Subscribe to our RSS Feed

လျှပ်စစ်အန္တရာယ် ကင်းဝေးရန်နှင့် ကောင်းမွန်စွာ ဖြန့်ဖြူးနိုင်ရန် ဓာတ်အားလိုင်းများ ပြုပြင်

From : မြဝတီ

လယ်ဝေးမြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ရုံးမှ ဝန်ထမ်းများသည် ပြည်သူများ လျှပ်စစ် အန္တရာယ် ကင်းဝေးပြီး လိုအပ်သော လျှပ်စစ်များအား ကောင်းမွန်စွာ အသုံးပြု နိ
ုင်ရန် ရည်ရွယ်၍ လယ်ဝေးမြို့ ကောင်းသစ်ကျော် လမ်းနှင့် ဘူတာလမ်း တို့တွင် သွယ်တန်းထားသော ဓာတ်အားလိုင်းမှ သစ်သား ဓာတ်တိုင်များနှင့် သစ်သား လက်တန်း များအား ကွန်ကရစ် တိုင်နှင့် သံလက်တန်းများ အစားထိုး လဲလှယ် ခြင်းနှင့် ဓာတ်အားလိုင်း ကြေးကြိုး ဆိုက်ကြီးဖြင့် ပြောင်းလဲ တပ်ဆင်ခြင်း လုပ်ငန်းများကို လူအား၊ စက်အားတို့ဖြင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ အလားတူ လယ်ဝေး ဓာတ်အား ခွဲရုံမှ ရန်ကုန်- မန္တလေး လမ်းဟောင်းအတိုင်း ကြောင်ရေ ကျေးရွာသို့ သွယ်တန်းထားသော အရှည် ၆ မိုင်ခွဲရှိ ၁၁ ကေဗွီ ဓာတ်အားလိုင်းမှ သံတိုင်နှင့် သစ်သား လက်တန်းများကို ကွန်ကရစ် တိုင်နှင့် သံလက်တန်းများ အစားထိုး လဲလှယ် တပ်ဆင်ခြင်း လုပ်ငန်း များကိုလည်း တစ်ပြိုင် တည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

''ယခုလို လိုင်းကြိုးများ ပြန်လည် သွယ်တန်းတဲ့ နေရာမှာ သစ်ကိုင်းများ လူနေအိမ် များနှင့် ကင်းလွတ်သည့် လမ်းကြောင်းကို ရွေးချယ် တည်ဆောက် ပါတယ်။ ဓာတ်တိုင်တွေ ပိုစိပ်သွားတော့ ဓာတ်အားလိုင်းလည်း ပိုတောင့်တင်း သွားမယ်။ နောက်ပြီး လမ်းကြောင်းပေါ်ရှိ မီးမရ သေးသော ကျေးရွာ များကိုလည်း တိုးချဲ့ ဓာတ်အား ပေးသွားဖို့လည်း ရည်ရွယ် တည်ဆောက်တာလည်း ဖြစ်ပါတယ်'' ဟု မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးသန့်လွင်မြင့်က ပြောကြားသည်။ အဆိုပါ လယ်ဝေးကြောင်ရေ ၁၁ ကေဗွီ ဓာတ်အားလိုင်း တစ်လျှောက်မှ ရေ အိုးစင် ကျေးရွာ၊ မြွေရိုးလေး ကျေးရွာ၊ ပတ္တာကျေးရွာ၊ စည်တိုးအောင် ကျေးရွာ၊ ငှက်ပျောတော ကျေး ရွာ၊ ရွှေပြည်အေး၊ သပြေပင်၊ နောင်ဘိုနှင့် ကြောင်ရေ ကျေးရွာများသည် လက်ရှိ လျှပ်စစ်မီး အသုံးပြုလျက် ရှိကြောင်းနှင့် ယင်းလမ်းကြောင်း ပေါ်မှ ကျေးရွာ အချို့သည် မကြာမီ လျှပ်စစ် မီးများ အသုံးပြု နိုင်တော့ မည် ဖြစ်ကြောင်း သိရသည်။

 Myanmar Express 

1 comments:

ယင်လတ်နဲ့ကြတော့အိုဘားမားကဖန်ခွက်ချင်းပဲထိလို့ရ
တယ်
ဒေါ်စုနဲ့တွေ့မှပဲမျက်နှာချင်းကပ်ရင်ချင်းအပ်ဖင်ချင်းထပ်ပြီးသံဝါသပြုလို့ရတော့တယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်