Subscribe to our RSS Feed

ငလျင်ဒဏ်သင့် ဘုရားစေတီ အဆောက်အအုံများ အမြန်ပြန်လည် ပြုပြင်ရေး ဆောင်ရွက်

From :မြဝတီ

စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးသည် နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက ရွှေဘို- မြစ်ကြီးနား ကားလမ်း မိုင်တိုင် (၆ဝ) (၁/၇)ကြား လမ်းဖြောင့် ပြုပြင် ဖောက်လုပ်နေမှု၊ ခ
င်ဦးမြို့နယ် ညောင်ကုန်း ကျေးရွာ မူလတန်း ကျောင်းနှင့် ဝါးရုံကုန်း ကျေးရွာ သာသနာ့ ဝေပုလ္လ ကျောင်းတိုက်၊ ဆူးတပ် ကျေးရွာ ရန်အောင် မင်္ဂလာကျောင်း စေတီတော်ကြီး၊ ကျေးလက် ကျန်းမာရေး ဌာနခွဲ၊ ရွာသစ်ကျေးရွာ အောင်ချမ်း သာ ကျောင်း တိုက်၊ ရွှေဘို- မြစ်ကြီးနား ကားလမ်းမိုင်တိုင် (၉/၅)နှင့် (၉/၇)ကြား ကတ္တရာ ခင်းကျင်းနေမှု၊ ရွာစဉ်ကျေးရွာ အထက်တန်း ကျောင်း(ခွဲ)၊ ကုန်းကြီးကျေးရွာ မူလတန်း လွန်ကျောင်း၊ သင်ပေါင်း ကျေးရွာမူလတန်း လွန် ကျောင်းနှင့် ကုတ္တက်ကျေးရွာ အလယ်တန်း ကျောင်း(ခွဲ) ငလျင်ဒဏ်သင့် ကျောင်းဆောင်များနှင့် စေတီ ပုထိုးများ၊ အဆောက်အအုံ များကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး အဆိုပါ ကျေးရွာများရှိ ဒေသခံ ပြည်သူ များနှင့် တွေ့ဆုံ၍ ငလျင်ဒဏ်သင့် စေတီ ပုထိုးများ၊ အဆောက် အအုံများ အမြန်ပြန်လည် ပြုပြင် မွမ်းမံရေး၊ ပညာရေးနှင့် ကျန်းမာရေး ဆိုင်ရာ လိုအပ်သည် များကို ဖြည့်ဆည်း ဆောင်ရွက်ပေးကာ ကျောင်းသုံး ဗလာ စာအုပ်များ၊ အားကစား ပစ္စည်းများနှင့် ဂျာနယ်၊ စာစောင်များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
  
Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်