Subscribe to our RSS Feed

အဏုမြူလက်နက် မရှိကြောင်း မြန်မာက သက်သေပြရန် IAEA တွင် လက်မှတ်ရေးထိုးရန် အသင့်ဖြစ်နေ

From :ခေတ်လူငယ်

မြန်မာနိုင်ငံတွင် အဏုမြူလက်နက် မရှိကြောင်း မြန်မာအစိုးရက မကြာခဏ ထုတ်ဖော်ပြောကြားခဲ့ပြီး နောက်ဆုံး သက်သေအဖြစ် IAEA (နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ) နှင့် အဏုမြူကင်းရှင်းကြောင်း လက်မှတ်ရေးထိုးရန် အသင့်ဖြစ်နေပြီဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အတည်ပြုလိုက်ကြောင်း ၂၂.၁၁.၂၀၁၂ ရက်က သိရသည်။ “မြန်မာအစိုးရရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်က အလွန်ကောင်းမွန်တဲ့ အပေါင်းလက္ခဏာပါပဲ။ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ယုံကြည်မှု တည်ဆောက်ခြင်း အတွက် နျူကလီးယားကိစ္စ အခိုင်အမာ ရှေ့တိုးလိုက်ခြင်းက ကောင်းမွန်ပါတယ်” ဟု ဝါရှင်တန် အခြေစိုက် နိုင်ငံတကာ လက်နက်မပြန့်ပွားရေး အုပ်စု (ISIS) မှ David Albright နှင့် Andrea Stricker တို့က သုံးသပ်ပြောကြားလိုက်သည်။ Business Times သတင်း၏ ဖော်ပြချက်အရ မြန်မာ အစိုးရအနေဖြင့် နျူကလီးယားဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ အားလုံးကို ကြေညာသွားမည်ဖြစ်ပြီး IAEA ကို လိုအပ်သလို ဝင်ရောက်စစ်ဆေးခွင့် ပြုမည်ဟု သိ၇သည်။ မြန်မာနိုင်ငံသည် IAEA တွင် ၁၉၅၇ ခုနှစ်ကတည်းက ပါဝင်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် အဏုမြူလက်နက် မပြန့်ပွားရေး စာချုပ်ကိုလည်းကောင်း၊ ၁၉၉၅ တွင် နောက်တိုး သဘောတူညီချက် ဖြစ်သည့် စောင့်ကြည့် ထိန်းသိမ်းရေးစာချုပ်နှင့် အရှေ့တောင်အာရှ အဏုမြူကင်းစင်ရေး စာချုပ်၊ ၁၉၉၆ တွင် နျူကလီးယား စမ်းသပ်မှု တားဆီးရေး စာချုပ်ကို လက်မှတ်ရေးထိုးထားပြီး ဖြစ်ကာ ယခုတစ်ကြိမ် လက်မှတ်ရေးထိုးမည်မှာလည်း နောက်တိုးအချက် တစ်ချက်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

   Myanmar Express 

3 comments:

ယင်လတ်နဲ့ကြတော့အိုဘားမားကဖန်ခွက်ချင်းပဲထိလို့ရ
တယ်
ဒေါ်စုနဲ့တွေ့မှပဲမျက်နှာချင်းကပ်ရင်ချင်းအပ်ဖင်ချင်းထပ်ပြီးသံဝါသပြုလို့ရတော့တယ်

အနုမြူ လက်နက် ရှိတော့ရော ...ဖြစ်လားကွာ..,ငါဘယ် ဘက်ကမှမဟုတ် ဘူး ဒါပေမယ့် ငါတို့နိုင်ငံ ငါတို့တိုင်းရင်း သားတွေ အတွက် ငါတို့ သမ္မတကြီး လုပ်စ ရာ ရှိတာတွေ လုပ်နေတယ်။

IAEA---ရေ
နူကလီးယားတော့မရှိဘူးဟေ့!ဂျင်ကလီးယားတော့မင်းတို့ပြန်ရင်လက်ဆောင်ထည့်ပေးလိုက်မယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်