Subscribe to our RSS Feed

ဦးခင်ညွန့် အမျိုးသားနိုင်ငံရေးလုပ်မည်ဟူသောသတင်းသည် ဧရာဝတီ သတင်းဌာန၏ လိမ်ညာထုတ်လွှင့်မှုသာ ဖြစ်

ဘာသာရေးနှင့် လူမှုရေးများကိုသာ တစိုက်မက်မက်လုပ်ဆောင်နေသော သူတော်ကောင်း ဦးခင်ညွန့် မှ အမျိုးသားနိုင်ငံရေးလုပ်မည်ဟူသောသတင်းသည် ဧရာဝတီ သတင်းဌာန၏ လိမ်ညာထုတ်လွှင့်မှုသာ ဖြစ်ကြောင်း သတင်းရရှိသည်။

ရွှေမှော်ဝန်း လူမှုကူညီရေးအဖွဲ့မှ လာမည့် ဒီဇင်ဘာလ ၂ ရက်နေ့ တွင် ကျောက်တန်းမြို့နယ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ဇီဝိတဒါနဆေးကုသမှုအလှူ ပြုလုပ်သွားမည်ဟု အဖွဲ့၏ ရာသက်ပန် နာယက ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က ပြောသည်။

``ကျောက်တန်းမှာ သွားကုဖို့ အားလုံးကြို ပြင်ဆင်ပြီးပါပြီ။ ညှိနှိုင်းပြီးပါပြီ။ ဒါက ပထမဦးဆုံးအကြိမ် ကုသခြင်းပါ။ ကျန်အလှူတွေကတော့ လှူပြီးပါပြီ။ အားလုံးဆက်လုပ်သွားမှာပါ´´ဟု ၄င်းက ထပ်ပြောသည်။

ယင်းဆေးကုသမှုကို အငြိမ်းစားယူထားသော အထူးကုဆရာဝန်ကြီး ၁၅ ဦးခန့်မှ သွားရောက်ကုသပေးမည် ဖြစ်ကြောင်း သိရသည်။

ရွှေမှော်ဝန်းလူမှုကူညီရေးအဖွဲ့သည် ကျောက်တန်းမြို့နယ်အတွင်း လူမှုယဉ်ကျေးမှုများ ပြုလုပ်ရန် ရည်ရွယ်၍ ယခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ယခုအခါ မြန်မာအတိုက်အခံ မီဒီယာများသည် ပရဟိတလုပ်ဆောင်သူများနှင့် ဘာသာရေးလုပ်ဆောင်သူများကိုပါ လုပ်ကြံသတင်းလွှင့် ဝေဖန်တိုက်ခိုက်လျှက်ရှိပြီး ငရဲသို့ ဦးတည်နေကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူများက သုံးသပ်ကြသည်။


 Myanmar Express 

6 comments:

နဝတ နအဖ ခေတ်မှအငြိမ်းစားယူသွားကြတဲ့ဗိုလ်ချုပ်
တွေထဲမှာဦးခင်ညွန့် တစ်ယောက်ပဲသူတော်ကောင်းဖြစ်မယ်ထင် တယ်။
....ဟဲ.....ဟဲ....ဟဲ......

အင်း....ဟုတ်မှာပေါ့။

စောက်ရူး သူလဲဘာကောင် မှ မဟုတ်ဘူး သူ့ ကိုလုပ် ခဲ့ ကြလို့သာ လူတွေ က သနားနေတာ သူလဲသူများကို လုပ် ခဲ့ တာအများကြီး

ဟုတ်လား.......?

ပာုတ် ပ တော်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်