Subscribe to our RSS Feed

မန္တလေး၌ သိန်း ၆၃ဝ တန်ဖိုးရှိ မီးပွိုင့်များ တပ်ဆင်မည်

From : မြဝတီ

မန္တလေး မြို့တွင် နိုင်ငံတကာ အဆင့်မီ ဒစ်ဂျစ်တယ် မီးပွိုင့် နှစ်ခုကို အဓိက ကျသော လမ်းမကြီး နှစ်နေရာ တွင် ယခုနှစ် အပြီး တပ်ဆင် ရန် စီစဉ် နေပြီ ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင် သာယာရေးေ
က်ာမတီ အဆောက် အအုံနှင့် ကုန်ရုံ ဌာနမှ သိရသည်။

အဆိုပါ ဒစ်ဂျစ်တယ် မီးပွိုင့် နှစ်ခုကို ရန်ကုန်-မန္တလေး စစ်ကိုင်း လမ်းဆုံနှင့် ၆၆ လမ်းနှင့် ၂၆ လမ်း ဆီဒိုးနား ထောင့်တို့တွင် တပ်ဆင် ထားရှိမည် ဖြစ်ကြောင်းနှင့် မီးပွိုင့် တပ်ဆင် ထားရှိမည့် အမြင့် (Clear Distance) မှာ ပေ ၂ဝ ဖြစ်သည်ဟု သိရသည်။

အဆိုပါ ဒစ်ဂျစ်တယ် LED မီးပွိုင့် နှစ်ခုမှ လက်ရှိ မန္တလေး မြို့တွင် တပ်ဆင် ထားသည့် မီးပွိုင့် များနှင့် ပုံသဏ္ဌာန်၊ အရွယ်အစား မတူညီ ဘဲ အထူးသဖြင့် စက်ဘီး၊ ဆိုင်ကယ် လမ်းအဖြစ် သီးသန့် ထားရှိသော လမ်းများ အတွက် ထားရှိရန် ပိုမို သင့်လျော်ပြီး ၎င်း မီးပွိုင့် နှစ်ခု၏ တင်ဒါ တန်ဖိုးမှာ ငွေကျပ် သိန်း ၆၃ဝ ခန့် ရှိကာ တရုတ်ပြည်မှ မှာယူခြင်း ဖြစ်သည်ဟု သိရသည်။

လက်ရှိ မန္တလေး မြို့တွင် မီးပွိုင့်ပေါင်း ၂၇ ခု တပ်ဆင် ထားရှိပြီး ဖြစ်ရာ လာမည့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေး နှစ်အတွက်လည်း မန္တလေး မြို့တွင်း၌ ယာဉ်ကြော ရှုပ်ထွေးသော လမ်းထောင့် များတွင် မီးပွိုင့် အသစ်များ ထပ်မံ တပ်ဆင်ရန် လျာထားကြောင်း မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ အဆောက်အအုံ နှင့် ကုန်ရုံ ဌာနမှ သိရသည်။


 Myanmar Express 

1 comments:

very good. thank you china.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်