Subscribe to our RSS Feed

အမေရိကန် ကို အားကျသည့် မြန်မာပြည်သူများကို အမေရိကန် အစိုးရကဲ့သို့ နိုင်ငံခြားသားဆက်သွယ်မှုများ ကြားဖြတ်ဖမ်းယူနားထောင် သင့်

From :voa



အမေရိကန်ပြည်ထောင်စုရောက် နိုင်ငံခြားသားတွေရဲ့ တယ်လီဖုန်း စကားပြောဆိုမှုတွေနဲ့ အင်တာနက် ဆက် သွယ်ရေး တွေကို ပြည်ထောင်စု အစိုးရက ၀ရမ်းမလိုဘဲ ကြားဖြတ် နားထောင်ခွင့်ပြုတဲ့ ဥပဒေကို နောက် ထပ် ၅ နှစ်သက်တမ်း တိုးမြှင့်ရေး အထက်လွှတ်တော်က မဲအများစုနဲ့ မနေ့က အတည်ပြု လိုက် ပါတယ်။
Foreign Intelligence Surveillance Act နိုင်ငံခြားသားတွေ အပေါ် စောင့်ကြည့် ထောက်လှမ်းတဲ့ ဥပဒေ ကို အောက် လွှတ်တော်ကနေ ဒီနှစ်ဆန်းပိုင်းက အတည်ပြု ခဲ့ပြီး ဖြစ်ပါတယ်။ မနေ့က သောကြာနေ့က ဆီးနိတ် အထက်လွှတ်တော်မှာ ပါတီကြီး ၂ ခုစလုံးက အထူး ထောက်ခံခဲ့ကြရာမှာ ၇၃ မဲ ၂၃ မဲနဲ့ အတည်ြ ပုနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဒီဥပဒေကို သမ္မတအိုဘားမားက လက်မှတ်ရေးထိုးပြဌာန်းဖို့ တင်ပြထား ပြီး ဖြစ်ပါတယ်။
ဒီဥပဒေကို ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နောက်ပိုင်းမှာ ပြဌာန်းခဲ့တာဖြစ်ပါတယ်။ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေက အကြမ်းဖက်သမားနဲ့ ဆက်သွယ်တယ်လို့ မသင်္ကာတဲ့လူတွေကို ထောက်လှမ်း ဖို့ အတွက် ပြဌာန်းခဲ့တာလို့ ဆိုပါတယ်။
ထောက်လှမ်းသူတွေက တရားရေးဌာနရဲ့ သဘောတူညီချက်မလိုဘဲ ကြားဖြတ် နားထောင်လို့ရတဲ့ အ တွက် အစိုးရက ဒီဥပဒေကို အလွဲသုံးစား လုပ်နိုင်တဲ့အတွက် ပြည်သူတွေရဲ့ အတွင်းရေးနဲ့ ကိုယ်ရေး ကိုယ် တာ ကိစ္စရပ်တွေမှာ အနှောက်အယှက် ဖြစ်နိုင်တယ်လို့ အကဲခတ်တွေက ဝေဖန်နေကြပါတယ်။

 www.MyanmarExpress.net
 

ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် အစိုးရနဲ့ ကေအိုင်အေ တို့ ဆွေးနွေးကြရုံနဲ့ မ လုံလောက်ဟု ရှမ်းနီပါတီက ဆို

From : kawli


ကချင်ပြည်နယ်မှာ အစိုးရနဲ့ ကေအိုင်အေ တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်
ဖြစ်ပွားနေချိန်မှာ ကချင်ပြည်နယ် အတွင်း ငြိမ်းချမ်းရေး တည်ဆောက်
ရာမှာ အစိုးရနဲ့ ကေအိုင်အေ တို့ပဲ ဆွေးနွေးညှိနှိုင်း သ ဘောတူရုံနဲ့ မလုံလောက်ပဲ ရှမ်းနီ (တိုင်းလိုင်) လူမျိုးများ အပါအဝင် ရှမ်းမျိုးနွယ်စု
ဝင်များ အခြား ဒေသခံ တိုင်းရင်းသားများရဲ့ ဆန္ဒသ ဘောထားများကိုလည်း ငြိမ်းချမ်းရေး အတွက် ဆွေးနွေးညှိနှိုင်းရာမှာ ထည့်သွင်းစဉ်းစားသင့်
တယ်လို့တိုင်းလိုင်(ရှမ်းနီ)အမျိုး သားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ တာဝန်ရှိသူ တစ်ဦးက ပြောကြားလိုက်ပါ တယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ၎င်းပါတီရဲ့ သထောထား
ကြေညာချက်နဲ့ပတ်သက် ပြီး ကော့လီမီဒီယာက အထွေ ထွေအတွင်းရေးမှူး
ဖြစ်သူ ဦးစောဝင်းထွန်း ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာအခုလို ပြောကြား
လိုက်တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် မှာ ကချင်လူမျိုးတစ်မျိုးတည်းရှိတာ မဟုတ်ဘူး။ ရှမ်းနီ အပါအဝင် ရှမ်းမျိုးနွယ်စုတွေ ချည်းပဲ ပြည်နယ် လူဦးရေရဲ့ ၆၀ ရာ ခိုင်နှုန်းလောက် ရှိတယ်။ အဲဒီတော့ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး တည်ဆောက်မယ်ဆိုရင်တော့ ဒီလူဦးရေ အရေအတွက်ရဲ့ ဆန္ဒသဘော ထားတွေကို လျစ်လျူရှုထားဖို့ မသင့်ပါဘူး။ အနည်းဆုံးတော့ ဒီလူတွေရဲ့ ဆန္ဒသဘောထားကို နားထောင် ထည့်သွင်းစဉ်းစားပေးသင့်ပါတယ် – လို့ ဦးစောဝင်းထွန်း က ကော့လီကို ပြောပါတယ်။

ကချင်ပြည်နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားနေသည်မှာ နှစ်နှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်ကြောင်း၊ စစ်ပွဲများကြောင့် ဒေသခံ ရှမ်း၊ ကချင် ပြည် သူ များ စစ်ဘေးရှောင် ဒုက္ခသည်များအဖြစ် မိမိတို့ရဲ့ အိုးအိမ်တွေကို စွန့်ပြီး လုံခြုံမှုရှိရာ ဒေသများမှာ ဖြစ်သလို နေထိုင် စားသောက်နေ ကြ ရ ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ကချင်လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ ကေအိုင်အိုနဲ့ ပတ်သက်လို့ ကေအိုင်အို တပ်ဖွဲ့ဝင်များက မီးရထားလမ်း၊ တံတားများ ကို ဖောက်ဖွဲခြင်း၊ ရှမ်းနီ လူမျိုးများထံမှာ ဆက်ကြေး ကောက်ခံခြင်း၊ စစ်သား အဖြစ် အဓမ္မ စုဆောင်းခြင်း၊ တိုက်ပွဲများတွင် လူသားဒိုင်း အဖြစ် အသုံးချခြင်း၊ တပ်မတော်က ရှမ်းရွာသားများအပေါ် အထင်အမြင် လွဲမှားစေရန် ရှမ်းရွာများ အနီးမှာ မိုင်းထောင် ဖောက်ခွဲခြင်း၊ ရှမ်းအမျိုး သမီးများအား မုဒိန်းကျင့်ခြင်းများ ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လောက်မှန်ကန်မှု ရှိသလဲလို့ ဦးစောဝင်းထွန်း
ကို မေးမြန်းရာမှာ ၎င်းက – ဒါတွေဟာ ကျနော်တို့ ပါတီ မြို့နယ်အ ဆင့်တွေ တင်ပြလာတဲ့ အစီရင်ခံစာတွေအရ ဖော်ပြထားတာ ဖြစ်ပါတယ်။
ကေအိုင်အေ ဆက် ကြေးတောင်းတဲ့ပြီး မပေးရင် ဘာလုပ်မယ် ညာ လုပ်မယ်ဆိုတဲ့စာတွေလည်း ကျနော်တို့မှာ သက်သေအနေနဲ့ရှိပါတယ်။ ကျနော်တို့ ရှမ်းနီတွေချည်း ခံရတာတော့မဟုတ်ဘူး။ တခြား တိုင်းရင်းသား
တွေလည်း အနည်းနဲ့အများခံရတာပါပဲ။ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာဆို ရင် ကေအိုင်အေဘက်ကရော၊ တပ်မတော်ဘက်က ရော ကျူးလွန်တာတွေ ရှိမယ်။ ဒါပေမယ့် ကေအိုင်အေ ကတော့ တိုက်ပွဲနဲ့ဝေးတဲ့ ငြိမ်းချမ်းတဲ့ မြို့တွေပေါ်အထိ ဆက်ကြေးတောင်းတာ၊ လူစုတာ တွေ ရှိနေတယ် လို့
ပြောပါတယ်။

ကချင်ပြည်နယ် အတွင်း ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ရဲ့ သဘောထား အဖြစ်

(၁) ဤဒေသ အတွင်း နေထိုင်ကြသော တိုင်းရင်းသားများ အချင်းချင်း တစ်ဦးအပေါ် တစ်ဦး လူညွန့်ခူး ခေါင်းပုံဖြတ်ခြင်းကို လက်မခံပါ။

(၂) လက်နက်ဖြင့် အနိုင်ကျင့် ဗိုလ်ကျစိုးမိုးသော မည်သည့် အဖွဲ့အစည်း၏ လုပ်ရပ်ကိုမဆို ပြင်းထန်စွာ ရှုတ်ချသည်။

(၃) ကချင်ပြည်နယ် အတွင်း စစ်ပွဲများ အမြန်ဆုံး ရပ်စဲပြီး ငြိမ်းချမ်းရေး
ဆွေးနွေးကြရန် တောင်းဆိုသည်။

(၄) ပြည်တွင်းစစ် ရပ်စဲရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ဒေသခံ ရှမ်းနီပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု ရရှိမှသာ အောင်မြင်နိုင် မည် ဟု ယုံကြည်သည်။လို့ ကြေညာချက်မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

 
www.MyanmarExpress.net
 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ရေဒီယို အစီအစဉ်များမှတစ်ဆင့် ပြောကြားမည်

From : သမ္မတရုံး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝှမ်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရေဒီယို အစီအစဉ်များမှတစ်ဆင့် ပြောကြားမည့် နှစ်သစ်ကူး မိန့်ခွန်းကို ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၇ နာရီမှ စတင်ပြီး မြန်မာ့အသံ ရေဒီယို အစီအစဉ်နှင့် အက်ဖ်အမ်ရေဒီယို အစီအစဉ်များမှ နှစ်နာရီ တစ်ကြိမ် ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား  အသိပေးအပ်ပါသည်။

 www.MyanmarExpress.net
 

KIA ခေါင်းဆောင်များ၏ ဆွေမျိုးများ တရုတ်ပြည်ဘက်သို့ ပြောင်းရွှေ့

From :Jing Hpaw Land

KIA ခေါင်းဆောင်ပိုင်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ၀မ်ပေါင်သမ္မတနိုင်ငံထူထောင်ပြီး တရုတ်နဲ့လက်တွဲရေး လုပ်ဆောင် ချက်တွေကြောင့် ကချင်ပြည်နယ်၊ လိုင်ဇာတ၀ိုက်မှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေပါတယ်။ တိုက်ပွဲတွေမှာ KIA ဘက်က ထိခိုက်ကျဆုံးမှုတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြား လာတဲ့အတွက် KIA ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေ တရုတ်ပြည်ဘက်ကို အစောဆုံးဆုတ်ခွာသွားခဲ့ သလို ကျန်ရှိနေတဲ့ ဆွေမျိုးတွေလဲ အိမ်ထောင်စုအလိုက် တရုတ်ပြည်ဘက်ကို ပြောင်းရွှေ့နေကြပါတယ်။

KIA ခေါင်းဆောင်ပိုင်းတွေရဲ့ ဆွေမျိုး၊မိသားစုတွေအနေနဲ့ အရင်ကထဲက တရုတ်ပြည်နယ်အစိုးရနဲ့ သဘော တူညီချက်တွေရှိထားတဲ့အတိုင်း လိုင်ဇာမှာနေလို့မရတော့တဲ့အတွက် ပြောင်းရွှေ့နေကြခြင်းဖြစ်ပါတယ်။ မကြာမီရက်ပိုင်းအတွင်းမှာ လိုင်ဇာဌာနချုပ်က အစိုးရတပ်တွေရဲ့လက်ထဲကို ကျရောက်တော့မဲ့ အခြေအနေ ဖြစ်နေပါတယ်။ KIA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးလဂျွန်ကတော့ ``သူတို့ KIA တွေရဲ့ လျှို့ဝှက်ချက် တွေကို ABSDF ကျောင်းသားတပ်မတော်ကနေတစ်ဆင့် စစ်တပ်က သိသွားတာဖြစ်တယ်လို့`` ပြောပါတယ်။ ``ABSDF ကျောင်းသားတပ်မတော်မှာ အစိုးရရဲ့ စစ်ထောက်လှမ်းရေးတွေရှိတယ်ဆိုတာ သူတို့သတိမပြုမိလို့ အခုလိုခံလိုက်ရခြင်းဖြစ်တယ်လို့`` လည်း ပြောပြပါတယ်။

KIA ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ တရုတ်ပြည်ဘက်မှာရှိနေတဲ့ သူတို့ရဲ့ ကျောက်စိမ်းကုမ္ပဏီ တွေမှာ အရှိန်အဟုန်မပျက်ဆက်လက်လုပ်ကိုင်နိုင်မှာဖြစ်ပေမယ့် လိုင်ဇာမှာရှိနေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေရဲ့ အနာဂတ်အရေးကတော့ ဘာမှသေချာရေရာခြင်းမရှိပါဘူး။ ကျန်ခဲ့တဲ့တပ်ဖွဲ့တွေမှာ စားနပ်ရိက္ခာ၊ ငွေကြေးနဲ့ ဆေးဝါးတွေလုံလောက်မှုမရှိတဲ့အတွက် တိုက်ပွဲမှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားတဲ့ တပ်ဖွဲ့ဝင်တွေ အခြေအနေကဆိုးရွားနေသလောက် တရုတ်ပြည်ဘက်မှာရောက်နေတဲ့ KIA ဆွေမျိုးတွေကတော့ အခြေအနေ မပျက် စည်းစိမ်အပြည့်နဲ့ နေနိုင်မှာပါလို့ ဆက်လက်ပြောပြပါတယ်။


www.MyanmarExpress.net

၂၀၁၁ ခုနှစ် မျက်ခွက်အပြောင်ဆုံး မင်သားဆုကို ဇင်ဝိုင်း နှင့် လူမင်း မှ ပူးတွဲရရှိ



၂၀၁၁ ခုနှစ် မျက်ခွက်အပြောင်ဆုံး မင်သားဆုကို ဇင်ဝိုင်း နှင့် လူမင်း မှ ပူးတွဲရရှိသွားကြောင်း သတင်းရရှိပါတယ် ဇင်ဝိုင်း သည် ရုပ်ရှင်အစည်းအရုံး ဥက္ကဌဖြစ်ပြီး ဒုတိယ ဥက္ကဌမှာ လူမင်းဖြစ်ပါတယ်။
ယခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် အကယ်ဒမီ (၈) ခု ရရှိသွားသော ထာဝရအလင်းတန်းများ ဇတ်ကားသည် တရုတ်ရုပ်ရှင်အား တိုက်ရိုက်ကော်ပီရိုက်ကူးထားခြင်း ဖြစ်ပါတယ်။



http://video.chinese.cn/en/article/2009-09/09/content_53466.htm







တရုတ်ကားထဲမှာကဲ့သို့ပင်  ရွာလေးတစ်ရွာမှာ မိဘတွေနဲ့အတူနေထိုင်တဲ့
စောကျော်အေးဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီး မူလတန်းဆရာဖြစ် သင်တန်းကို
တက်ရောက်ခဲ့ပါတယ်။


တရုတ် ကား ကော်ပီရိုက်ထားသော ထာဝရ အလင်းတန်းများ ဇတ်ကားတွင်

- ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေး (အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု)
- ဒါရိုက်တာ ထွန်းအောင်ဇော် (အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆု)
- နောင်နောင် (အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု)
- မယ်လိုဒီ (အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု)
- မော့စ် (အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု)
- ဟိန်းထက် (လယ်ဝေး) (အကောင်းဆုံးတည်းဖြတ်ဆု)
- ဇော်မျိုးထွဋ် (အကောင်းဆုံးတေးဂီတဆု)
- မြင့်ဆောင်၊ စိုးကျော်ဆန်း (အကောင်းဆုံးဇာတ်ညွှန်းဆု)

တို့ ဆုတွေ ရရှိခဲ့ကြပါတယ်။

ယခုနှစ် အကယ်ဒမီပေးပွဲမှာ ရုပ်ရှင်လောကသားများ အချင်းချင်း ဦးဆောင်ခဲ့သော ပထမဆုံးပွဲဖြစ်ပြီး ပရိတ်သတ်အများစု မှ ကျေနပ်မှု မရှိခဲ့ပေ။ အကယ်ဒမီ ရရှိသူများ စာရင်းတွင် ဟာသသရုပ်ဆောင် မော့် တစ်ဦး ကိုသာ ပရိပ်သတ်များကသဘောတူညီကြပြီး အခြား ရရှိသူများကိုတော့ စိတ်ပျက်လျှက် ရှိကြပါတယ်။

၂၀၁၁ ခုနှစ် အကယ်ဒမီပေးပွဲ ဟာ အလှည့်ကျ ပေးသည် ဟု ဝေဖန်လျှက်ရှိကြပြီး အကယ်ဒမီပေးပွဲကို ယခင်လို ပြန်ကြားရေးဝန်ကြီး တစ်ခုတည်းကိုသာ ဦးဆောင်စေလိုကြောင်း၊ သို့မဟုတ်ပါက အသုံးမကျတဲ့ ဇင်ဝိုင်းနဲ့ လူမင်း တို့ကို ဥက္ကဌ နေရာများမှ ဖယ်ရှားသင့်ကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။

  www.MyanmarExpress.net
 

နိုင်ငံတော်အလံကို ကချင်ဝတ်စုံဝတ်ထားသည့်လူငယ်များးမှ ခြေဖြင့်နင်း၊မီးရို့၊စုတ်ဖြဲ ခဲ့သည့်ဖြစ်ရပ်အပေါ်မြန်မာနိုင်ငံသားများ မှ ကျေနပ်မှုမရှိ

From : Mg Soe




 နိုင်ငံတော်အလံကိုခြေနဲ့နင်းပြီး မီးရှို့ခဲ့ခြင်းသည် KIA အပေါ်မြန်မာနိုင်ငံသားများ၏မုန်းတီးစိတ်ကိုပိုဖြစ်ပေါ်နိုင်ဟု အမေရိကန်ရောက် အငြိမ်းစားဆရာဝန်ကြီးတစ်ဦးမှဆိုသည်။ ၃၀-၁၂-၂၀၁၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ကချင်စစ်ပွဲနှင့် ပတ်သက်၍ ဆန္ဒပြခဲ့ကြပါ သည်။ ထိုသို့ ဆန္ဒပြရာတွင် ဆိုင်းဘုတ်များ၊ ကြွေးကြော်သုံများဖြင့်အော်ဟစ်ဆန္ဒပြခဲ့ကြပြီး ကချင်ဝတ်စုံဝတ်ထား သည့် လူငယ် ၁၀ ဦးမှ နိုင်ငံတော်အလံအား ခြေဖြင့်နင်းပြီး ဓာတ်ပုံအရိုက်ခံကာမီးရှို့ခဲ့ကြောင်း သတင်းဓာတ်ပုံများ အရတွေ့ရှိရပါသည်။ ၎င်းသတင်းနှင့် ပတ်သက်၍ အမေရိကန်တွင်နေထိုင်လျက်ရှိသော အငြိမ်းစားဆရာဝန်ကြီး ဒေါက်တာမြင့်စိုးမှ ဒီကိစ္စလုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ တစ်ကမ္ဘာလုံးကအသိအမှတ်ပြုထားတဲ့ နိုင်ငံရဲ့အလံတစ်ခုကို အခုလို လုပ်တာတွေကို နိုင်ငံသားတစ်ယောက်အနေနဲ့ လုံးဝလက်မခံနိုင်ပါဘူးဒါတစ်နိုင်ငံလုံးနဲ့ဆိုင်ပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် ကချင်လူမျိုး တွေအပေါ် ကျန်တဲ့ နိုင်ငံသားတွေက အထင်အမြင်လွဲမှားသွားနိုင်ပါတယ်။ ဒီလိုလုပ်တာဟာ ကိုယ့်ရှူးကိုယ်ပတ်လာနိုင်သလို တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုထိ ခိုက်နိုင်ပါတယ်ဟု ပြောဆိုသွားသည်။ ထိုသို့ဆောင်ရွက်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းမှ လူငယ်များကလည်း လုံးဝကျေနပ်မှုမရှိကြောင်းသိရသည်။ ဒီအလံဟာ နိုင်ငံကိုယ်စားပြုအလံပါ၊ နိုင်ငံတကာ အားကစားပွဲတွေမှာ ကျွန်တော်တို့ ကိုယ်တိုင်အမြတ်တနိုးထားကိုင်တွယ်ခဲ့တဲ့ နိုင်ငံတော်အလံပါ။ ဒီလိုလုပ်တာကို လုံးဝမကျေနပ်ပါဘူးဟု ပြောဆိုသွား သည်။ ထို့ပြင် online အသုံးပြုသူ အမျိုးသမီးငယ်တစ်ဦးကလည်း ကိုယ့်နိုင်ငံသားတွေ ဖြစ်တဲ့သူတွေကဘဲ ကိုယ့်နိုင်ငံရဲ့အလံကို တက်နင်း နေတာ မီးရှို့နေတာတွေ မြင်ရတော့ ငယ်ငယ်တုန်းက ဘာသင်တန်း ညာသင်တန်းတွေ တက်ခဲ့တဲ့အခါ အလံတွေ ဘာတွေ ကိုင်ရတော့ ခေါင်းဆောင် လုပ်တဲ့သူတွေ၊ သင်တန်းပို့ချတဲ့ ဆရာတွေ ပြောခဲ့ဖူးတာ သတိရမိတယ်။


 ကိုယ့်နိုင်ငံရဲ့ အလံဆိုတာ အထွတ်အမြတ်ထားရတယ်။ မြေကြီးပေါ် ဘယ်တော့မှ မကျစေနဲ့ .. လူက လဲကျသွားဦးတော့ အလံကို မြေပေါ်မကျစေနဲ့လို့ တင်းတင်းကျပ်ကျပ်မှာခဲ့တာ၊ သင်ခဲ့တာ သတိရမိသေးတော့တယ်။ ဘာသင်တန်း ညာသင်တန်းဆိုလို့စစ်တပ်နဲ့ သက်ဆိုင်တဲ့ သင်တန်းလို့ မမှတ်လိုက်ကြပါဦးနဲ့... လူငယ်တွေ တက်ကြတဲ့ သာမန် ရိုးရိုး သင်တန်းတွေပါ။ ကျွန်မတို့ ငယ်ငယ်ကတော့ သင်တန်းပေါင်းစုံ ရှိသေးတဲ့ ခေတ်ဆိုတော့ အဲဒါတွေ မှီလိုက်လို့ပါ။ ကြက်ခြေနီသင်တန်းက အစပေါ့. ... နိုင်ငံအလံကို မြေကြီးနဲ့ထိမိရင်တောင် အပြစ်ပေးခံရတဲ့အထိ အလံကို တန်ဖိုးထားတတ်အောင် သင်ပေးခဲ့ကြတယ်။ ကိုယ့်နိုင်ငံအလံကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကိုယ့်တိုင်းပြည်ကို ကိုယ်စားပြုတဲ့ ကိုယ့်နိုင်ငံအလံ ဒီတိုင်းပြည်မှာ နေထိုင်ခဲ့တဲ့ ကြီးပြင်းခဲ့တဲ့ ကိုယ် ကိုယ်တိုင်ကမှ တန်ဖိုးမထားရင် ဘယ်သူက တန်ဖိုးထားမှာလဲနော်.. အလံဆိုတာ လူမျိုးတစ်ခုထဲကို ကိုယ်စားပြုထားတာ မဟုတ်ဘဲ မြန်မာပြည်တွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံးကိုပါ ကိုယ်စားပြုထားတာဖြစ်လို့ လူမျိုးတစ်မျိုးကို မုန်းရုံနဲ့၊ အစိုးရကို မုန်းရုံနဲ့လည်း ကိုယ့်နိုင်ငံအလံကို တက်နင်းတာမျိုး မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ ကိုယ့်တိုင်းပြည်ကအလံကို ကိုယ့်လူမျိုးတွေက နင်းချေနေတာ တစ်ခြား နိုင်ငံသားတွေက မြင်ရင် သူတို့ ဘယ်လိုများ ပြောကြမလဲ..ဟု ပြောဆိုသွားသည်။

 www.MyanmarExpress.net

 

အဓမ္မကျင့်ခံရတဲ့ အိန္ဒိယ ဆေးကျောင်းသူ မြုပ်နှံသဂြုင်္ိဟ်

From : VOA


 အိန္ဒိယနိုင်ငံမှာ အုပ်စုလိုက် အဓမ္မပြုကျင့်တာခံခဲ့ရတဲ့ ဆေးကျောင်းသူလေးရဲ့အလောင်းကို မိသားစုက မြှုပ်နှံသဂြုင်္ိဟ်တဲ့ အခမ်းအနား သီးသန့် ကျင်းပခဲ့
ပါတယ်။ ဒီ ဆေးကျောင်းသူလေး အဓမ္မ ပြုကျင့်ခံရမှုနဲ့ သေဆုံးခဲ့တာ အတွက် အိန္ဒိယ နိုင်ငံတလွှား ၀မ်းနည်းပူဆွေးမှုတွေနဲ့ ဒေါသတွေ ထွက်ခဲ့ကြပါတယ်။

သူမဟာ စင်ကာပူ ဆေးရုံမှာ စနေနေ့က သေဆုံးသွားခဲ့ပြီး အိန္ဒိယနိုင်ငံကိုလေယာဉ်နဲ့ အလောင်းပြန်ပြီး သယ်လာခဲ့တာပါ။ အိန္ဒိယနိုင်ငံရဲ့ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ လက်ရှိ အာဏာရ ကွန်ဂရက်ပါတီ အကြီးအကဲ ဆိုနီယာဂန္ဒီ တို့ဟာ တနင်္ဂနွေနေ့ အစောပိုင်းတုန်းက ပြန်လည် ရောက်ရှိ လာတဲ့ သူမရဲ့ အလောင်းကို လေဆိပ်မှာသွားရောက် ကြိုဆိုခဲ့ကြပြီး ကျန်ရစ်သူ မိသားစုနဲ့
တွေ့ဆုံခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဆေးကျောင်းသူလေးဟာ အဓမ္မ ပြုကျင့်ခံခဲ့ရပြီး အတိုက်အခိုက်ပါ ခံခဲ့ရတဲ့ ဒဏ်ရာကြောင့် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေမှာ ဒဏ်ရာ အကြီးအကျယ် ရခဲ့ပြီး ဦးနှောက်မှာပါ ထိခိုက်မှု ရှိခဲ့တာမို့ဆေးကုသမှု ခံယူဖို့ စင်ကာပူ ဆေးရုံကို သွားရောက်ခဲ့တာပါ။ သူမရဲ့
သေဆုံးမှုအတွက် အိန္ဒိယ အာဏာပိုင်တွေက လူ ၆ ဦးကို လူသတ်မှုနဲ့ စွဲချက် တင်ခဲ့ပါတယ်။ သူတို့ဟာ ဒီလို ကျူးလွန်ခဲ့တာ မှန်ကန်ကြောင်းသေချာရင် သေဒဏ်ပြစ်ဒဏ် ကျခံရဖို့ ရှိတယ်လို့လည်း ရဲတွေက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ကလည်း သေဆုံးသူ မိန်းကလေးရဲ့ မိသားစုဝင်တွေဆီ ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပေးပို့ခဲ့ပြီး အခုလို အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှုတွေကို လုံးဝ လက်မခံသလို ဒီ ပြစ်မှု ကျူးလွန်သူတွေကို ဘယ်တော့မှ ခွင့်လွှတ်သည်းခံမှာ မဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။



 www.MyanmarExpress.net

 

ပုဂ္ဂလိကသတင်းစာ မပေးသင့်သူများစာရင်း

From : ပလေတိုဒီမို


 ပြန်ကြားရေးက ပုဂ္ဂလိကနေ့ စဉ်ထုတ် သတင်းစာတွေ ခွင့်ပြုပေးမယ် ဆိုတာ သိရတဲ့အတွက် စဉ်းစားဆင်ခြင် သုံးသပ်တော်မူနိုင်ရန် တင်ပြရခြင်းပဲ ဖြစ်ပါ တယ်။ နေ့ စဉ်ထုတ်သတင်းစာတွေကို ဘက်လိုက်မှု ရှိတဲ့၊ အကျိုးစီးပွား မလွတ်ကင်းတဲ့၊ နိုင်ငံရေးအယူအဆတွေ ရိုက်သွင်းလိုတဲ့ အဖွဲ့ အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို လုံးဝ မပေးသင့်ပါဘူး။ ဘာဖြစ်လို့ လဲ ဆိုတော့ သူတို့ က မှန်ကန်ပြတ်သားတဲ့ စတုတ္ထမဏ္ဍိုင်နေရာကို ရယူနိုင်မှာ မဟုတ်တဲ့အတွက် ကြောင့်ပါပဲ။

စာရေးသူအနေနဲ့  ထင်မြင်ယူဆမိတာတွေကို နံပတ်စဉ်ထိုးပြီး ဖော်ပြပေး လိုက်ပါတယ်။

၁) နိုင်ငံရေးပါတီများ - နေ့ စဉ်ထုတ်သတင်းစာ လုံးဝ မပေးသင့်သူများ စာရင်းမှာ နံပတ်တစ် အဆင့် သတ်မှတ်သင့်ပါတယ်။ နိုင်ငံရေးပါတီ ဟူသည် ပါတီစည်းရုံးရေး၊ ရွေးကောက်ပွဲများမှာ လူထုထောက်ခံမှု ရရှိရေး၊ မိမိပါတီကို လူကြိုက်များလာရေး ဒါတွေကိုပဲ အလေးထားမှာ ဖြစ်တဲ့အတွက် လေးခုမြောက် ဒေါက်တိုင်ကြီး ဖြစ်လာမှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ နိုင်ငံရေးပါတီတွေ သတင်းစာထုတ်မယ်ဆိုရင် ပါတီကြီး(၂)ခုလောက်ပဲ တတ်နိုင်၊ လုပ်နိုင်ပါလိမ့်မယ်။ အထောက်အပံ့တွေ ရရှိနိုင်တဲ့ ပါတီတွေ ထုတ်နိုင်ပါလိမ့်မယ်။ ပါတီငယ်တွေအတွက်ကတော့ မညီမျှတဲ့ အခြေအနေတွေ၊ တစ်ဖက်စောင်းနင်း အနေအထားတွေ သေချာပေါက် ကြုံတွေ့ ရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီ ဖြစ်တဲ့အတွက် ကိုယ့်ပါတီကို ထောက်ခံသူများအောင် တစ်ခြား ပါတီတွေရဲ့ အမှားကို တိုက်ခိုက်ကြမှာ ဖြစ်သလို ကိုယ့်ပါတီကိုပဲ ပရိုမိုးရှင်း လုပ်ကြမှာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့  နိုင်ငံရေးအကျိုးစီးပွားတွေ အပြည့်အ၀ ပါရှိနေတဲ့ သတင်းစာမျိုးကြောင့် မလိုလားအပ်တဲ့ ဆိုကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာမှာပါ။ ဒါ့ကြောင့် ဘယ်နိုင်ငံရေးပါတီကိုမှ နေ့ စဉ်ထုတ်သတင်းစာထုတ်ဝေခွင့် မပေးသင့်ပါဘူး။

၂) နိုင်ငံရေးသမားများ - မြန်မာနိုင်ငံက နိုင်ငံရေးသမားတွေထဲမှာ ကျိကျိတက်အောင် ချမ်းသာတဲ့ ခရိုနီတွေ ရှိပါတယ်။ သူတို့ ကိုလည်း သတင်းစာထုတ်ဝေခွင့် မပေးသင့်ပါဘူး။ သူတို့ က ပါတီတွေထက် ပိုပြီးဆိုပါတယ်။ သူတို့  ပရိုမိုးရှင်းလုပ်ချင်တာကို PR နဲ့  လုပ်ကြမှာ ဖြစ်သလို သူတို့ ရဲ့ နိုင်ငံရေးအကျိုးစီးပွားအတွက် သတင်းစာကို အသုံးချမှာ ဖြစ်ပါတယ်။ လေးခုမြောက် ဒေါက်တိုင် စစ်စစ်မှန်မှန် လုပ်မှာ မဟုတ်ပါဘူး။

၃) စီးပွားရေးလုပ်ငန်းရှင်ကြီးများ - ခရိုနီတွေ ဖြစ်ပါတယ်။ အခု ဂျာနယ်တွေ ထုတ်ဝေတာနဲ့ တင် ခရိုနီတွေ ကျေနပ်ဖို့  ကောင်းပါပြီ။ အမှန်တစ်ကယ် ပြည်သူ့ အကျိုးအတွက် လုပ်လိုတဲ့ ဂျာနယ်တွေ ဆိုရင် ထားပါတော့။ ဒါပေမယ့် မြန်မာနိုင်ငံက ဂျာနယ်တွေကို ပြန်ပြီးကြည့်ပါ။ ဘယ်ဘက်မှ ဘက်မလိုက်ဘဲ လေးခုမြောက်ဒေါက်တိုင်အဖြစ် ရပ်တည် နိုင်တဲ့ ဂျာနယ် လက်ချိုးရေလို့  ရပါတယ်။

၎)ပြည်ပအထောက်အပံ့ယူ အဖွဲ့ အစည်းများ- ပြည်ပက အဖွဲ့ အစည်းတွေရဲ့  ထောက်ပံ့မှုနဲ့ လုပ်ကိုင်နေကြတဲ့ သူတွေ သတင်းစာထုတ်မယ်ဆိုရင် ဘယ်လိုမှ ပြည်သူ့ အကျိုးကို ရှေ့ တန်း မတင်နိုင်ပါဘူး။ သူတို့ ကိုငွေကြေးထောက်ပံ့နေတဲ့ ဒိုနာတွေရဲ့  သြဇာသက်ရောက်မှုတွေ ရှိနေမှာ ဖြစ်ပါတယ်။ ဥပမာ ပြောရရင် NED အထောက်အပံ့နဲ့  ရပ်တည်နေတဲ့ ဧရာဝတီသတင်းဌာန၊ Open Society အထောက်အပံ့ ယူနေတဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း စတဲ့ ဟာတွေ ဖြစ်ပါတယ်။ ကျန်တာလည်း အများ ကြီး ရှိပါတယ်။ (OIC အထောက်အပံ့ယူပြီး ထုတ်မယ့် ဘ၈င်္လိမ်တွေ ပါပါတယ်)

၅) ကျင့်ဝတ် လိုက်နာခြင်း မရှိသော စာနယ်ဇင်းများ - စာနယ်ဇင်းကျင့်ဝတ် တောင် မလိုက်နာနိုင်ကြတဲ့ ဂျာနယ်တွေ ဘယ်လိုလုပ် သတင်းစာကျင့်ဝတ်ကို လိုက်နာနိုင်ကြမလဲ။ ရှင်းပါတယ်။ သူတို့  ဟာ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် မပေးသင့်တဲ့ သူတွေ ဖြစ်ပါတယ်။ သူတို့ လက်ထဲ သတင်းစာပေးလိုက်ရင် ဒုက္ခအကြီးအကျယ် ရောက်သွားမှာ ဖြစ်ပါတယ်။

၆)အရောင်အသွေး ရှိသော စာနယ်ဇင်းများ - အရင်တုန်းကလို ကွန်မြူနစ်ဆိုပြီး မရှိတော့ပေမယ့် မြန်မာနိုင်ငံက စာနယ်ဇင်းတွေထဲမှာ နိုင်ငံရေးသူငယ်နာ မစင်သေးတဲ့ ဂျာနယ်တွေ အများကြီး ရှိနေပါတယ်။ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတွေလည်း တွေ့ နေရပါတယ်။ ကိုယ် မထောက်ခံတဲ့သူဆို အပြုတ်နှံပြီး ကိုယ် ထောက်ခံတဲ့ သူဆိုရင် ဘာဖြစ်ဖြစ် အကောင်းရေးတဲ့ ဂျာနယ် တွေ ဖြစ်ပါတယ်။ ဥပမာ ဖက်တီး(ခွန်ဒီးယမ်)ရဲ့  လေဒီးဂျာနယ်မျိုး ဖြစ်ပါတယ်။

၇) နိုင်ငံရေးအမြတ်ထုတ်လိုမှုနဲ့  ၀င်ရောက်လာမယ့် သတင်းစာများ- မြန်မာနိုင်ငံမှာ ဘယ်သူ သတင်းစာထုတ်နိုင်တယ်၊ ဘယ်သူ မထုတ်နိုင်ဘူးဆိုတဲ့ ငွေကြေးပိုင်း တတ်နိုင်သူ၊ အရည်အသွေးပိုင်း ပြည့်ဝသူ၊ ကျင့်ဝတ်အရ ကောင်းမွန်သူ၊ ဘက်လိုက်မှု ကင်းသူ စသည်အားဖြင့် သေသေချာချာ စစ်စစ်ပေါက်ပေါက် စာရင်းလုပ်ကြည့်ရင် သိနိုင်ပါတယ်။ အဲဒီ အထဲမှာ ဘယ်သူက မတတ်နိုင်ဘဲနဲ့  နောက်ကွယ်က မမြင်နိုင်တဲ့သူတွေကြောင့် တင်လာပြီ ဆိုရင်လည်း သိနိုင်ပါတယ်။

ဒါတွေအားလုံးဟာ စာရေးသူအနေဖြင့် တွေးကြည့်မိတာပါ။ ဒီထက်လည်း ပိုနိုင်ပါတယ်။ ဒီလူတွေကို သတင်းစာ ပေးထုတ်လိုက်ရင် သေချာပေါက် ပြည်သူတွေကို အဆိပ်အတောက်တွေ ဖြစ်စေမှာ ဖြစ်ပါတယ်။ သတင်းစာထုတ်ဝေခွင့်ဟာ အင်မတန် အန္တရာယ်ကြီးတယ်လို့  မြင်ပါတယ်။ ဒါကိုလည်း အစိုးရ တာဝန်ရှိသူတွေ ပြန်ပြီး စဉ်းစားသင့်ပါတယ်။ အခုကြေညာထားတဲ့ ထုတ်ဝေခွင့်မှာ စံချိန်စံညွှန်းတွေ တိတိကျကျ မပါသေးတာလည်း တွေ့ ရပါတယ်။ တိကျခိုင်မာပြီး သက်ရောက်မှု ရှိတဲ့ ဥပဒေတွေ ဘာမှ မရှိသေးဘဲ သတင်းစာ ပေးထုတ်မယ် ဆိုရင် ပြည်သူတွ ဒုက္ခရောက်ပါလိမ့်မယ်။ အခုတောင် တာဝန်မခံ၊ တာဝန်မယူဘဲ ရေးချင်ရာရေး၊ လုပ်ချင်ရာလုပ်နေကြတဲ့ ဂျာနယ်တွေ၊ သတင်းမှန်လား မမှန်ဘူးလား တိတိကျကျ အတည်ပြုခြင်း မရှိဘဲ ထည့်ကြတဲ့ ဂျာနယ်တွေ၊ ဖြစ်စဉ်ဖြစ်ရပ်တစ်ခုကို ဖော်ပြရာမှာ ကိုယ်ရေးချင်တဲ့ ရှုထောင့်တစ်ခုတည်းကပဲ ရေးတတ်တဲ့ ဂျာနယ်တွေ၊ ကျင့်ဝတ်ဆိုတာ ဘာမှန်းမသိ အခွင့်အရေးတော့ အပြည့်အ၀ လိုချင်တဲ့ ဂျာနယ်တွေ၊ အရည်အသွေး ပြည့်ဝခြင်း လုံးဝ မရှိတဲ့ ဂျာနယ်တွေ အများကြီးပါ။

ဒီတော့ ထိရောက်ပြီး မှန်ကန်တဲ့ အရေးယူမှု၊ ထိန်းကျောင်းမှု ပြုလုပ်နိုင်တဲ့ စာနယ်ဇင်းကောင်စီ မရှိသေးတဲ့ အချိန်၊ လိုက်နာရမယ့် ဥပဒေတွေ၊ တာဝန်ခံမှု၊ တာဝန်ယူမှုတွေ မရှိသေးတဲ့အချိန်၊ သတင်းစာတွေအတွက် အာဏာသက်ရောက်မှုရှိပြီး နိုင်ငံတကာ အဆင့်မီတဲ့ စံနှုန်းတွေ မရှိသေးတဲ့အချိန်မှာ ပု၈္ဂလိကသတင်းစာ ထုတ်ဝေခွင့်ကို မပေးသင့်ပါဘူး။

ကျင့်ဝတ်နဲ့ ထိန်းမယ် ဆိုတဲ့ စကားတော့ လာမပြောပါနဲ့  ။ ဘယ်သူတွေ ကျင့်ဝတ်ကို ထိန်းပါသလဲ၊ ကျင့်ဝတ်ကို မလိုက်နာရင် ဘာလုပ်မှာလဲ၊ တရားစွဲတယ် ဆိုရင်လည်း အော်ကြဦးမှာလား ဒီမေးခွန်းတွေ အရင် ဖြေကြည့်ပါ။ အရေးကြီးတာကတော့ သတင်းစာဆိုတာ စတုတ္ထမဏ္ဍိုင် မပီသရင် နိုင်ငံနဲ့  ပြည်သူတွေအတွက် သိပ်ကို အန္တရာယ်ကြီးပါတယ်။

အစိုးရအနေနဲ့  ပြန်စဉ်းစားဖို့  လိုပါတယ်။ ခိုင်မာပြီး မဖြစ်မနေ လိုက်နာရမယ့် ဥပဒေတစ်ရပ်ကို စာနယ်ဇင်းသမားတွေ၊ အစိုးရအုပ်ချုပ်သူတွေ၊ လွှတ်တော်အမတ်တွေ၊ ပြည်တွင်း-ပြည်ပ ပညာရှင်တွေ၊ ပြည်သူတွေ အကုန်ပါဝင် ရေးဆွဲပြီးမှ သတင်းစာ ထုတ်ခွင့် ပေးသင့်ပါတယ်။

အခုအချိန်မှာတော့ အချိန်မတန်သေးဘူး လို့ ပဲ ပြောချင်ပါတယ်။


 www.MyanmarExpress.net


တိုးတက်လာတဲ့မြန်မာ့ရုပ်ရှင်လောက ဘာလဲ....ဘယ်လဲ?

From :  ပုံရိပ်စစ် 



ဖတ်မိလိုက်တဲ့  အင်တာဗျူးလေးတခု.....
ကျနော်တို့ က ဒီနှစ်မှလွှဲပြောင်းယူတာဆိုတော့  တချို့  မလုပ်တက် မကိုင်တက်တာလေးတွေရှိတယ် သေချာတာကတော့  ခမ်းခမ်းနားနားလုပ်သွားမှာပါ....။

အခမ်းအနားဖွင့် လှစ်ကြောင်းကြေငြာအပ်ပါသည်...
လက်ခုတ်သံက လွဲရင် စလိုက်တို့  ၊ငွေ ရောင်ငွေ စတို့  ထွက်မလာဘူး
ညံလိုက်တဲ့  Performance

ဂီတလောကကြီး
ရုပ်ရှင်လောကကြီး ပျက်ဆီးနေပါပြီ
လွတ်လပ်ခွင့် မရှိပါဘူးပြောပြီ
စိတ်ကြိုက် ဥက္ကဌ တင်မြောက်ခွင့် ရချိန်မှ
မြန်မာ့  မြန် မာ ရုပ်ရှင်ဆိုတဲ့  ဂုဏ်က ကော်ပီ နဲ့  ညှားနေတယ်
မြန်မာ့  အားကစား ကမ္ဘာလွှမ်းရမည် ဆိုတဲ့  ဇာတိမာန်သီးချင်းက ကော်ပီဖြစ်နေတယ်

ဝတ်လိုက်တဲ့  အ၀တ်အစားက
အနောက်တိုင်းကုဒ်ကို ပုဆိုးနဲ့ 
ဖော်လိုက်တဲ့  ၀တ်စုံ တချို့ 
တချို့  တချို့ သောနောက်လိုက်များက တချို့  တချို့ သော အခမ်းအနားက စစ်ဗိုလ်ချူပ်ကြီးများကို ဝေဖန်သလို ဝေဖန်ရရင် ဖန်ခါးခါး ချိတ် ထမိန်ကြီးတွေ
တနိုင်ငံ လုံးရဲ့ လွတ်လပ်ရေးအတွက် တိုက်ထုတ်ခဲ့  တဲ့  တပ်မတော်ကိုယ်စားပြုပျောက်ကြားက
တိုက်ပုံဖြစ်လို့ ဖြစ်..........

လုပ်ချင်သလိုလုပ်ခွင့် ရဖို့  လွတ်လပ်ခွင့် ကို တောင်းဆိုတယ်ထင်ပါရဲ့ 

ပြည်သူအချစ်တော် ဒွေး၊ သရုပ်ဆောင် ဒီလောက်ကောင်းတာ တခါ ပဲရလိုက်တယ်
အမေ့ ခြေရာနဲ့ 

နှိမ်ပြောတာ မဟုတ်
မြန်မာရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီဆိုတာ...........
တခါ ရိုက် တခါရနဲ့  လူမထပ်အောင် ပေးနေခြင်းတွေလား...............

နိုင်ငံခြားသားတစ်ယောက် မြန် မာ့ ရုပ်ရှင်လောက ကထွက်တဲ့  ဗွီဒီယိုကို အချိန် ၁ နှစ်ပဲပေးကြည့် ။
အရံ မင်းသားမင်းသမီးနဲ့  ရိုက်နေကျ အိမ်တွေကို အလွတ်ရသွားလိမ့် မယ်.....။

သူများတွေလို စက်တင်ကောင်းကောင်းလုပ်မယ်
ကင်မရာကောင်းကောင်းနဲ့ ရိုက်မယ်
ဇာတ်လမ်း ဇတ်အိမ်ခိုင်မာအောင် လုပ်မယ် မရှိဘူး

အင်တာဗျူးတခုမှတွေ့ လိုက်တယ်
၁ လ သုံးကားရိုက်မယ်ဆိုတဲ့  စကားလုံးတွေ..........
လွတ်လွတ်လပ်လပ်ရိုက်ခွင့်  မရှိဘူးဆိုတဲ့  စကားလုံးတွေ.........
ဆင်ဆဲ ကင်းလွတ်ခွင့် ပေးပြီးသကာလ ဗြောင် ကျကျ ဆဲနည်းဆဲမျိုးတွေ......
သီးချင်းဆိုတာလား sex ရိုက်ချင်တာလည်း မသိလောက်အောင် သရုပ်ပျက်လာတဲ့  မအိန်းအိန်းတို့  လို့  vcd တွေကို ခွင့် ပြုပေးလာတဲ့  ဦးဇင်ဝိုင်းတို့  အဖွဲ့  အစည်းတွေ......
ထူးခြားချက်ဆိုလို့  ဆုပေး ၊တခါတည်း ကျေးဇူးတင်ကြောင်းပြော၊
ဖေဖုတ်မိသားစုတွေ ကိုလည်းကျေးဇူးတင်ကြောင်းပြောတွေ ပါလာတာပဲတိုးလာတယ်လို့ မြင်မိတယ်..........။

နိုင်ငံတော် ကားရိုက်တော့ 
နည်းနည်း ကြမ်းရင် မင်းသားနေရာက အစားထိုးပြီ................
လက်တီးနဲ့  ထိုးခန်းတွေတောင် ပီအောင် မရိုက်နိုင်ပဲနဲ့ 
ဒါနဲ့ များ ထိုင်းက ၀မ်ဘတ်တို့  နဲ့  ရာဇ၀င်ကားတွေ မှီအောင်ရိုက်မယ်ပြောနေသေးတယ်။


တက်လာလိုက်တဲ့  မင်းသား
အသံက ညှောင်နာနာနဲ့ 
အချစ်ခန်းကလွဲရင် ကျန်တာ ဘာမှမရဘူး
(မှတ်ချတ် နတ်ကတော် အခန်းမပါ)

ကဲ လွတ်လွတ်လပ်လပ်ဖွဲ့ စည်းခွင့် ရချိန်မှ
မြန်မာ့  ရုပ်ရှင်လောကသားအခြေအနေက ရှေ့  ဆက်ဘာလုပ်ကျမလဲဆိုတာ.........
 


www.MyanmarExpress.net

 

စကားပါရွာအနီး သစ်ခွပင်ရှာသူတစ်ဥိး ကေအိုင်အေထောင် ထားသောမိုင်းနင်း

From :Kachin Daily News


 စကားပါရွာမှ ၁၃နှစ်အရွယ် လူငယ်တစ်ဦးသည် သစ်ခွပင်ရှာ ရန် တောထဲ သို့သွားစဉ် မနေ့ နေ့လည် ၁၂နာရီ ပတ်ဝန်းကျင်က ကေအိုင်အေထောင် ထားသော မိုင်းနင်မိခဲ့ပါသည်။ မိုင်းနင်းမိတာကြောင့် ညဘက် ခြေထောက်ပြတ် သွားပြီး ဒဏ်ရာရရှိခဲ့သည်။

မိုင်းနင်းမိသည့်လူနာကို ဆဒုံးဆေးခန်းမှပြသပြီး ညနေ ၃နာရီ လောက် မှာ မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ကုသခဲ့သည်ဟုသိရပါသည်။
ကေအိုင်အေနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားစဉ်ကတည်းက မိုင်းထိဒဏ်ရာရသူတွေ ခြေပြတ် လက်ပြတ်ဖြစ်တဲ့သူတွေနဲ့ များပြားနေပါပြီ ကချင်တိုင်းရင်းသားများက ငြိမ်းချမ်းရေးကိုအေးအေးချမ်းချမ်း နေနိုင်ရန် ငြိမ်းချမ်းရေးကိုမျှော်လင့်တောင်းတ နေကြရပါသည်။



 www.MyanmarExpress.net

လူသာလဲကျပါစေ...နိုင်ငံတော်အလံ မကျပါစေနဲ့

From : အစိမ်းရောင်လွင်ပြင်

 နိုင်ငံတော်အလံ မြေပေါ်ကျရုံမက...ခြေထောက်ဖြင့်ပါ တက်နင်းထားသောအမေရိကန်ရောက် ကချင်ပြည်သူများ


ကိုယ့်နိုင်ငံသားတွေ ဖြစ်တဲ့သူတွေကဘဲ ကိုယ့်နိုင်ငံရဲ့အလံကို တက်နင်း နေတာ မီးရှို့နေတာတွေ မြင်ရတော့ ငယ်ငယ်တုန်းက ဘာသင်တန်း ညာသင်တန်းတွေ တက်ခဲ့တဲ့အခါ အလံတွေ ဘာတွေ ကိုင်ရတော့ ခေါင်းဆောင် လုပ်တဲ့သူတွေ၊ သင်တန်းပို့ချတဲ့ ဆရာတွေ ပြောခဲ့ဖူးတာ သတိရမိတယ်။ ကိုယ့်နိုင်ငံရဲ့ အလံဆိုတာ အထွတ်အမြတ်ထားရတယ်။ မြေကြီးပေါ် ဘယ်တော့မှ မကျစေနဲ့ .. လူက လဲကျသွားဦးတော့ အလံကို မြေပေါ်မကျစေနဲ့လို့ တင်းတင်းကျပ်ကျပ်မှာခဲ့တာ၊ သင်ခဲ့တာ သတိရမိသေးတော့တယ်။ ဘာသင်တန်း ညာသင်တန်းဆိုလို့စစ်တပ်နဲ့ သက်ဆိုင်တဲ့ သင်တန်းလို့ မမှတ်လိုက်ကြပါဦးနဲ့... လူငယ်တွေ တက်ကြတဲ့ သာမန် ရိုးရိုး သင်တန်းတွေပါ။ ကျွန်မတို့ ငယ်ငယ်ကတော့ သင်တန်းပေါင်းစုံ ရှိသေးတဲ့ ခေတ်ဆိုတော့ အဲဒါတွေ မှီလိုက်လို့ပါ။ ကြက်ခြေနီသင်တန်းက အစပေါ့. ... နိုင်ငံအလံကို မြေကြီးနဲ့ထိမိရင်တောင် အပြစ်ပေးခံရတဲ့အထိ အလံကို တန်ဖိုးထားတတ်အောင် သင်ပေးခဲ့ကြတယ်။ ကိုယ့်နိုင်ငံအလံကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကိုယ့်တိုင်းပြည်ကို ကိုယ်စားပြုတဲ့ ကိုယ့်နိုင်ငံအလံ ဒီတိုင်းပြည်မှာ နေထိုင်ခဲ့တဲ့ ကြီးပြင်းခဲ့တဲ့ ကိုယ် ကိုယ်တိုင်ကမှ တန်ဖိုးမထားရင် ဘယ်သူက တန်ဖိုးထားမှာလဲနော်.. အလံဆိုတာ လူမျိုးတစ်ခုထဲကို ကိုယ်စားပြုထားတာ မဟုတ်ဘဲ မြန်မာပြည်တွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံးကိုပါ ကိုယ်စားပြုထားတာဖြစ်လို့ လူမျိုးတစ်မျိုးကို မုန်းရုံနဲ့၊ အစိုးရကို မုန်းရုံနဲ့လည်း ကိုယ့်နိုင်ငံအလံကို တက်နင်းတာမျိုး မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ ကိုယ့်တိုင်းပြည်ကအလံကို ကိုယ့်လူမျိုးတွေက နင်းချေနေတာ တစ်ခြား နိုင်ငံသားတွေက မြင်ရင် သူတို့ ဘယ်လိုများ ပြောကြမလဲ.. 


 www.MyanmarExpress.net

 

ကမ္ဘာ့ဒုတိယ အကြီးဆုံး စိန်တွင်း (မိုင်းတွင်း)

From : ရိုးရာလေး

ကမ္ဘာ့ဒုတိယအကြီးဆုံး မိုင်းတွင်း အဖြစ် စံချိန်ထားတဲ့ Mr mine ဟာ ရုရှားနိုင်ငံ၊ ဆိုက်ဘေးယီးယား အရှေ့ ပိုင်း Mirny မြို့ မှာ တည်ရှိပါတယ်။ ပထမ အကြီးဆုံးကတော့ အမေရိကန်နိုင်ငံမှာ ရှိတာ ဖြစ်ပါတယ်။

Mr mine ဟာ အနက်ဟာ ၁၇၂၂ ပေရှိပြီး အကျယ်အဝန်းကတော့ ၃၉၀၀ ပေ ရှိပါတယ်။ ၁၉၅၇ ခုနှစ်က စတင်ဖွင့်လှစ်ပြီး ၂၀၁၁ ခုနှစ်မှာ တူးဖော်မှုများ ယာယီ ရပ်နားထားပါတယ်။ ဆိုဗီယက်ခေတ်ကာလ ကတည်းက တူးဖောက်ပြီး ဆိုဗီယက်ရဲ့  စိန်အထွက် အများဆုံး နေရာ လို့တောင် အသတ်မှတ်ခံခဲ့ ရပါသေးသတယ်။ တစ်နှစ်ကို စိန် ၂ထောင် ကီလိုဂရမ် ပျှမ်းမျှ ထွက်ရှိပြီး အရည်အသွေး ပြည့်မှီတဲ့ စိန်များ ဖြစ်ပါတယ်။

ကြားမှာ ကုမ္မဏီသုံးခုလာက်အပြောင်းအလဲ ဖြစ်ခဲ့သေးပြီး ဆိုဗီယက်နိုင်ငံ ပြိုကွဲစဉ် ကာလက တစ်နှစ်လောက် နားခဲ့ရပါသေး တယ်။ ဆောင်းရာသီရဲ့  လွန်ကဲတဲ့ အအေးဒဏ်ကြားထဲကနေလည်း ခက်ခက်ခဲခဲ တူးခဲ့ကြပါတယ်။ ယခုတော့ ရေမြေအနေအထား ဆက်တူး ရင်ပတ်ဝန်းကျင် ဒေသများကို ထိခိုက်နိုင်တဲ့အတွက် ရပ်တန့်ထားပါတယ်။ သို့ပေမယ့် ယာယီမျှသာ ဖြစ်ပြီး စိန်ထွက်ရှိမှု မရပ်သေးတဲ့ Mr mine ကို ဆက်တူးအုံးမှာ ဖြစ်ကြောင်း သိရပါတယ်။ 


 www.MyanmarExpress.net
 

အာဖဂန် နစ္စတန် နိုင်ငံမှ အမျိုးသမီး နှစ်ဦး ပထမဆုံး စစ်ရဟတ်ယာဉ် မှူးများ ဖြစ်လာမည်

From : မြဝတီ

အာဖဂန် အမျိုးသမီး လေယာဉ်မှူး နှစ်ဦးသည် အမေရိကန် နိုင်ငံ၌ စစ်သုံး ရဟတ်ယာဉ်မောင်း သင်တန်းအား လေ့လာ သင်ယူခဲ့ပြီးနောက် အာဖဂန် နစ္စတန် နိုင်ငံသို့ မကြာသေးမီက ပြန်လည်ရောက်ရှိ ခဲ့ကြောင်း သိရ သည်။ ဒုတိယဗိုလ် ဆိုယာဆာလာနှင့် ဒုတိယဗိုလ် မဆူးမာ ဟတ်ဆိုင်းနီ အမည်ရှိ အမျိုးသမီး လေယာဉ်မှူး နှစ်ဦးသည် အမေရိကန် နိုင်ငံ၌ စစ်သုံး ရဟတ်ယာဉ်မောင်း သင်တန်းအား ၁၈ လကြာ တက်ရောက် ခဲ့ကြသည်။ ဆိုဗီယက်တပ်များ အာဖဂန်မှ ဆုတ်ခွာ ခဲ့ပြီးနောက် ၎င်းတို့ နှစ်ဦးသည် အာဖဂန် နစ္စတန် နိုင်ငံ၏ ပထမဆုံး အမျိုးသမီး စစ်ရဟတ် ယာဉ်မှူးများ ဖြစ်လာတော့မည် ဖြစ် သည်။

ဆာလာနှင့် ဟတ်ဆိုင်းနီတို့သည် မိမိတို့အား အာဖဂန် လေတပ်မှ ပစ်ပယ်လိမ့်မည် မဟုတ်ဟု ယူဆထား ကြောင်းနှင့် မကြာမီ အချိန်အတွင်း အာဖဂန် လေတပ်၌ ရဟတ်ယာဉ်မောင်း တာဝန်ထမ်းဆောင် သွားမည် ဖြစ်ကြောင်း လော့စ်အိန်ဂျလိစ် သတင်းစာ၌ ပြောကြား ခဲ့သည်။

အာဖဂန် နစ္စတန် နိုင်ငံသည် တာလီဘန် အစိုးရ လက်ထက် အတွင်း၌ အမျိုးသမီး များ၏ ပညာ သင်ကြားရေး နှင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်မှုကို ကန့်သတ် ခဲ့ကြသည်။ ထို့အပြင် အစိုးရ အဖွဲ့သစ်နှင့် နိုင်ငံတကာ အဖွဲ့အစည်း တို့ကလည်း အာဖဂန် အမျိုး သမီးများ၏ စီးပွားရေးနှင့် ပညာ သင်ကြားရေး အခွင့်အလမ်းများ အပြည့်အဝ ရရှိရေး စီစဉ် ဆောင်ရွက်ပေးရန် ပျက်ကွက် ခဲ့ကြကြောင်း သိရသည်။


 www.MyanmarExpress.net

စစ်ထောက်လှမ်းရေးများဟုစွပ်စွဲခံရပြီးသေဆုံးခဲ့သူများစာရင်း

 From : Ko Lin Wai Aung
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး( မြောက်ပိုင်း ) - ပါဂျောင်ဒေသ - လိုင်စင်စခန်း - တွင်
စစ်ထောက်လှမ်းရေးများဟုမတရားစွပ်စွဲကာ နှိပ်စက်သတ်ဖြတ်ခံရပြီးသေဆုံးးခဲ့ရသူများစာရင်း-(၁၉၉၁-၉၂)
(၁) ကိုမြတ်ကိုကို (လူသစ်) (မြင်းခြံ)
ထောက်လှမ်းရေးဟုစွပ်စွဲကာသတ်ဖြတ်
(. .၁၉၈၉)
ရေဆင်းတက္ကသိုလ်ကျောင်းသား
(၂) ကိုလွှမ်းမိုး ဦးစီးမှူး - မ.က.ဒ.တ(ကချင်) မိုးကောင်း
အဖွဲ့အစည်းပြိုကွဲအောင်လုပ်သည်ဟုစွပ်စွဲကာ စခန်းအလယ်ခေါင်သင်တန်းကွင်းတွင် သေနတ်ဖြင့်ပစ်သတ်ခံရ
( . .၁၉၉၀)
(၃)ကိုအောင်ကျော် (တပ်သား) ရန်ကုန်
ထောက်လှမ်းရေးဟုသံသယဖြစ်ကာကေအိုင်အေမြေတိုက်တွင်ဖမ်းခံနေရစဉ်သေဆုံး
( . .၁၉၉၀ ) (ဆေးရုံတွင်သေဆုံး)
(၄) ကိုစိုးမင်းအောင် (တပ်သား) မန္တလေး
ထောက်လှမ်းရေးဟုသံသယဖြစ်ကာစစ်ဆေး ရင်းစစ်ကြောရေးဒဏ်ကြောင့်သေဆုံး
( .၀၈.၁၉၉၁ ) (ဗန်းမော်ခရိုင်တွင်သေဆုံး)
(၅)ဦးအောင်ကိုး (တပ်ကြပ်ကြီး) ဗန်းမော်
ထောက်လှမ်းရေးဟုသံသယဖြစ်ကာဖမ်းထားစဉ် ရင်းမှူးအောင်သန်း၏ မူးရမ်းကားပစ်ခတ်၍ သေဆုံး
( . .၁၉၉၁ ) ဗန်းမော်ခရိုင်တွင်သေဆုံး
(၆)ကိုဝင်းနောင် (သင်တန်းဆရာ) ရန်ကုန်
ထောက်လှမ်းရေးဟုသံသယဖြစ်ကာဖမ်းဆီးခံရပြီး စခန်းပြောင်းစဉ်ဒဏ်ရာများနှင့်မလိုက်နိုင်၍ သတ်ဖြတ်ခံရ
( . .၁၉၉၂) ဗန်းမော်ခရိုင်တွင်သေဆုံး (လူ့ဘောင်သစ်-ဗဟန်း)
(၇)ကိုကျော်ဌေး (တပ်သား) (မန္တလေး)
ထောက်လှမ်းရေးဟုသံသယဖြစ်ကာစစ်ဆေးရင်း စစ်ကြောရေးဒဏ်ကြောင့်သေဆုံး
( .၀၈.၁၉၉၁)
(၈)ကိုရာကွတ်ဘိုင် အရပ်သား (ယင်ကျန်း)
ထောက်လှမ်းရေးဟုသံသယဖြစ်ကာစစ်ဆေးရင်း စစ်ကြောရေးဒဏ်ကြောင့်သေဆုံး
( .၀၈.၁၉၉၁)
တရုပ်နယ်စပ်တွင်လ္ဘက်ရည်ဆိုင်ဖွင့်
(၉) ကိုခင်မောင်စိုး(ခ)ကိုစိုးကြီး ဥက္ကဌ၏ကိုယ်ရေးလက်ထောက် (အင်းတော်)
ထောက်လှမ်းရေးဟုသံသယဖြစ်ကာစစ်ဆေးရင်းစစ်ကြောရေးဒဏ်ကြောင့်သေဆုံး
( .၀၉.၁၉၉၁)
(၁၀) ကိုပြည့်စိုးနိုင်(ခ)ကိုပြည့် ရိက္ခာတာဝန်ခံ (ရန်ကုန်)
ထောက်လှမ်းရေးဟုသံသယဖြစ်ကာစစ်ဆေးရင်း စစ်ကြောရေးဒဏ်ကြောင့်သေဆုံး
( .၀၉.၁၉၉၁) စစ်ကြောရေးခန်းတွင်သေဆုံး
(၁၁)ကိုဇော်ဝင်းချစ် (တပ်ကြပ်ကြီး) ခရိုင်မှူးဟောင်း(ဗန်းမော်)
ထောက်လှမ်းရေးဟုသံသယဖြစ်ကာစစ်ဆေးရင်း စစ်ကြောရေးဒဏ်ကြောင့်သေဆုံး
( . .၁၉၉၁)
(၁၂) ကိုတင်မောင်အေး(ခ)ကိုအားဆိုက် ဗဟိုကော်မတီဝင် မ.က.ဒ.တ(မပ)
ကသာ
ထောက်လှမ်းရေးဟုသံသယဖြစ်ကာစစ်ဆေးရင်းစစ်ကြောရေးဒဏ်ကြောင့်သေဆုံး
( . .၁၉၉၁)
(၁၃) ဦးစိန် ဗဟိုကော်မတီဝင် မ.က.ဒ.တ(မပ) ရန်ကုန်
ထောက်လှမ်းရေးဟုသံသယဖြစ်ကာစစ်ဆေးရင်း စစ်ကြောရေးဒဏ်ကြောင့်သေဆုံး
( . .၁၉၉၁) အချုပ်ထောင်တွင်းသေဆုံး
(၁၄) ကိုအရှည်ကြီး(ခ) ကိုဝင်းသိန်း တပ်သား (၀န်းသို)
စစ်ကြောရေးဒဏ်ကြောင့် အချုပ်ထောင် အတွင်းသေဆုံး
( . .၁၉၉၂)
(၁၅) ကိုအောင်မင်း(ခ) ကိုထိန်လင်း (တပ်သား ) မန္တလေး
အချုပ်ထောင်မှူး၏ရိုက်နှက်မှုကြောင့်အချုပ်ဆောင်တွင်းသေဆုံး
( . .၁၉၉၂)
(၁၆) ကိုကျော်ဝေ ( တပ်သား ) မန္တလေး
လူသတ်ကုန်းတွင်စစ်ဆေးရင်းခေါင်းဖြတ်သတ်ဖြတ်ခံရ
( .၀၂.၁၉၉၂)
(၁၇) ကိုထွန်းအောင်ကျော် ဥက္ကဌ မ.က.ဒ.တ(မပ) မန္တလေး
စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာ ဖမ်းဆီးနှိပ်စက်ပြီးလူသတ်ကုန်းတွင် သတ်ဖြတ်ခံရ
(၁၂.၀၂.၁၉၉၂)
အထက်ဗမာပြည်ဗကသဥက္ကဌဟောင်း-၁၉၈၈-၉၀

(၁၈) ကိုချိုကြီး (ခ) ဖရက်ဒီအောင်သန်း ( UG တာဝန်ခံ ) ( မန္တလေး )
စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာ ဖမ်းဆီးနှိပ်စက်ပြီးလူသတ်ကုန်းတွင် သတ်ဖြတ်ခံရ
(၁၂.၀၂.၁၉၉၂)
ဥက္ကဌ ၏အစ်ကိုဝမ်းကွဲတော်စပ်
(၁၉) ကိုရန်အောင် ( တပ်သား ) မန္တလေး
စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာ ဖမ်းဆီးနှိပ်စက်ပြီးလူသတ်ကုန်းတွင် သတ်ဖြတ်ခံရ
(၁၂.၀၂.၁၉၉၂)
(၂၀)ကိုလှမြင့်(ခ) ကိုဇော်ရဲသွေး (တပ်သား ) တပ်ကုန်း
စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာ ဖမ်းဆီးနှိပ်စက်ပြီး လူသတ်ကုန်းတွင်သတ်ဖြတ်ခံရ
(၁၂.၀၂.၁၉၉၂)
(၂၁) ဒုဗိုလ်သာဓု တပ်ခွဲမှူး (ရန်ကုန်)
စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာ ဖမ်းဆီးနှိပ်စက်ပြီးလူသတ်ကုန်းတွင် သတ်ဖြတ်ခံရ
(၁၂.၀၂.၁၉၉၂)
(၂၂) မောင်မောင်ကြွယ် သတင်းပြန်ကြား ရန်ကုန်
စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာ ဖမ်းဆီးနှိပ်စက်ပြီးလူသတ်ကုန်းတွင် သတ်ဖြတ်ခံရ
(၁၂.၀၂.၁၉၉၂)
(ဒေါ်ချိုချိုကျော်ငြိမ်း၏မွေးစားသား)
(၂၃)မခင်ချိုဦး ရဲမေ ( ရန်ကုန်)
စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာ ဖမ်းဆီးနှိပ်စက်ပြီး လူသတ်ကုန်းတွင်သတ်ဖြတ်ခံရ
(၁၂.၀၂.၁၉၉၂)
(၂၄)ကိုအောင်ဖိုး(ခ)ကိုအေးသက်လတ် ( တပ်သား) ရန်ကုန်(တာမွေ)
စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာ ဖမ်းဆီးနှိပ်စက်ပြီးလူသတ်ကုန်းတွင် သတ်ဖြတ်ခံရ
(၁၂.၀၂.၁၉၉၂)
(၂၅)ကိုသက်နိုင် ဒုတပ်ကြပ် ရန်ကုန်(မင်္ဂလာဒုံ)
စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာ ဖမ်းဆီးနှိပ်စက်ပြီးလူသတ်ကုန်းတွင် သတ်ဖြတ်ခံရ
(၁၂.၀၂.၁၉၉၂)
(၂၆) ကိုဌေးမြင့်ဝင်း တပ်ကြပ် ရန်ကုန်
စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာ ဖမ်းဆီးနှိပ်စက်ပြီး လူသတ်ကုန်းတွင်သတ်ဖြတ်ခံရ
(၁၂.၀၂.၁၉၉၂)
(၂၇) ဦးသောင်းမြင့် စည်းရုံးရေးမှူး (တန့်ဆည်)
စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာ ဖမ်းဆီးနှိပ်စက်ပြီးလူသတ်ကုန်းတွင် သတ်ဖြတ်ခံရ
(၁၂.၀၂.၁၉၉၂)
(၂၈) ကိုမောင်မောင် ကမဒ-တပ်သား ကသာ
စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာ ဖမ်းဆီးနှိပ်စက်ပြီးလူသတ်ကုန်းတွင် သတ်ဖြတ်ခံရ
(၁၂.၀၂.၁၉၉၂)
(၂၉) ကိုအေးမြင့် ဆေးတပ်သား(သင်တန်း) ကသာ
စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာ ဖမ်းဆီးနှိပ်စက်ပြီးလူသတ်ကုန်းတွင် သတ်ဖြတ်ခံရ
(၁၂.၀၂.၁၉၉၂)
(၃၀) ကိုတူးတူး တပ်ကြပ်ကြီး ခရိုင်မှူးဟောင်း (မြစ်ကြီးနား)
စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာ ဖမ်းဆီးနှိပ်စက်ပြီးလူသတ်ကုန်းတွင် သတ်ဖြတ်ခံရ
(၁၂.၀၂.၁၉၉၂)
(၃၁) ကိုကျော်ကျော်မင်း (တပ်သား) ထန်းတစ်ပင်(ဇီးကုန်း)
စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာ ဖမ်းဆီးနှိပ်စက်ပြီးလူသတ်ကုန်းတွင် သတ်ဖြတ်ခံရ
(၁၂.၀၂.၁၉၉၂)
(၃၂) ကိုစိုးဝင်းသန်း (တပ်သား ) မန္တလေး
စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာ ဖမ်းဆီးနှိပ်စက်ပြီးလူသတ်ကုန်းတွင် သတ်ဖြတ်ခံရ
(၁၉.၀၂.၁၉၉၂)
(၃၃)ဦးကျော်ကျော်အုန်း ဗဟိုကော်မတီဝင် မ.က.ဒ.တ(မပ) တန့်ဆည်
စစ်ထောက်လှမ်းရေးဟုစွပ်စွဲပြီးဖါးကန့်ဒေသတွင်သတ်ဖြတ်ခံရ
( . .၁၉၉၂)
(၃၄) ကိုရန်ရှင်း (စည်းရုံးရေးမှူး ) မြင်းခြံ
စစ်ထောက်လှမ်းရေးဟုစွပ်စွဲပြီးဖါးကန့်ဒေသတွင်သတ်ဖြတ်ခံရ
( . .၁၉၉၂ )
(၃၅) ကိုအေးကျော် (တပ်သား ) မန္တလေး
ဗန်းမော်ခရိုင်တွင် စစ်ကြောရေးဒဏ်ကြောင့်သေဆုံး
( . . ၁၉၉၁)
(၃၆) ကိုတင့်လွင် (တပ်သား) မြစ်ကြီးနား
ဗန်းမော်ခရိုင်တွင် စစ်ကြောရေးဒဏ်ကြောင့်သေဆုံး
( . . ၁၉၉၁)
(၃၇) အောင်မြင့်ထွန်း(ခ)ပေါသွတ် ( တပ်သား) ကသာ
စစ်ထောက်လှမ်းရေးဟုစွပ်စွဲပြီးဖါးကန့်ဒေသတွင်သတ်ဖြတ်ခံရ
( . .၁၉၉၂)
(၃၈) ကျော်ကျော်ဦး (တပ်သား ) ကသာ
ထောက်လှမ်းရေးဟုသံသယဖြစ်ကာစစ်ဆေးရင်း စစ်ကြောရေးဒဏ်ကြောင့်သေဆုံး
( . .၁၉၉၁) ဗဟိုတွင်သေဆုံး
“ အမှန်တရားဟာသင်တို့နှင့်အတူရှိနေပါတယ် ”

“ သူငယ်ချင်းတို့ကောင်းရာသုဂတိရောက်ပါစေ ”

ဖမ်းဆီးနှိပ်စက်ခံရပြီးအချုပ်ထောင်မှထွက်ပြေးလွတ်မြောက်လာသူစုစုပေါင်း( ၇၀ ) ဦးရှိပါသည်။

သေဆုံးသူများစာရင်းပြင်ဆင်ဖြည့်စွက်ခြင်း


သေဆုံးသူစာရင်းအားပြင်ဆင်ဖြည့်စွက်ခြင်း
(၁) ဦးရန်နောင်စိုး(ဗဟိုကော်မတီဝင်)အား သတ်ဖြတ်ခံရပြီးသေဆုံးသူစာရင်းမှဖယ်ရှားပါသည်။
(လွတ်မြောက်သွားပြီးနောက် သပိတ်ကာလက ရဲစခန်းဝင်စီးမှုဖြင့် ထောင်ကျခဲ့ပြီး ထောင်မှလွတ်ပြီးနောက်မှ ကွယ်လွန်သွားခြင်း ဖြစ်ပါသည်)
အောက်ပါပုဂ္ဂိုလ်များအားသေဆုံးစာရင်းတွင်ထပ်မံထည့်သွင်းပါသည်။
( ၁ ) ကိုအေးကျော်(မန္တလေး) - ဗန်းမော်ခရိုင်တွင် စစ်ကြောရေးဒဏ်ကြောင့် သေဆုံး
( ၂ ) အောင်မြင့်ထွန်း(ခ)ပေါသွတ်- ရင်း(၆)ဖါးကန့်နယ်မြေတွင်သေဆုံး
( ၃ ) ကျော်ကျော်ဦး(ကသာ)- အကျဉ်းထောင်တွင်း ပါဂျောင်(ဗဟို)တွင်သေဆုံး
( ၄ ) တင့်လွင်(မြစ်ကြီးနား) - ဗန်းမော်ခရိုင်တွင် စစ်ကြောရေးဒဏ်ကြောင့် သေဆုံး
ပြင်ဆင်ပေးသော KYAW GYI – AB အားကျေးဇူးတင်ပါသည်။
Myanmar Express

လိုင်ဇာ ကို တစ်နာရီ အတွင်း တက်သိမ်းနိုင်သော်လည်း သိမ်းမည်မဟုတ်သဖြင့် KIA နှင့် ABSDF ကျောင်းသားများ ကြောက်လန့်သွေးပျက် နေဖို့မလို ဟု ဆို


မြန်မာစစ်တပ်အနေဖြင့် လဂျားယန်တ၀ိုက် KIA နှင့် တိုက်ပွဲများဖြစ်ပွား
နေသော်လည်း လိုင်ဇာမြို့အား တိုက်ခိုက်ရန် အစီအစဉ်မရှိကြောင်း စစ်တပ်မှအရာရှိတစ်ဦးမှ ပြောဆိုသွားသည်။ ``ကျွန်တော်တို့အနေနဲ့ လူနေတဲ့ဒေသတွေကို တိုက်ခိုက်ဖို့ အစီအစဉ်မရှိသလို မူလဲမရှိပါဘူး ´´ ဟု ပြောဆိုသွားသည်။ လဂျားယန်တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများနှင့်
ပတ်သက်၍ ၎င်းမှ လဂျားယန်ဒေသမှာ စစ်တပ်မှအကြီးအကျယ် ထိုးစစ်ဆင်
နေတယ်ဆိုတာ မဟုတ်ပါဘူး။ လဂျားယန်မှာကျွန်တော်တို့တပ်က စခန်း
တစ်ခုရှိပါတယ်။

အဲဒီစခန်းကို လစဉ်ရိက္ခာပို့တာတွေ အုပ်ချုပ်မှုကိစ္စဆောင်ရွက်တာတွေ
အတွက် အနည်းဆုံးတစ်လတစ်ခါသွားရပါတယ်။ အဲဒီစခန်းကို ရိက္ခာ
သွားပို့တိုင်းပို့တိုင်း KIA အဖွဲ့က မိုင်းဆွဲတိုက်တာတွေ ခြုံခိုတိုက်တာတွေ အမြဲတမ်းလုပ်ပါတယ်။ ဒါကြောင့် ရိက္ခာပို့တိုင်း ကျွန်တော်တို့ဆီက ထိခိုက်
ကျဆုံးမှုတွေ ရှိနေပါတယ်။ ဒီလ ၁၄ ရက်နေ့ကလည်း လဂျားယန်စခန်းကို
ရိက္ခာသွားပို့တဲ့ အင်အား ၅၀ ရှိတဲ့ စစ်ကြောင်းတစ်ကြောင်းကို KIA ၅၀၀ လောက်က မိုင်းဆွဲခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် ၁၀ ဦးကျဆုံးပြီး ၅ ဦး အဖမ်းခံခဲ့ရပါတယ်။

အဲဒီ လဂျားယန်မှာရှိတဲ့ ကျွန်တော်တို့တပ်ဖွဲ့တွေကို အခုအချိန်ထိ ရိက္ခာ
မပို့ရသေးပါဘူး။ အခုတိုက်ပွဲဖြစ်နေတယ်ဆိုတာ မပခ တိုင်းမှူး ကြိုတင်
ကြေငြာခဲ့တဲ့အတိုင်း `` လဂျားယန်စခန်းအတွက် အုပ်ချုပ်မှုကိစ္စဆောင် ရွက်နေခြင်းဖြစ်ပါတယ်´´ဟု ပြောဆိုသွားသည်။

အစိုးရ၏ စစ်တပ်အုပ်ချုပ်မှုဆောင်ရွက်မည့် လဂျားယန်စခန်းသည် လိုင်ဇာမြို့အနောက်ဖက် ၈ မိုင်ခန့်အကွာတွင်ရှိပြီး ၎င်းစခန်းသည် လိုင်ဇာဌာနချုပ်အား စိုးမိုးထားသည့် အနေအထားတွင်ရှိသည်။ ၎င်းတောင်ကြောတွင် KIA တပ်ဖွဲ့နှင့် ABSDF ပူးပေါင်းအင်အား ၅၀၀ ခန့်ရှိကြောင်းနှင့် ၎င်းတို့အနီးတွင် မြန်မာအစိုးရ၏ တပ်စခန်းတစ်ခုရှိကြောင်း ABSDF မြောက်ပိုင်းမှ ဗိုလ်မှူး အေးမင်းမှ ပြောပါသည်။

ယခုလဆန်းရက်နေ့ကလဲ ရိက္ခာပို့သည့် စစ်ကြောင်းအားKIA နှင့် ABSDF ပူးပေါင်း တပ်ဖွဲ့များမှ ခြုံခိုတိုက်ခိုက်ခဲ့ပြီး အစိုးရ၏ ဒဏ်ရာရစစ်သည်များကို ဖမ်းဆီးရမိသည့် Video File များဖြင့် Internet တွင် ၀ါဒဖြန့်ချိရေးအသွင်ဖြင့်တင်ထားကြောင်းသိရှိရသည်။


  www.MyanmarExpress.net
 

ယနေ့ ည မှ စ၍ ဝါဒဖြန့် ကချင် သတင်း ဆိုက်အားလုံး DDos ဖြင့် တိုက်ရန် လင့် ဒီမှာ ယူပါ





ဝါဖြန့် ကချင်မီဒီယာများသည် ယုတ်တိမရှိသော သတင်းများဖြင့် လုပ်ကြံ သတင်းလွှင့်လျှက်ရှိသည်။ 

တဖက်တွင် မြန်မာစစ်တပ်မှ ဓာတုလက်နက်များ သုံးနေကြောင်း၊ လေယာဉ်၊ ရဟက်ယာဉ်များဖြင့် ဗုံးကျဲနေကြောင်း သတင်းလွှင့်နေပြီး အခြားတဖက်တွင် KIA တိုက်ခိုက်သဖြင့် မြန်မာစစ်သား အမြောက်အများ တိုက်ပွဲ ကျနေကြောင်း အဓိပ္ပါယ်ကင်းမဲ့စွာ ဝါဒဖြန့်လျှက်ရှိသည်။

KIA အားပေးသော၊ တိုက်ပွဲများ ပိုမိုပြင်းထန်စေရန် မဟုတ်မမှန် လုပ်ကြံရေးသားနေသော ကချင် Website အများအပြားကို ဖြုတ်ချခဲ့ပြီးနောက် ကျန်ရှိနေသော ကချင် Website များကို ၂၀၁၂ ဒီဇင်လဘာလ ၃၁ ရက်နေ့ ညမှ စ၍ ရက်နေ့တွင် DDos နှင့် ဆက်လက် တိုက်ခိုက်မည်ဖြစ်သည်။ 

ဖြုတ်ချခဲ့ပြီးသော ဝါဒဖြန့် ကချင်မီဒီယာများမှာ--

phophtaw.org


kachinnews.com (by 349L3)


kachinreview.com

kachinvoice.org (by H1N1)


 kachinlibrary.com (by H1N1)
 -
ယနေ့ ည ထပ်မံတိုက်ခိုက်မည့် ဝါဒ ဖြန့် ကချင် ဆိုက်များမှာ kachinlandnews.com ၊ kachinnet.net ၊ phophtaw.org နှင့် kachinnews.com တို့ဖြစ်သည်။
kachinnews.com ကို တိုက်ရန် အတွက် http://www.autoriparatori.org/news/immagini/1/mm.php ကို ကလစ် ပါ။

kachinlandnews.com ကို တိုက်ရန် အတွက် http://www.autoriparatori.org/news/immagini/1/mm1.php ကို ကလစ် ပါ။

kachinnet.net ကို တိုက်ရန် အတွက် http://www.autoriparatori.org/news/immagini/1/mm2.php ကို ကလစ်ပါ။

phophtaw.org  ကို တိုက်ရန် အတွက် http://www.autoriparatori.org/news/immagini/1/mm3.php  ကို ကလစ်ပါ

ပွင့်လာသော DDos Pages များတွင် Start Flooding ကို Click ရမည်ဖြစ်သည်။







ပြည်တွင်း ငြိမ်းချမ်းရေးလိုလားသူ များ၊ မြန်မာနိုင်ငံတွင် လမ်း/တံတား မိုင်းခွဲသူ အားလုံး ပပျောက်စေလိုသူများ၊ ကချင်နိုင်ငံ ခွဲထွက်ရေး မလိုလားသူ  အားလုံးကို ပါဝင်ရန် ဖိတ်ခေါ်ပါသည်။ 



  KIA မှ ပြည်ပစစ်ရေး အကူအညီဖြင့် မြန်မာကို တိုက်ခိုက်မည့် အစီအစဉ်နှင့် ကချင်နိုင်ငံခွဲထွက်ရေး စီမံကိန်းအားဖျက်သိမ်းကာ ငြိမ်းချမ်းရေး စားပွဲရောက် ရောက်လာရန် ရည်ရွယ်သည်။
 
www.MyanmarExpress.net
 

စက်မှုလုပ်ငန်းများကို ဇန်န၀ါရီ ၁ ရက်မှစ၍ တစ်ရက် ခုနစ်နာရီမီးဖြတ်မည်


လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု လျော့ကျလာသည့်အတွက် လာမည့် ဇန်န၀ါရီ ၁ ရက်မှစ၍ စက်မှုလုပ်ငန်းများကို ညနေ ၄ နာရီမှ ည ၁၁ နာရီအထိ ခုနစ်နာရီကြာ လျှပ်စစ်မီးဖြတ်တောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထိုသို့ စက်မှုလုပ်ငန်းများကို ဖြတ်တောက်ရာတွင် ရပ်ကွက်အတွင်းရှိ စက်မှုလုပ်ငန်းများ၊ အစိုးရစက်ရုံလုပ်ငန်း လည်ပတ်မှုများ ပုဂ္ဂလိက စက်မှုဇုန်လုပ်ငန်း လည်ပတ်မှုများ အားလုံးကို တစ်ပြိုင်နက်တည်း ဖြတ်တောက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လာမည့် နွေရာသီတွင် အများပြည်သူကို လျှပ်စစ်မီး မဖြတ်တောက်ဘဲ အပြည့်အ၀ပေးရန် စီစဉ်ထားကြောင်း ၎င်းက ထည့်သွင်းပြောကြားသည်။ လာမည့် လများတွင် ဓာတ်အားလိုအပ်ချက် ထပ်မံမြင့်တက်လာပါက ယခုဖြတ်တောက်မည်ဖြစ်သော စက်မှုလုပ်ငန်းများကိုပင် အချိန်တိုး၍ ထပ်မံဖြတ်တောက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

"စက်မှုဇုန်တွေကို မီးဖြတ်ချင်ဖြတ်ပါ။ ပေးမယ်ဆိုရင်တော့ အလုပ်လုပ်လို့ရအောင် ပေးစေချင်တယ်။ နေ့ဘက်မှာ ဆက်တိုက် ၁၀ နာရီလောက် ပေးမှဖြစ်မှာ။ စက်မှုလုပ်မှုကို တကယ်နားလည်မှ မီးပေးရေးကို ကိုင်ရင်ကောင်းမယ်။ အပေါ်ကလူက မီးပေးတယ်ပြောပြီး အောက်ကလူက ဖြတ်တယ်။ ပိုက်ဆံပေးမှ မီးပြန်တပ်ပေးမယ်ဆိုရင်လည်း မဟုတ်သေးဘူး။ နိုင်ငံတော်ပါ နစ်နာတာပေါ့။ မီးမလာလို့ ဒီဇယ်နဲ့မီးစက်ကို မောင်းရတာ တစ်ယူနစ်ကို လေးရာ့ငါးဆယ်ကျတော့ ဓာတ်အားခတိုးကောက်ပြီး မီးမှန်မှန်ပေးတာကမှ အဆင်ပြေဦးမယ်" ဟု ဧရာဝတီမြေပဲဆီစက်ရုံပိုင်ရှင် ဦးခင်စိုးက ပြောသည်။
  


www.MyanmarExpress.net
 

ဂျပန် ဆက်သွယ်ရေးနှင့် နည်းပညာကုမ္ပဏီ ရုံးခွဲ ဖွင့်မည်

From : the voice

 ဂျပန်နိုင်ငံ အခြေစိုက် ဆက်သွယ်ရေး နှင့် နည်းပညာ ဆိုင်ရာ အခြေခံ အဆောက်အဦ လုပ်ငန်း လုပ်ကိုင်သော NEC ကုမ္ပဏီ သည် မြန်မာနိုင်ငံတွင် ရုံးခွဲများ ဖွင့်လှစ်၍ လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၅ ရက်နေ့ ထုတ်ပြန် ကြေညာ ခဲ့သည်။ ၃၅ နှစ်ကြာ ဖြတ်သန်း လာသော အတွေ့အကြုံ အရ မြန်မာနိုင်ငံတွင် တယ်လီဖုန်း အိတ်ချိန်းများ၊ ကြိုးမဲ့ ဆက်သွယ်ရေး ကိရိယာ ဂြိုလ်တု အခြေစိုက် စခန်းများ၊ ရုပ်သံ ထုတ်လွှင့်သည့် အဆောက်အဦများ စသည့် ကဏ္ဍများတွင် ဝင်ရောက် လုပ်ကိုင်ရန် စိတ်ဝင်စား နေကြောင်း NEC ကော်ပိုရေးရှင်းမှ Greater China and Asia Pacific Sales Division ၏ အထွေထွေ မန်နေဂျာ Shin Sakamoto မှ ပြောကြားသည်။ အဆိုပါ ကုမ္ပဏီ အနေနှင့် ရန်ကုန်တွင် ရုံးခွဲ ဖွင့်လှစ်၍ ဇန်နဝါရီလ အတွင်း လုပ်ငန်းများ စတင် လုပ်ကိုင် ရန် ရည်ရွယ်ထားပြီး မကြာမီ နေပြည်တော်တွင် ရုံးခွဲဖွင့်လှစ် သွားရန် စီစဉ်နေသည်။

လက်ရှိ အချိန်တွင် ပြည်တွင်းတွင် ရင်းနှီး မြှုပ်နှံရန် ဂျပန် အခြေစိုက် KDDI၊ NEC ကုမ္ပဏီများ အပါအဝင် နိုင်ငံတကာ မှလည်း ဆက်သွယ်မှုများ ရှိနေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်လ်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက The Voice Weekly သို့ ပြောကြားသည်။

NEC ကော်ပိုရေးရှင်း သည် နိုင်ငံတကာ ဆက်သွယ်ရေး စနစ်များနှင့် ချိတ်ဆက်၍ ရေအောက် အင်တာနက် ကေဘယ် စနစ် ချိတ်ဆက်မှု လုပ်ငန်းများ၊ စက်မှုဇုန် များအတွက် နည်းပညာ ပိုင်း ဆိုင်ရာ အခြေခံ အဆောက်အဦးများ၊ သဘာဝ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး စနစ်များ၊ လုံခြုံရေး စနစ်များ နှင့် e-Government စနစ်များ စသည့် လုပ်ငန်းများ ကိုလည်း လုပ်ကိုင် ဆောင်ရွက် နေသော ကုမ္ပဏီကြီး ဖြစ်သည်။ ထို့အပြင် ဂျပန်နိုင်ငံ အခြေစိုက် နည်းပညာ ဆိုင်ရာ ကုမ္ပဏီ NEC သည် NTT Data နှင့် KDDI တို့ပြီးနောက် မြန်မာနိုင်ငံတွင် တတိယမြောက် ရင်းနှီးမြှပ်နှံသော ဂျပန် နည်းပညာ ကုမ္ပဏီ ဖြစ်သည်။


  www.MyanmarExpress.net