Subscribe to our RSS Feed

ဘာသာရေးနဲ့  လူမျိုးရေး အဓိကရုဏ်းဖြစ်အောင် သွေးထိုး လှုံ့ ဆော်နေသော Eleven Media Group

From : ဥပဒေဆရာတစ်ဦး


ရခိုင်ပြည်နယ်တွင် ဖြစ်ပွားမှုနှင့် ပတ်သက်၍ သတင်းရရင်ပြီးရော၊ နာမည်ကြီးရင်ပြီးရောဆိုတာထက် ပိုကျော်လွန်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့  ဖွနေတဲ့ Eleven Media Group ဟာ ပြဿနာတွေ ကြီးထွားအောင် ဖန်တီးလှုံ့ ဆော်နေတာမို့  မရိုးသားပါ။

ဒီလိုလုပ်နေတာဟာ ပြန်ကြားရေးဝန်ကြီးကျော်ဆန်းနဲ့ အတူ နောက်ကွယ်က ဒီပြဿနာဖြစ်အောင် ဖန်တီးနေတဲ့လုပ်ရပ်ရဲ့  ဆောင်ရွက်ချက်လို့  သက်သေတစ်ခုအနေနဲ့  မီဒီယာလိုင်းကနေ အကွက်ကျကျ စီစဉ်မှုဆိုတာပါဘဲ။

ဒဂုံတက္ကသိုလ် ဥပဒေဌာနက ဆရာတစ်ဦးက အောက်ဖေါ်ပြပါ ရေးသားဖေါ်ပြချက်ဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်မှုအစအဆုံးကို အသေးစိတ် သုံးသပ်ကြည့်ရှူနေကြသူတွေအနေနဲ့  ဒီပြဿနာရဲ့  အခြေခံဟာ ဘယ်သူတွေလည်းဆိုတာ ကြည့်တတ် မြင်တတ်ကြမှာပါ။

ကျွန်တော်က မှန်တာတွေကိုပဲ သိချင်ဖတ်ချင်လို့ EMG ကထုတ်သမျှ edition အားလုံးကို တစ်စောင်မကျန် ( ပိုက်ဆံအကုန်ခံပြီး ) စောင့်ဝယ်ဖတ်ကာ Eleven အတွက်ချည်းပဲ တစ်လကို ငွေ ၆၅၀၀ လောက်သုံးနေတဲ့ EMG ပရိတ်သတ် (ဘက်မလိုက်တဲ့ မြန်မာစစ်စစ်) ဒဂုံတက္ကသိုလ် ဥပဒေဌာနက ဆရာတစ်ဦးပါ။ မကြိုက်တာရေးမိလို့ နာမည်ပြောင်းခေါ်လည်း ဘာတတ်နိုင်မှာတုန်းဗျာ။

EMG ဟာ ဘယ်စာစောင် ဘယ်ဂျာနယ်ကမှ ခဏခဏမပြောတဲ့ စာနယ်ဇင်းကျင့်ဝတ်တွေကို ethic, ethic နဲ့ တဖွဖွပြောတဲ့ဂျာနယ်မို့လည်း သတင်းတင်ပြရာမှာ လူမျိုး၊ ဘာသာ၊ အဖြစ်အပျက်၊ ရှုထောင့်မရွေးဘဲ အလယ်ကနေခဲ့တယ်၊ နေနေတယ်၊ နေဦးမယ်လို့ အမြဲယုံကြည်ပြီး EMG ကိုအားပေးခဲ့တယ်၊ ဒါတွေဟာ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကထိ EMG က ဒီလိုပဲလို့ထင်ခဲ့တာပဲ။

ဒါပေမယ့် Leading Media တစ်ခုဖြစ်တဲ့ EMG က တောက်လျှောက်ကိုင်စွဲလာတဲ့ ethic policy ကို လွတ်လိုက်ပြီလား၊ အရမ်းသိချင်လာပါတယ်၊ ဘယ်သွားမလဲ Eleven? ဘာတွေလုပ်နေတာလဲ Eleven? ကိုယ့်မူဝါဒကို လွှတ်ချလိုက်တာလား? လွှင့်ပစ်လိုက်တာလား? ကိုယ့်ကိုကိုယ် ဘယ်ရောက်နေမှန်းတောင် မမြင်တော့တာလား? EMG ကဆရာတွေ ဘာဖြစ်ကုန်တာလဲ? တောက်လျှောက်အကောင်းလား? အစကတည်းက ဒီလိုလား?

အခုရခိုင်ကိစ္စမှာ ဘယ်ဘာသာကိုပဲ ကိုးကွယ်ကွယ်၊ အလယ်က သတင်းသမားသာ တင်ပြတာမမှန်ခဲ့ရင်၊ ဘက်လိုက်ဇောင်းပေး biased လုပ်ခဲ့ရင် လူမျိုးရေး၊ ဘာသာရေးဆူပူတာ ပိုကြွလာမယ်၊ နှစ်ဖက်လုံး မလိုအပ်ဘဲအသက်စည်းစိမ်တွေ ပိုဆုံးရှုံးမယ်၊ သေးတဲ့အမှု ပိုကြီးလာမယ်ဆိုတာဆိုတာ ဆရာတို့လို တက္ကသိုလ်ကလူတွေ အပါအ၀င် ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံး၊ စာတစ်ကယ်ဖတ်သူအားလုံးနားလည်မှာပါ။

ပထမ- ရခိုင်အမျိုးသမီး တစ်ဦး မုဒိမ်းကျင့်ခံရပြီး ပစ္စည်းယူ၊ အသတ်ခံရတယ်၊ ဘယ်သူကပဲလုပ်လုပ် ရဲပိုင်တဲ့ criminal case ရာဇ၀တ်မှုသာ ဖြစ်တယ်၊ ဒီရက်ပိုင်းဖြစ်သွားတဲ့ ဆရာဝန်မတစ်ဦး ကို သူ့မိတ်ဆွေက ဓါတ်ဆီလောင်း မီးရှို့သတ်တာ၊ ၁၆ လမ်းက ၁၀တန်းဖြေထားတဲ့ ကောင်မလေးတစ်ယောက် လူသတ်၊ ပစ္စည်းယူ၊ မီးရှို့သတ်ခံရတာ၊ ၁၃ နှစ်အရွယ်ကောင်လေးတစ်ယောက်ကို လိင်တူ ယောင်္ကျားချင်းမုဒိမ်းကျင့်၊ ပါးစပ်ပိတ်လူသတ်သွားတာ စတဲ့ဖြစ်စဉ်တွေနဲ့ ဘာမှမကွာလှတဲ့ ဖြစ်စဉ်တူတစ်ခုပါပဲ။ ပြီးခဲ့တဲ့လပိုင်းက ဂျပန်မတစ်ယောက်ကို မြန်မာနှစ်ယောက် မုဒိမ်းကျင့်ပြီး သတ်ပစ်တယ်၊ ဥပဒအရနောင်ကျဉ်နေအောင် မြန်မာပြည်မှာ ဒါကိုလက်မခံဆိုပြီး၊ ထိထိရောက်ရောက်သေဒဏ်ပေးဆော်ထည့်တယ်။ ဒီဟာတွေမှာလည်း ဘယ်ဘာသာဝင်ကလုပ်တယ်လို့ ဘယ်မီဒီယာကမှမရေးဘူး၊ ရေးစရာလည်းမလိုဘူး၊ ရဲကအရေးယူ၊ ထိရောက်တဲ့အပြစ်ဒဏ်ချ၊ ဥပဒေပိုင်းဆိုင်ရာအရ ပြီးပြီ။ မြန်မာနိုင်ငံထဲမှာဖြစ်တယ်၊ မြန်မာတည်ဆဲရာဇ၀တ်ဥပဒေနဲ့ ထိထိရောက်ရောက်ကိုင်ထည့်လိုက်ရင်ပြီးနေပြီ။

ဘာမှဆက်ဖြစ်စရာမရှိဘူးလေ၊ ဒီဟာလေးကို EMG က စဖွတယ်၊ အင်မတန်ထိလွယ်ရှလွယ်တာကို လွယ်လွယ်ရေးချတယ်၊ မွတ်ဆလင်ကုလား usage သုံးပြီး comment တွေရေးခွင့်ပေးတယ်၊ ဘယ်ဘာသာဝင်လို့ ရေးကတည်းက သွားပြီ၊ တင်ပြတာမမှန်တော့ဘူး၊ နောက်ဆက်တွဲ ဘာဖြစ်လာမလဲ သိသင့်တယ်၊ သိသိကြီးနဲ့လွယ်လွယ်ရေးချတယ်၊ လွယ်လွယ်ဖတ်တဲ့ လူအုပ်စုတစ်စုကသွေးကြွတယ်၊ ရပ်ရန် မဟုတ်တဲ့ ဆက်ရန်တွေဖြစ်လာတယ်၊ Eleven ကဘာဖြစ်စေချင်တာလဲ? ဆက်ပြီးတော့ သတ်ကြစေချင်တော့...

ဒုတိယ- တောင်ကုတ်မှာ လူ ၁၀ယောက်(ဆရာကတော့လူလို့ပဲ မြင်မိလို့၊ ဥပဒေအရတော့ နိုင်ငံသားကဒ်တရားဝင်ရှိတဲ့ လက်နက်မဲ့ မြန်မာနိုင်ငံသား ၁၀ယောက်) ကို အခြားသံတုတ်၊ တုတ်ကိုင် နိုင်ငံသား ၂၀၀ ကျော်က မသေမချင်း ဦးနှောက်တွေပွင့်ထွက်တဲ့ထိ ရည်ရွယ်ပြီးစောင့်ပြီးဝိုင်းရိုက်သတ်တယ်၊ သူတို့ ဘာလုပ်မိလို့များဒီလိုတောင် လုပ်ခံထိရတာလဲ၊ သူတို့ကတရားခံတွေမို့လား၊ မြန်မာနိုင်ငံမှာ ဒီလောက်ကြီးတောင် ဥပဒေမဲ့လုပ်ရသလား၊ ဘာသာရေးအဆုံးအမရှိသူတိုင်း၊ တရားရှိသူတိုင်း ယဉ်ကျေးပြီးသူတိုင်း ဒီဖြစ်ရပ်ကိုလက်ခံစရာမရှိပါဘူး၊ သူငယ်ချင်း နိုင်ငံခြားက တက္ကသိုလ်ဆရာတွေကတောင် phone နဲ့ mail နဲ့ မေးတယ်၊ ဘယ်ကစလဲ၊ ပြောပြတော့ ဒီကိစ္စကသေးသေးလေးပဲ၊ ဒီလောက်ကြီးသွားရသလား၊ မင်းတို့လိုဘာသာတရားလေးစားတဲ့နိုင်ငံမှာ ဒီလိုဥကဒေမဲ့လွယ်လွယ်လေးသတ်တာတွေ ရှိနေပြီလားမေးတယ်၊ ဆရာ့မှာ ရှက်စိတ်အပြည့်နဲ့အဖြေမရှိခဲ့ဘူး၊ ဆရာက ဥပဒေသမားမို့ ဥပဒေရှုဒေါင့်ကပဲကြည့်တတ်တယ်။ လူဆယ်ယောက်သေတာကို နောက် လူတွေကပျော်နေရလောက်အောင် မြန်မာတွေကစိတ်ဓါတ်က ဆိုးဝါးအကြမ်းဖက်စိတ်ရှိခဲ့လို့လားဗျာ။ EMG လုပ်ရပ်က နိုင်ငံတကာမှာ မြန်မာသိက္ခာကျစေတာပေါ့၊ ရခိုင်ပြည်နယ်ကို နိုင်ငံခြားက လာရောက်လည်ပတ်ချင်သူ၊ ရင်းနှီးမြှပ်နှံချင်သူတွေ ဘယ်လာရဲတော့မလဲ၊ မျက်တောင်တဆုံးပဲ ဆက်ကြည့်တတ်တော့ EMG က ဆက်ဖွနေတယ်၊ ဆက်ဆွနေတယ်၊ ဘယ်ဂျာနယ်ကမှ ရခိုင်အရေးနဲ့ပတ်သက်ရင် သတိကြီးကြီးထား မတိမ်းစောင်းစေဘဲ မဖွဘဲရေးတယ်။

The Voice တို့လို့ဂျာနယ်အကြီးတွေတောင် ပြသနာပိုကြီးထွားမသွားစေချင်လို့ media သမားပီပီသသနဲ့ comment တွေကိုပိတ်ထားတယ်၊ Eleven ကတော့ လွယ်လွယ်ရေးခွင့်ပေးလို့ comment တွေ အပြန်အလှန် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ရေးကြပြန်တယ်၊ ဆရာသိသလောက် ဘယ်မြန်မာလူမျိုးမှမရိုင်းပါဘူး၊ Eleven Site ထဲမှာ ဘယ်သူမှဖတ်လို့မရလောက်အောင် ဆဲဆိုနေတာတွေက မြန်မာ reader တွေ ရေးတင်တာလို့ ကျွန်တော်တော့မယုံကြည်ဘူး။ EMG ကလူတွေပဲ ပြသနာကြီးထွားလာအောင် comment တွေထိုင်ပေးနေသလား ထင်ရလောက်အောင်ပါပဲ။ Eleven ကဘာဖြစ်စေချင်တာလဲ? ဆက်ပြီးတော့ သတ်ကြ ၊ ဆူပူကြဖြစ်စေချင်တော့...

တတိယ- မောင်တောကိစ္စဖြစ်လာတယ်၊ တစ်ဖက်ဖက်ကို အလွန်အကျွံ နှိပ်ကွတော့ ပြန်ကြွတတ်တာ မသိလို့လား၊ comment တွေ၊ သတင်းတွေ တစ်ဖက်သတ်ဖြစ်ကုန်တယ်၊ တောင်ကုတ်မှာ လူ ၁၀ယောက်ကို မသေမချင်း ဦးနှောက်တွေပွင့်ထွက်တဲ့ထိ ရိုက်သတ်ခံရတဲ့ ဓါတ်ပုံတွေကိုတောင် မတင်ခဲ့တဲ့ Eleven က မောင်တောမှာ မီးရှို့တာ၊ အပြန်အလှန်ချကြတာတွေကို အချိန်နဲ့တစ်ပြေးညီ update လုပ်တင်ပေးလာတယ်၊ အာဃာတလား၊ racists လား၊ သတင်းသမားလား၊ လူဖတ်များ စောင်ရေများ စေချင်တာလား၊ ကြားဝင်လှုံဆော်တဲ့ အပြုအမူတွေကို ဘာလို့ရွေးလုပ်ချင်ရသလဲ၊ ဘာတွေကိုအမြတ်ထုတ်ချင်နေတာလဲ Eleven? ၊ အလယ်ကလူတွေရဲ့ လုပ်ရပ်က ဒီလိုပဲလား? တစ်ရက်ရက်မှာ EMG ဟာ ဒီကိစ္စကို တာဝန်ယူရမှာပါ။

စတုတ္တ- ဒီနေ့ Eleven ရဲ့လုပ်ရပ် (၃) ခုက စာဖတ်သူတွေကို စိတ်အပျက်စေဆုံးပါပဲ၊ သတင်းခိုင်မာမှုကိုတောင် မစောင့်နိုင် EMG ရဲ့ ဖွရရင်ပြီးရော မူဝါဒကို သေချာမြင်လာရပါတယ်၊

၁။ GTC ကျောင်းသားတစ်ဦး စစ်တွေမြို့လယ် အားကစားရုံနားမှာသေတဲ့ကိစ္စ၊ ဘာကြောင့်သေရသလဲ အတိအကျမသိသေးပါဘူးတဲ့၊ ဒဂုံတက္ကသိုလ်ကဆရာတွေတောင် စစ်တွေတက္ကသိုလ်က အသိတွေကို သာမန်ဖုံးလေးတစ်ချက်ဆက်တာနဲ့တင် အကြမ်းဖျင်း၊ ဟုတ် မဟုတ်သိနိုင်တဲ့ကိစ္စပဲဟာ၊ အတိအကျမသိသေးရင်မရေးပါနဲ့လား ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများရယ်၊ ဆရာတို့ဟာကလည်း ဖွလိုက်ရရင်ပြီးရော လုပ်လိုက်ပြန်ရော၊ ဖြစ်တာက အဆောင်ပိုင်ရှင်နဲ့ GTC ကျောင်းသား ရခိုင်ချင်း ပြသနာဖြစ်လက်လွန်ပြီးသတ်မိတဲ့ကိစ္စ၊ မောင်တောလူမျိုးရေး၊ ဘာသာရေး သတင်းနဲ့ တစ်မျက်နှာတည်းမှာထားပြီး ရောသမမွှေလိုက်တယ်၊ လွယ်လွယ်ဖတ်မိတဲ့ လူအုပ်စုတစ်စုကို သွေးကြွစေပြန်တယ်၊ ကျောင်းသားအသတ်ခံရတယ်၊ ကုလားတွေကြောင့်၊ သတ်ပစ်ကြ၊ သေကျေမှုတွေဆက်ဖြစ်ကြပြန်ရော၊ ဘယ်သူ့လက်ချက်မှန်းမသိရသေးဘဲ ethic ဆရာကြီးတွေက ethic လုံးဝမရှိဘဲ လက်သွက်သွက်ရေးချနိုင်တာကို( အံ့သြမကုန်နိုင်ဖွယ် ) တွေ့ရပြန်တယ်။ စာတစ်ကယ်ဖတ်တဲ့ သူတွေကို လိမ်လို့မရပါဘူးဗျာ၊ အေးအေးချမ်းချမ်းနေလိုသူတွေ EMG ကြောင့်ပူလောင်လာရပြန်တယ်။

၂။ အစိုးရထုတ်သတင်းစာ တစ်စောင်မှာမှ မပါသေးတဲ့ ခရေကုန်းဘောင်ရွာကကျောင်းဆရာမနှစ်ဦး ဒါးဒါဏ်ရာတွေနဲ့ အသေရောက်လာတဲ့ သတင်းဦး၊ သတင်းထူးကြီးကလည်း ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံး တာဝန်ကြေကြေ အတိုင်အဖောက်ညီညီ လျှောက်ဖွလိုက်တာပဲဖြစ်နေပြန်တယ်၊ လုံးဝမသေချာဘဲနဲ့၊ လုံးဝမမှန်ဘဲနဲ့ Eleven က ဆူပူအုံကြွမှုတွေဖြစ်၊ စစ်တပ်က ကိုင်မှ၊ အာဏာသိမ်းမှရမယ်လို့၊ နှပ်ကြောင်းပေးချင်တာလား၊ တစ်တိုင်းပြည်လုံးက အသေအကျေဒုက္ခခံ၊ အသက်ထောင်သောင်းများစွာပေးပြီး ရလာတဲ့ ဘာမှသက်တမ်းမကြာသေးတဲ့ ဒီမိုကရေစီစနစ်ကလေးကို အသေသတ်၊ ပြောင်းပြန်လှန်ချင်နေတာလား?၊

ကလောင်သွားထက်တာကို အမြတ်ယူချင်တာလား၊ လုပ်သူ ခံရသူ ကြားမှာ အမြတ်ထွက်သူရှိတာ မဆန်းပေမယ့် စတုတ္ထ ဒေါက်တိုင်Eleven ကတော့ နောက်ပြန်လှည့်ဖို့ ဘေးတီးပေးနေ၊ အဆင်းဘီးတပ်ပေးနေသလိုပါပဲ၊ လူတစ်ဖွဲ့ကနောက်လူတစ်ဖွဲ့ကို ဘာကြောင့်ပဲသတ်သတ်၊ သူ့ငရဲ သူသွားမှာပါပဲ၊ ဘယ်ဘာသာတရားမှာမဆို လူမသတ်ရဆိုတာ ပညတ်ပြီးသားပါ။ ကုလားကိုသတ်တယ်ပြောပြော၊ ရခိုင်ကိုသတ်တယ်ဆိုဆို၊ လက်စားချေတယ်ပြောပြော၊ ဘာသာရေး၊ လူမျိုးရေး ကြိုက်တဲ့ခေါင်းစဉ်တပ်ပြီး လူသတ်ပါ၊ ကိုယ်သေတဲ့အချိန်မှာ တစ်ဦးချင်းတစ်ယောက်ချင်း သွားရတဲ့ဘုံအဆင့်ဆိုတာ ကျိန်းသေပေါက် ဘာသာတရားတိုင်းမှာရှိပြီး သတ်မှတ်ပြီးသားပါ။ဘာကြောင့်များ ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံး လူတွေအချင်းချင်း(ဆရာကတော့ လူလို့ပဲ မြင်မိလို့ ၊ ကုလား၊ ရခိုင် ၊ တရုပ်၊ အင်္ဂလိပ်၊ ခရစ်ယာန်၊ အသားအရောင်၊ ယုံကြည်တာပဲကွာမယ်) သတ်ဖြတ်သေကျေတာတွေဖြစ်အောင် ဘာလို့ မမှန်သတင်းတွေနဲ့ လမ်းကြောင်းပြောင်းလှုံဆော်ချင်နေရတာလဲ၊ ကုလားတစ်မျိုးလုံးကို သတ်တော့ရော၊ ရခိုင်တွေသေတော့ရော ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံး ဘာတွေများစီးပွားရေးအမြတ်ထွက်လာမလဲ၊ တစ်ခုခုကို ခုတုံးလုပ်ပြီး နင်းတက်ချင်တဲ့ စိတ်ဓါတ်က EMG ရဲ့ မူဝါဒလား?

၃။ မောင်တောက ကန်တော်ကြီးသောက်ရေကန်ကို ဘင်္ဂလီတွေကအဆိပ်ခပ်ထားတယ်ဆိုတဲ့ကိစ္စ၊ ဒီသတင်းကိုအတည်ပြုဖို့ EMG ကအတည်ပြုနိုင်ဖို့ဆက်သွယ်နေပါပြီတဲ့၊ လုပ်ချလိုက်ပြန်ပြီ။ တကယ့်ရှက်စရာပါ။ ၈၈ အရေးအခင်းက ထွက်ခဲ့တဲ့စာစောင်တွေလောက်တောင် Eleven အဆင့်မရှိတော့ပါ။အတည်မပြုရသေးတာကိုဘာလို့ရေးရတာတုန်း၊ ethic တွေဘယ်ရောက်သွားပြီလဲ၊ စိတ်တော့မဆိုးပါနဲ့၊ ဆရာကတော့ ဥပမာသတင်းလေးတစ်ခုရေးမိတော့မယ်၊ ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားတွေ မနေ့ညက တောင်မြင်းပြိုင်ကွင်းလမ်းက EMG ရုံးချုပ်မှာ မကောင်းတဲ့အမျိုးသမီးတွေအုပ်စုလိုက်နဲ့ ပါတီပေးညလုံးပေါက်မူးရူးကခုန်ပျော်ပါးပြီးရှိနေခဲ့ပါတယ်၊ ဒီသတင်းကိုအတည်ပြုဖို့ EMG ကိုဆက်သွယ်နေပါတယ်။ ဒီလိုဆိုဘာဖြစ်လာမလဲ၊ ကိုယ့်ဆရာတွေ မပျော်တော့တာသေချာပြီ။ ဒီလိုလေးရေးလိုက်မိတာတောင်မှ ကိုယ့်ဆရာတွေ ကျွန်တော့်ကို သတ်ချင်လောက်အောင် ဒေါသထွက်စေ၊ စိတ်ကြွစေရင် သောက်ရေကန်ကို အဆိပ်ခပ်ထားတယ်ဆိုတဲ့ အတည်မပြုရသေးတဲ့ သတင်းကြီးကလည်း အခုဖြစ်နေကြတဲ့ ဘက်နှစ်ဘက်ကို ဘယ်လောက်အတိုင်းအတာအထိ ဒေါသတွေဖြစ်စေ၊ သေကျေစေမလဲ မစဉ်းစားတတ်တာလား?၊ ဖွလိုက်ရရင်ပြီးရောလား၊ မီဒီယာတစ်ခုရဲ့ဖြောင့်မတ်မှု၊ သတင်းတစ်ခုရဲ့ ခိုင်မာတိကျမှုဟာ အသက်ပေါင်းများစွာကို ကယ်တင်စေနိုင်သလို၊ သေကျေစေနိုင်ပါတယ်။ ဥပဒေသမားတစ်ဦး နဲ့ သတင်းသမားတစ်ဦးမှာ အခြေခံအကျဆုံးက ရိုးသားဖြောင့်မတ်မှုရှိခြင်းပါပဲ၊

အခုလို Online မှာ Open Source သတင်းတွေ အများကြီးရနိုင်ချိန်မှာတောင် သတင်းအမှားတွေ၊ သတင်းအလိမ်တွေ၊ ဒီလိုလေးတော့ဆော်လိုက်ဦးမှ အောက်တန်းကျစိတ်ဓါတ်တွေနဲ့ လုံးဝတည်ငြိမ်အေးချမ်းဖွံ့ဖြိုးနေတဲ့ဒေသတစ်ခုကို ၁၀ ရက်အတွင်း လုံးဝဆိုးရွားသွားစေလောက်အောင် လူမျိုးရေးအဓိကရုဏ်းတစ်ခုပေါ်ထွက်လာအောင်နောက်ကွယ်ကနေ ဘေးတီးလှုံဆော်ဖန်တီးချင်တဲ့မူဝါဒရှိနေတာ၊ စာမဖတ်ဖြစ်ကြတဲ့လူအများစုကို မျိုးချစ်စိတ်အရင်းခံသယောင် စည်းရုံးလှုံဆော် ဆူပူစေတာ၊ ရလဒ်က ရခိုင်ပြည်နယ်ရဲ့ လူနေမှုပုံရိပ်တွေ ကျဆင်းစေတာ၊ စီးပွားရေးတွေ ပုံမှန်မဖြစ်စေတော့တာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွားစေတာ၊ ပေါ်လာတဲ့အမြတ်က EMG ကိုပိုမိုထင်ပေါ် စောင်ရေတက် အရောင်းကောင်းစေချင်တာ၊ EMG က ငါတို့ ဖက်ကမျိုးချစ်တွေ Patriotic တွေ လို့ ထင်ရအောင်လုပ်ပြပြီး နိုင်ငံရဲ့ လူတိုင်းရဲ့ လက်ရှိပန်းတိုင် နှစ်ပေါင်းများစွာစောင့်စားနေကြတဲ့ ဒီမိုကရေစီပန်းတိုင်ကိုေ၀၀ါးလမ်းကြောင်းပြောင်းပစ်နေတာ၊ ဘာမှစာဖွဲ့စရာတောင်မရှိ (ကုန်ကုန်ပြောရရင် တစ်ရက်တိုက်စရာတောင်မရှိ၊ နေ့ဝက်နဲ့ အပြီးရှင်းပစ်လို့တောင်ရ) တဲ့ လူလက်တစ်ဆုပ်စာကြောင့် စစ်တပ်က၀င်လာမှသာ၊ တပ်ဝင်လာပါတော့လား၊ စစ်တပ်ကသာ ကယ်တင်နိုင်တော့မယ်လို့ တစာစာအော်ခေါ်ပြီး အမြင်နောက်ပြန်ဆွဲနေတာ၊ နိုင်ငံပုံရိပ်ကို အဆုံးထိဆွဲချပစ်တာတွေဟာ မြန်မာ Journalist တစ်ယောက်အနေနဲ့ ရှက်တတ်ရင် ရှက်ပြီးသေပစ်ချင်စရာပါပဲ။ စစ်တပ်ပိုင် မြ၀တီ Eleven လို့တောင်အမည်ပြောင်းပေးရတော့မှာပါ။

ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံးသိသင့်တာက အမှန်သတင်းမီဒီယာတွေဟာ (နောင်အနာဂတ်တကယ်ရှိတဲ့) နိုင်ငံတိုင်းမှာ အသက်သွေးကြောပါပဲ၊ နောင်အနာဂတ် နိုင်ငံတော်သစ်ဆီကို လူတိုင်းလူတိုင်းချွေးသံ၊ အားမာန်အပြည့်နဲ့ ချီတက်နေချိန်မှာ လိမ်ဆင်မမှန်သတင်းအပြည့်နဲ့ ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများရဲ့ နောက်ပြန်ဆွဲချ၊လှုံဆော်ရန်တိုက်ပေးနေတဲ့လုပ်ရပ်က ဆရာတို့ တက္ကသိုလ်အသိုင်းအ၀ိုင်းအတွက်တော့ရှက်ဖွယ်လိလိပါ။ ဘယ်သူတွေ ဘာပြောပြော မှန်တာတွေကိုပဲ သိချင်ဖတ်ချင်လို့ Eleven အတွက်ချည်းပဲ တစ်လကို ငွေ ၆၅၀၀ လောက်သုံးနေတဲ့ ဆရာကတော့ နောက်လကစပြီး တစ်ခြားဂျာနယ်ပြောင်းဖတ်တော့မယ်ဗျာ။


 Myanmar Express 

9 comments:

ဒီပို့ကိုရေးတဲ့ လူ က အမြင်နည်းနည်းလွဲနေတယ်လို့ထင်ပါတယ်..
ဒါရခိုင်ပြသနာဟာ လူလူချင်း အနိုင်ကျင့်စော်ကားလို့ဖြစ်တယ်ဆိုတာထက်
ကျယ်ပြန့်ပါတယ်..
မြသီတာထွေးမုထိန်းကျင့်သတ်ဖြစ်ခံရတာဟာ သာမန်ကြည့်ရင် သာမာန်အမှုလို့ ထင်ပြီး နက်နက်နဲနဲကြည့်တတ်ရင် အမျိုးသားလုံခြုံရေးကို
ထိပါးမှုပါ.. ဒီနေရာမှာmeg ဘက်ကကျွန်တော်တို့ရပ်တည်ပါတယ်...
ဒီဒေသနဲ့ဒီလူမျိုးတွေအကြောင်းကို ဒီဒေသက လူတွေနဲ့ ဒီမှာသွားလာနေတဲ့လူတွေပဲသိမှာပါ..ရန်ကုန်မှာကုလားနဲ့ဗမာ ပူးနေတာကက
မြန်မာအချင်းချင်းအတူယှဉ်တွဲနေတာဖြစ်ပြီး ရခိုင်မှာက ကျူးကျော်တိုင်းတပါးသားနဲ့ ရခိုင်လူမျိုးတွေ မတည့်အတူနေရတာဖြစ်ပါ တယ်..
ပါလတ်စတိုင်းတွေ အစ္စရေး ကိုဒုံးနဲ့ထုတာ သာမာန်ရဲမှုလို့မြင်လို့ရပါသလား.. ဒီနေရာမှာ ဒုံးကျည်နဲ့ ဓါးကွာတာပဲရှိပါတယ်.. ဒီကုလားတွေလက်ထဲ ဒုံးကျည်ရှိရင် ဒုံးနဲ့ထုမှာသေချာပါတယ်..ရှည်မှာစိုးလို့ အတိုရေးတာပါ..နေရာတကာ လူ့ကျင့်ဝတ် ဒီမိုကရေစီ အခွင့်အရေးအောနေတာ မဖြစ်နိုင်ပါ..အမေရိကန်မှာတောင် နိုင်ငံသားနဲ့ နိုင်ငံသားမဟုတ်သူ ကိုဘယ်လိုခွဲခြားဆက်ဆံသလဲ သိချင်ရင် အမေရိကန်ကိုသွားနေကြည့်ပါ..

လုပ်ရက်လိုက်တာElevenရယ် လောကငရဲကျသလိာုပါပဲ

eleven media သို့
ဒေါ်စု တို့ မင်းကိုနိုင် တို့ ၈၈ တွေ ရန်ကုန်မှာ ရှင်းလင်းပွဲ
တို ဧည့်ခံပွဲ တို့ တွေ့ ဆုံပွဲတို့ လုပ်နေကြေ်တ်ာဝင်နှင်းဆီ
ဆိုတဲ့ နေရာရော ပိုင်ရှင်ရော ရာဇဝင်ရော သိအောင်
လုပ်ပါလား

well...this post is brilliant!!!I live in UK and I'm a Burmese myself.Actually I'm not at all a fan of this myanmar express...full of vulgar n disgusting post but I agree to this one that that Eleven Media is exceptionally racist n bigots..racial issues are very sensational n must be handled very careful...Western media even dictatorship countries like China n Russia when facing the crimes which can flame up racist sentiment,they don't even report it or conceal the identity of perpetrators...racist comments are not allowed n not acceptable by any kind of media.Looking at EMG websites,full of comments which are not acceptable by any civilized human..shame on them

you know what..though EMG allows racist n profane comments but they forbid every criticism to their media to appear in their comments...such an ego media...i'm very pessimistic about the future of myanmar if such kind of media becomes mainstream one...yin lay tel

well done myanmarexpress!!!! to this post..

လုပ်ရက်လိုက်တာElevenရယ် လောကငရဲကျသလိာုပါပဲ

I dont like this eleven media
they are creminel

ကျေးဇူးပါ ...ယခင်ကတည်းက မြန်မာမီဒီယာသမားများ ရေးလျင် တစ်ခြား source တစ်ခုခု မှာ မတွေ့ မချင်း ဘယ်တော့မှ မယုံပါ......Eleven ဆိုပိုဆိုးပေါ့......သူ့ ကို ဝေဖန်ရင် ကျ block လုပ်ပစ်တယ်....သောက်ရှက်လုံးဝမရှိတဲ့ ဂျာနယ်တိုက်....

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်