Subscribe to our RSS Feed

လက်ပန်းတောင်းသပိတ်စခန်းဖြိုခွဲရာမှာ မီးလောင်ဗုံး အသုံးပြုခြင်းမရှိ

From : rfa

နိုဝင်ဘာ ၂၉ ရက်နေ့ မနက်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒထုတ်ဖော်နေသည့် သပိတ်စခန်းများကို ဖြိုခွဲရာတွင် ဓာတုဗေဒဗုံးနှင့်မီးလောင်ဗုံးများ အသုံးပြုခဲ့ခြင်း မရှိဘဲ၊နိုင်ငံတကာတွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်များကို နှိမ်နှင်းရာတွင် အသုံးပြုသည့် သာမန် မျက်ရည်ယိုဗုံးကိုသာ အသုံးပြုခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး
အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက RFA နှင့်ဆက်သွယ်မေးမြန်းချက်တွင် ဖြေကြားခဲ့သည်။
နိုဝင်ဘာ ၂၉ ရက်နေ့မနက်ပိုင်း သပိတ်စခန်းများကို ဖြိုဖျက်ခြင်းသည် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက် မဟုတ်ဘဲ၊ပြည်ထောင်စု အစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်မှ တိုက်ရိုက်ညွှန်ကြားချက်သာ ဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ဆက်လက် ဖြေကြားခဲ့သည်။
အဆိုပါ တာဝန်ရှိသူက RFA သို့ဖြေကြားရာတွင် နိုဝင်ဘာ ၂၉ ရက်မနက်က သပိတ်စခန်းဖြိုခွင်းရာတွင် ဖမ်းဆီးခဲ့သည့် သံဃာတော်များကိုလည်း ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

 
 Myanmar Express 

15 comments:

မီးလောင်ဒဏ်ရရသူမရှိပါ။။သူတို့ဟာသူတို့ပြာယာခတ်တှိုးကြဝေ့လို့စည်းကမ်းမရှိလို့ရတဲ့ဒဏ်ရာဘဲရှိတာ

မီးလောင်ဗုံးမပြောနဲ့ ဗျောက်အိုးတောင်မလုပ်တတ်ဘူး မီးလောင်ဗုံးလုပ်တတ်တဲ့နိုင်ငံကလည်း မြန်မာပြည်ကို မရောင်းဘူး ပုံကြီးမချဲ့ကြပါနဲ့ ။လုပ်ကြံသတင်းတွေမယုံ

မီးလောင်ဗုံး မပြောနဲ့ မီးဗုံးပျံတောင်အပေါ်ရောက်အောင်
မလွှတ်တတ်ဘူး။

မုံရွာကလူတွေကပ်ဆိုက်မှာပေါ့တွေ့ကရလူဉီးချနေတာကိုး

မင်းသေချာတယ်ဆို comment ကို anonymous နဲ့ မရေးနဲ။့

မင်းအမေ့လင့်တွေက လုပ်တာမို့လို့ ကာကွယ်ပြောနေကြတာလားကွ

မင်းလည်းသတ္တိရှိရင်နာမည်ရင်းနဲ့ရေးလေကွာမှတ်ပုံ
တင်နံပါတ်နဲ့လိပ်စာပါထည့်ရေး

တန် ဆောင် မုန်း လ ပြည့် ည တွင်
မြန် မာ နိုင် ငံ ရဲ တပ် ဖွဲ့ မှ လက် ပ တောင်း
တောင် တွင် မီး ရှုး မီး ပန်း မီး ပုံး ပြန် လွှတ်
ပွဲ ကျင်း ပ ရာ တောင်း ကြီး တန် ဆောင်တိုင်
ထက် ပို မို စည် ကား စွာ ကျင်း ပ ခဲ့ သည်။
မြန် မာ နိုင် ငံ ရဲ တပ် ဖွဲ့ အ နေ ဖြင့် ယ ခု ကဲ့ သို့
ပွဲ တော် မျိုး ကို နေ ရာ ပေါင်း စုံ တွင် အ ခါ အား လျော်
စွာ ကျင်း ပ ဦး မည် ဟု တာ ဝန် ရှိ သူ တစ် ဦး မှ
ထုက် ဖေါ် ပြော ကြား သည်။

၃၀ နို ၂၀၁၂ ၀၁း၅၁ ကပို့တဲ့ကောင်ရိုင်လှချည့်လား မင်းနှမလင်က ဘုန်းကြီးလား

Pls bro...do not reply they r not human..

စကားပြော ရင်ယဉ်ယဉ်ကျေးကျေးမ ပြောတတ်ဘူးလား?

စ ကား ပြောရင် ယဉ်ယဉ် ကျေးကျေးမ ပြော တတ် ကြ ဘူး လား?

စကားပြော ရင်ယဉ်ယဉ်ကျေးကျေးမ ပြောတတ်ဘူးလား?

ငါ့ကိုနာမည်ရင်းနဲ့ရေးခိုင်းတဲ့ anonymous ကောင် မင်းငါဆိုလိုတာကိုသဘောမပေါက်သကိုး။ ငါကမင်း သတ္တိ ရှိ မရှိလည်းမသိချင်ဘူး လိပ်စာတွေနာမည်ရင်းလည်းမသိချင်ဘူး။ comment ရေးတယ်ဖတ်တယ်ဆိုတာ အတွေးအမြင်တွေ ခံယူချက်သဘောထားဘယ်လိုရှိတာ ကိုဖတ်တာ ဖေါ်ပြတာ။ဥပမာ မင်းက မောင်ခွေးနာမည်နဲ့ရေးတယ်ဆိုပါစို့။ခွေးအမြင် ခွေးအတွေးက ဘယ်လိုရှိတယ်ဆိုတာ နောက်ထပ်နောက်ထပ် comments တွေမှာ ငါတို့မှန်းဆနိုငိတာပေါ့။ဒီတော့ငါတို့အတွက် ဖတ်စရာမလိုတော့အချိန်ကုန်သက်သာတာပေါ့။ ဥပမာ မောင်ခွေး၊မောင်ဝက် ဒီလို trademark လေးတစ်ခုကို ဖေါ်ပြပေးစေချင်တာပါ။နာမည်ရင်း လိပ်စာ ဘာမှမသိချင်ဘူး။အချိန်ကုန်သက်သာစေချင်တာတစ်ခုတည်းပါ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်