Subscribe to our RSS Feed

အဆာဟိ ရှင်ဘွန်းသတင်းတွင် ပါရှိသော မြောက်ကိုရီးယားမှ တင်ပို့သော ကုန်သေတ္တာကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ ရှင်းလင်း ပြောကြားချက်

 
၁။ အဆိုပါ ဖြစ်စဉ်မှ ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်ဖြစ်ကြောင်း ဖော်ပြထားပြီး ဂျပန် အစိုးရထံမှ တရားဝင် ထုတ်ဖော်
ပြောကြားခြင

်း မဟုတ်ကြောင်း တွေ့ရှိရပါသည်။ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်
နှင့်လည်း နိုင်ငံတော်သမ္မတကြီးအနေဖြင့် မကြာသေးခင်ကပင် ကမ္ဘောဒီးယားနိုင်ငံ အာဆီယံထိပ်သီအစည်းအဝေးတက်ရောက် စဉ်
နှစ်နိုင်ငံတွေဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည် ဖြစ်၍ မြန်မာ-ဂျပန် ဆက်ဆံရေး အခြေအနေကောင်းများကို တွေ့ရှိနိုင်မည် ဖြစ်ပါသည်။

၂။ ၁၈-၁၁-၂၀၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်(၂/၂၀၁၂) တွင်လည်း အောက်ပါအတိုင်း အတိအလင်း ဖော်ပြထားပြီး ဖြစ်ပါသည်-

(က) ပြည်ထောင်စုအစိုးရအနေနှင့် နိုင်ငံတကာ အဏုမြူ စွမ်းအင်အေဂျင်စီ International Atomic Energy Agency ၏နောက်တိုး လိုက်နာရန်အချက်အလက်များ (Additional Protocol) ကို လက်မှတ်
ရေးထိုး နိုင်ရန်နှင့် ၁၉၉၅ ခု Small Quantities Protocol ၏ ထပ်မံပြင်
ဆင်ချက်ကို လက်ခံနိုင်ရန် နိုင်ငံတော်သမ္မတကြီးက အတည်ပြုပြီးဖြစ်ရာ လွှတ်တော်သို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါသည်။ (လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်မှလည်း လက်မှတ်ရေးထိုးရန် သဘောတူထားပြီး
ဖြစ်၍ လက်မှတ်ရေးထိုးနိုင်ရန် ယခုအခါ ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။)

(ခ) မြန်မာနိုင်ငံအနေဖြင့် IAEA စတင် ဖွဲ့စည်းသည့် ၁၉၅၇ ခုနှစ်တည်းက အဖွဲ့ဝင်အဖြစ် ပါဝင် ခဲ့ပြီး ၁၉၉၂ခုနှစ် ဒီဇင်ဘာတွင် အဏုမြူ လက်နက်မပြန့်ပွားရေးဆိုင်ရာစာချုပ် (Non-Proliferation Treaty, NPT) ကို လည်းကောင်း၊ ၁၉၉၅ခုနှစ်တွင် NPT ၏ နောက်တိုး သဘော
တူညီချက် ဖြစ်သည့် Small Quantities Protocol စောင့်ကြည့် ထိန်းသိမ်းရေး စာချုပ်နှင့် အရှေ့တောင်အာရှ အဏုမြူလက်နက် ကင်းစင်ရေးစာချုပ် (Southeast Asian Nuclear-Weapon-Free Zone Treaty) များကိုလည်းကောင်း၊ ၁၉၉၆ခုနှစ် တွင် နျူကလီးယား စမ်းသပ်မှု တားဆီးရေး သဘောတူညီချက် (Comprehensive Nuclear Test Ban Treaty) တို့ကိုလည်းကောင်း လက်မှတ်ရေးထိုး ထားပြီး ဖြစ်ပါသည်။

(ဂ) ပြည်ထောင်စုအစိုးရအနေနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်နှင့်အညီ ကုလ သမဂ္ဂလုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ ကို လိုက်နာဆောင်ရွက်ရန်လည်း အခိုင်အမာ ဆုံးဖြတ်ချက် ချထားပြီး ဖြစ်ပါသည်။

၃။ ယခင်က သုတေသနနျူကလီးယားဓါတ်ပေါင်းဖို တစ်ခု တည်ဆောက် ရန် စီစဉ်ဆောင်ရွက် ခဲ့သော်လည်း နိုင်ငံတော်၏ ငွေကြေး တတ်နိုင်မှု၊ နည်းပညာ စသည့် လိုအပ်ချက် များကြောင့်လည်းကောင်း၊
နိုင်ငံတကာ အသိုင်း အဝိုင်းမှ အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်စေ ခဲ့ခြင်းကြောင့်လည်းကောင်း နိုင်ငံတော်သမ္မတကြီး ဦးဆောင်သော အစိုးရ လက်ထက်တွင် ယင်းသုတေသနစီမံကိန်းကို စွန့်လွှတ်ထားပြီး ဖြစ်ကြောင်း
နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် အခွင့်အခါ ကြုံတိုင်း ရှင်းလင်း ပြောကြား လျက် ရှိကြောင်း အထင်အရှား တွေ့ရှိနိုင်ပါသည်။

သို့ပါ၍ အဆာဟိရှင်ဘွန်းသတင်းစာပါ သြဂုတ်လ ၂၂ ရက်နေ့နောက်ပိုင်း
ဖြစ်ပေါ်တိုးတက်မှုများအား ပြန်လည် လေ့လာကြည့်လျှင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့်တွေ့ဆုံဆွေးနွေးမှု၊ နိုင်ငံတကာခေါင်းဆောင်များနှင့် စဉ်တိုက် ဆက်တိုက် တွေ့ဆုံမှုများ၊ အမေရိကန် သမ္မတအိုဘားမား မြန်မာနိုင်ငံ သို့ လာရောက်သွားခဲ့မှု စသည့် ကြီးမားလှသော ဖြစ်စဉ် ဖြစ်ရပ်များစွာ
တွေ့မြင်နိုင်ခြင်းကြောင့် အဆာဟိရှင်ဘွန်း သတင်းစာပါ ဖော်ပြချက်နှင့် စပ်လျဉ်း၍ စဉ်းစားသုံးသပ် နိုင်မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြား လိုပါသည်။ 
 
 Myanmar Express 

1 comments:

ကိုဇော်ဌေးကတော့ အ၇ာ၇ှိအနေနဲ့  ပြော၇တာပေါ့။ ဟိုအမေ၇ိကန်သံ၇ုံး နိုင်ငံေ၇းဌာနသတင်းပေး စာေ၇း အာသာအေး ပြောတော့  အမ၇ိကန်တွေက အကြီးအကျယ် စောင့်ဖမ်းနေတာ အစိုး၇ ကနားမလည်လားမသိတဲ့ ဗျာ။ အပေါ်ယံ အဆင်ပြေအောင်လုပ်ပြီး အဖွားကြီးကို တင်နိုင်ဖို့  ကြိုးစားပါလိမ့်မယ်တဲ့ ။ကြည့်လုပ်ကြပါဗျို့ ။ ကျွန်ဘ၀ပြန်ေ၇ာက်သွားနိုင်ပါပေ့။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်