွေးကွဲခဲ့ကြဖူးပြီး လူငယ်များက NLD မှ ထွက်ခွာသွားကြဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဦးခင်မောင် ဆွေတို့ကို မကျေနပ်လို့ ပြောတာ ဖြစ်နိုင်လား မေးချိန်မှာတော့ အမည်မဖော်လိုတဲ့ NDF ပါတီဝင်တစ်ဦးက အခုလို ပြောပါတယ်။

"သေချာတာပေါ့ဗျာ... ကိုခင်မောင်ဆွေ တို့ ဦးသိန်းညွန့်တို့ကို ပြောတာပေါ့.. ဒေါ်စုက ခုထိ အစာမကြေဘူး.. ခမောက် မစောင်းတော့တာသာ ကြည့်လေ..." လို့ပြောပါတယ်။


ခေါင်းအုံးပိုက်ပြီး ရုံးတက်တဲ့ ဒေါ်စု
ရုံးအိပ်၊ ရုံးစား ဆိုတာ သူပေါ့

ဒုဥက္ကဌ ဦးတင်ဦးကတော့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့တွေ့ဆုံမှုအပေါ် ကြိုဆိုထောက်ခံကြောင်း အပါအဝင် အခြားအကြောင်းများကို ပြောကြားခဲ့ပါတယ်။

ဦးဝင်းတင်ကတော့ NLD က ဖောင်စီး နေကြောင်း၊ ဦးဝင်တင်ရဲ့ စိတ်ထဲမှာ တောတိုးနေသလို ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။ ပြောကြားစဉ် တစ်လျှောက်လုံးမှာ ဦးဝင်တင်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု အောက် မှာ ရှိကြောင်း စကားလုံးကို အကြိမ်ကြိမ်အခါခါ ပြောခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ NLD ဝင်တစ်ဦးကတော့ နောက်တစ်ဆက် ဥက္ကဌဖြစ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အသံကို နားထောင်မယ် ဆိုတဲ့ ကောလ ဟာလ တစ်ခု ထွက်ခဲ့ဖူးတာကြောင့် ဦးဝင်တင်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အတင်းဖားနေရကြောင်းကို အခုလို ပြောပြပါတယ်။

"အရင် ဘဘဦးအောင်ရွှေက ပြုတ်တော့မှာ... ဖြုတ်ထုတ်သတ် အစီစဉ်ရှိတယ်... ဘဘဦးအောင်ရွှေတို့.. ဘဘဦးတင်ဦးတို့က ကျတော့ အုပ်ချုပ်မှု အတွေ့အကြုံတွေ ရှိတယ်လေ... ဘဘဦးတင်ဦးကကျတော့ သတင်းစာမှာ ဆောင်းပါးပဲ ရေးလာတာဆိုတော့ ဥက္ကဌဖြစ်ဖို့ အရည်အချင်း သူ့မှာမရှိဘူး... ဒါကြောင့် အန်တီစုကို အမြဲဖားနေရတာ... ဒီရက်ပိုင်း အင်တာနက်ပေါ်မှာ နောက်တစ်ဆက် ဥက္ကဌဖြစ်ရေးမှာ အန်တီစု အသံ နားထောင်မယ် ဆိုတဲ့ ကောလဟာလ တွေ ထွက်လာတာကြောင့်လည်း ပါတာပေါ့... " လို့ ပြောပါတယ်။

ဦးအောင်ရွှေဟာ ဒေါ်အောင်ဆန်းစုကြည်ကို အတွင်းရေးမှူး တာဝန်မှ ထုတ်ပယ်ခဲ့ဖူးပြီး၊ အစိုးရရဲ့ အမျိုးသားညီလာခံကို တက်ခဲ့ဖူးသူဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို အိမ်မှာပဲနေခိုင်းပြီး ရုံးမတက်ခိုင်းတော့တာလို့လည်း သူက ဆက်ပြောပါတယ်။

" ဘဘဦးအောင်ရွှေက ကျတော့ ... ဂန္ဒီခန်းမ အစည်းဝေးမှာ ၉၀ ရွေးကောက်ပွဲရလဒ်ကိုအကောင်ထည်မဖေါ်နိင်ခဲ့ဘူးလေ... ပြီးတော့ အန်တီစု ကို အထွေအထွေအတွင်းရေးမှုးတာဝန်ကနေ ထုတ်ပယ်ခဲ့ဖူးတယ်... ပြီးတော့ အမျိုးသားညီလာခံကိုသွားတက်ခဲ့ဘူးတယ်.... သူ့ သြဇာခံ နောက်လိုက်တွေနဲ့  ဒီချုပ်အမှုဆောင် တွေကို ဖွဲ့ စည်းခဲ့ဖူးတယ်။ ဒါ့အပြင် အဖွဲ့ ချုပ်အတွက် အနစ်နာခံဆောင်ရွက်နေတဲ့ အဖွဲ့ ဝင်တွေကို ထုတ်ပယ်ခဲ့ဖူးတယ်...။ အဆိုးဆုံးကတော့ အန်တီစု နဲ့ အကျဉ်းကျခံခေါင်းဆောင်တွေကို ထုတ်ပယ်ပြစ်ပြီး ရွေးကောက်ပွဲဝင်ဖို့ ကြံတယ်လေ။ ဒါကြောင့် NLD မှာ သူက နာမည်ခံပဲ ရှိတော့တာ အန်တီစုက လုံးဝ ဘဘဦးအောင်ရွှေကို လုံးဝ မကြည်ဘူး... လမ်းတွေ့တာနဲ့ မျက်နှာလွှဲတယ်.. စကားလည်း မပြောဘူး.. " လို့ ဆက်ပြောပါတယ်။
ဒါ့အပြင် သူကပဲ ဆက်ပြီး
"အသက် ကြီးလို့ အိမ်မှာနေခိုင်းမယ်ဆိုရင် တစ်ယောက်မှတောင် ရုံးတက်ရမှာ မဟုတ်ဘူးလေ.. ဘဘဦးတင်ဦး နဲ့ ဘဘဦးဝင်းတင် ဆိုရင် ဘဘဦးအောင်ရွှေနဲ့ အသက်မှ မကွာတာ.. ဒါပေမယ့် သူတို့က ကျတော့... အန်တီစု တစ်ခွန်းဆို တစ်ခွန်းပဲ.. အကုန်ကြောက်ရတယ်... ဘဘဦးတင်ဦးဆိုရင် အရမ်းအနိမ်ခံရတာ... မစု ရယ်.. မဟုတ်ပါဘူး... ဆိုပြီး... တောင်းပန်ရတာ ခဏခဏ ပဲ ... ဘဘဦးဝင်းတင်ကတော့ လည်တယ်.. အန်တီစုကို အမြဲ မြှောက်ပေါင်းတယ်လေ..." လို့ ဆက်ပြောပါတယ်။

NLD အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားမှာ အနှစ် ၃၀ နေပြီး ပြန်အလာမှာ
၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက် မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။


မြစ်ကြီးနား အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ဝေဖန်ရေးလုပ်ဆောင်သူ ဇာဂနာ ရဲ့ တစ်ရက်နှစ်ရက်အတွင်း စည်းမဲ့ကမ်းမဲ့နဲ့ ကရားရေလွှတ်ပြောနေတဲ့ စကားတွေအတွက် အလွန်အင်မတန် စိုးရိမ်မိကြောင်း ဗြိတိန်နိုင်ငံမှ အမည်မဖော်လိုတဲ့ လွှတ်တော်အမတ်တစ်ဦးက ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဇာဂနာ ကဲ့သို့ လက်လွှတ်စပယ် ပြောတတ်တဲ့ အစိုးရအတိုက်အခံကို ဘယ်နိုင်ငံမှာမှ မတွေ့ဖူးကြောင်းနဲ့ သူ့ရဲ့ အပြောအဆိုအတွက် ပြန်တောင်းပန်သင့်တယ်လို့ ပြောခဲ့ပါတယ်။ သူ့အနေနဲ့ အရင်တုန်းက ဇာဂနာကို အလွန် အထင်ကြီးခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဇာဂနာဟာ အိုင်ကျူ ၅၀ ရှိသူတွေကို လွှတ်တော်ထဲမှာ ဘာဆွေးနွေးခဲ့လဲဆိုပြီး မိန်းမဆန်စွာ ပုတ်ခတ်ပြောဆိုခဲ့ပါတယ်။ ဇာဂနာရဲ့ ပြောဆိုချက်က တစ်ကမ္ဘာလုံးမှ ရှိသမျှ လွှတ်တော်အမတ်တွေ အားလုံးကို စော်ကားလိုက်ခြင်းဖြစ်ကြောင်း ဝါရှင်တန်မှ ဥပဒေ ပညာရှင်တစ်ဦးက ပြောပါတယ်။
သမ္မတကြီး ဦးသိန်းစိန် အစိုးရ၏ ဦးဆောင်မှု အောက်တွင် နိုင်ငံတကာနှင့် မြန်မာပြည်သူလူထုမှ ချီးကျူးရသည့် အထိ ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြင့်တက်လာနေသည်။
ထိုကဲ့သို့ ဦးသိန်းစိန်အစိုးရ၏ အစိုးရသက်တမ်း ၁ နှစ်မပြည့်ခင်မှာပင် ပြောင်းလဲမှု များစွာ ဖြစ်ထွန်းလာခဲ့သလို တိုးတက်မှု များစွာ ဖြစ်ပေါ်လာခဲ့သည်။ လက်ရှိအစိုးရနှင့် ဆန့်ကျင်ဘက် NLD သည်ကား နှစ်ပေါင်း၂၀ ကျော်ကြာခဲ့ပြီဖြစ်သော်လည်း ပြည်သူလူထု၏ တိုးတက်ရာတိုးတက်ကြောင်းကို သာမန် ပရိဟိတ အဖွဲ့တဖွဲ့ ထက် ပိုအောင် မလုပ်နိုင်သေး။


NLD ပါတီအနေနဲ့ အခုချိန်မှာ မှတ်ပုံတင်ခြင်းက မှန်ကန်တယ်လို့ ရွေးချယ်လျှင် အရင်တုန်းက မှတ်ပုံမတင်ခဲ့ခြင်းက မှားယွင်းခဲ့ကြောင်း ဝန်ခံရမည်ဟု ဒီငြိမ်းပါတီ (ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ) မှ ဦးမျိုးညွန့် မှပြောကြားလိုက်ပါတယ်။

NLD ဟာ အရင်ကတည်းက မှတ်ပုံတင်သင့်သော်လည်း မှတ်ပုံမတင်ခဲ့ကြောင်း၊ အနှစ် ၂၀ ကျော် ဒီမိုကရေစီလှုပ်ရှားမှုမှာ NLD အပါအဝင် တခြား ဒီမိုကရေစီ ပါတီအားလုံးရဲ့ အဖြစ်မရှိမှုကြောင့် ဘာမှ မယ်မယ်ရရဖြစ်မလာခဲ့ကြောင်း၊ ၂၀၀၈ အခြေခံဥပဒေကို အရှိအတိုင်း လက်ခံပြီး ၂၀၁၀ ရွေးကောက်ပွဲကို မှတ်ပုံတင် ဝင်ရောက်ခြင်းကသာလျှင် ဝေဒနာ အနည်းဆုံးနဲ့ ဒီမိုကရေစီကို သွားတဲ့ အကောင်းဆုံးနည်းလမ်းဖြစ်တာကြောင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ အနေနဲ့ ပါတီမှတ်ပုံတင်ကာ ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့ကြောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဒီလမ်းကို မရွေးခဲ့တာကြောင့် မှားယွင်းခဲ့ကြောင်း၊ အခုချိန်မှာ အဲဒီအမှားကို ပြင်သင့်ပါကြောင်းအပြင် NLD အနေနဲ့ မှားယွင်းခဲ့ကြောင်းလည်း နိုင်ငံတော်၊ ပြည်သူလူထုနဲ့ ပြည်ထောင်စုတစ်ခုလုံးကို ဝန်ခံပြီးမှ မှတ်ပုံတင်ဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

NLD ဟာ ၂၀၁၀ ခုနှစ် နိုဝင်ဘာ (၇) ရက်နေ့က ရွေးကောက်ပွဲ ကျင်းပစဉ်မှာ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ပါတယ်။ NLD ထဲမှ လူငယ်အချို့ကတော့ NLD ကို စွန့်ခွာပြီး NDF ပါတီ ကို တည်ထောက်ကာ ပါတီ မှတ်ပုံတင်၍ ရွေးကောက်ပွဲ ဝင်ခဲ့ပါတယ်။
အဲဒီချိန်တုန်းကတော့ ပြည်တွင်း ပြည်ပ မှာရှိတဲ့ အတိုက်အခံ အင်အားစုများနဲ့ အတိုက်အခံ မီဒီယာတွေ အားလုံးက ရွေးကောက်ပွဲ မဝင်သင့်ကြောင်းနဲ့ ပါတီ မှတ်ပုံမတင်သင့်ကြောင်း တွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပေမယ့် အခုချိန်ကျပြန်တော့လည်း ပါတီကို မှတ်ပုံတင်သင့်ကြောင်းတွေကို ပြန်လည်ဖော်ပြနေကြတာ တွေ့ရပါတယ်။ ဒါ့အပြင် အရင်တုန်းက NLD ကို စွန့်ခွာသွားသူတွေကိုလည်း ရှုံ့ချခဲ့ကြပြီး ၊ လွှတ်တော်ထဲရောက်မှ တိုက် မည်ဆိုသည့် စကားကို လှောင်ပြောင်ခဲ့ကြတာတွေရှိခဲ့ပါတယ်။ အခုချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို စွန့်ခွာသွားသူတွေအတိုင်း လိုက်လုပ်သင့်ကြောင်းနဲ့ လွှတ်တော်ထဲရောက်မှ တိုက်သင့်ကြောင်းတွေ ကို ရှေ့မျက်နှာနောက်ထားပြီး ပြန်လည် ဝေဖန်လာကြပြန်ပါတယ်။

NLD ပါတီ မှတ်ပုံ တင်ရေး၊ မတင်ရေးအတွက် မနက်ဖြန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်မှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်က လွတ်ခဲ့တာ တစ်နှစ် ပြည့်တဲ့အထိ ဘာမှ ရေရေရာရာ လုပ်ပြနိုင်သေးခြင်း မရှိသေးပါဘူး။ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် အရေးမပါတဲ့ ဓာတ်ပုံပြပွဲ၊ ကာရာအိုကေဆိုပွဲ၊ ကဗျာပြိုင်ပွဲ၊ ရုပ်ရှင်ပြပွဲ၊ ပန်းချီပြပွဲတွေနဲ့ ကန်တော့ပွဲတွေကိုတော့
NLD ပါတီ အတွင်းမှာလစဉ် ကျင်းပ လျှက်ရှိပါတယ်။
 
 
ယခုနှစ် နိုင်ငံရေး ရာသီတွင် အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ရသည့် ဒေါင်းပုံ အစား တခြား ဘယ် တိရစ္ဆာန် ကို ထပ်မံ ချိတ်ဆွဲ ကိုးကွယ် သင့်ကြောင်းကို ဒေါ်လာစား အတိုက်အခံများ သာမက ကိုယ့်ထမင်းကိုယ်စား အတိုက်အခံများ ဆီကပါ အကြံရယူခဲ့ရာ ၁၉၃ ဦးတွင် ၁၁၂ ဦးက လင်းတ ကို မဲပေးခဲ့ပြီး ၅၈% ဖြင့် ကြွက်၊ ခွေး၊ ကျီးကန်း၊ ကြမ်းပိုးနှင့် ဖားတို့အား အပျက်အသက် အနိုင်ယူ အောင်ပွဲခံနိုင်ခဲ့ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။



 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်