Subscribe to our RSS Feed

အကယ်ဒမီပေးပွဲအား အင်တာနက်တွင် တိုက်ရိုက်ကြည့်ရှုနိုင်

From : MRTV 4

  ၂၀၁၁ ခုနှစ်အတွက် အနုပညာပိုင်းဆိုင်ရာ ထူးချွန်သူတွေ ကိုဆုချီးမြှင့်ပေးမယ့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးအပ်ပွဲအခမ်းအနားကြီးက မနက်ဖြန်ဆိုရင်ရောက်ရှိလို့လာပြီနော်။

ဒီဆုပေးပွဲကြီးမှာ ဘယ်သူတွေက ဘယ်လို ဆုတွေကို ဆွတ်ခူးကြမလဲဆိုတာကိုလည်း ပရိသတ်ကြီးတို့နဲ့အတူတူ အနုပညာရှင်တွေကလည်း ရင်ခုန်စိတ်လှုပ်ရှားနေကြပါပြီ။

ပရိသတ်တို့ အနေနဲ့လည်း မိမိစိတ်ကူးလေးထဲက အကယ်ဒမီဆုပိုင်ရှင်တွေနဲ့ ထူးချွန် ဆုပေးပွဲကြီးမှာ ဆုရရှိမယ့် အနုပညာရှင်တွေနဲ့တစ်ထပ်တည်းကျမကျ ကို MRTV 4 ရုပ်သံလိုင်းမှ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၃ နာရီ အချိန်ကနေ ည ၈ နာရီအချိန် အထိ တိုက်ရိုက် ထုတ်လွှင့်ပြသပေး သွားမှာဖြစ်တဲ့အကြောင်းကို သတင်းကောင်းပါးလိုက်ရပါတယ်။


mrtv4 on USTREAM 

 မကြည့်လိုက်ရသူတွေအတွက် လည်း ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၃ နာရီကနေ ၅ နာရီအချိန်အထိ ပြန်လည် ထုတ်လွှင့်ပြသပေး သွား မှာဖြစ်ပါတယ်။

 
www.MyanmarExpress.net

 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်