Subscribe to our RSS Feed

ကချင်စစ်ဘေးဒုက္ခသည်တွေကိုဘယ်လိုစဉ်းစားပေးမှာလဲ KIA ?

From : မွန်းဒီပါ
 

KIA ကိုတိုင်းရင်းသားတွေရဲ့အခွင့်အရေးအတွက်လက်နက်ကိုင်တိုက်ပွဲ
ဝင်နေတဲ့အဖွဲ့လို့ အရင်ကစိတ်ထဲမှာအသိအမှတ်ပြုခဲ့သေးတယ်။
ဒါပေမယ့် ခုနောက်ပိုင်းတဖြည်းဖြည်းသိလာတာက နိုင်ငံရေးခံယူချက်
မည်မည်ရရမရှိတဲ့အဖွဲ့တစ်ခုဆိုတာပါပဲ။ဘယ်လိုနိုင်ငံရေးလမ်းစဉ်ကို
ကိုင်စွဲပြီးတိုက်ပွဲဝင်နေတာလဲ၊(အကယ်၍)ကချင်ပြည်နယ်ကိုKIAလက်ထဲ
ထည့်ပြီး “ခင်ဗျားတို့စိတ်ကြိုက်အုပ်ချုပ်ပါ”ဆိုရင်ဘယ်လိုဖွဲ့စည်းပုံနဲ့ဘယ်လို
အုပ်ချုပ်မယ်ဆိုတာမျိုးရှိရဲ့လား၊ကချင်လူထုအကျိုးအတွက်လုပ်ကိုင်ဆောင်
ရွက်နေတဲ့အဖွဲ့ဖြစ်တယ်ဆိုတာသေချာရဲ့လားဆိုတဲ့မေးခွန်းတွေကိုမေးခွန်းထုတ်ရပါလိမ့်မယ်။ငြိမ်းချမ်းရေးကိစ္စစဉ်းစားတဲ့နေရာမှာကချင်စစ်ဘေးဒုက္ခသည်တစ်သိန်းကျော်အတွက်ဘာလို့ထည့်မစဉ်းစားနိုင်ရတာလဲ။အဲဒီဒုက္ခ
သည်တွေအတွက်ဘာတွေများကူညီစောင့်ရှာက်မှုတွေလုပ်ပေးပါသလဲ။မြန်မာစစ်တပ်နဲ့အစိုးရကမလုပ်ပေးဘူးဆိုရင်တောင်လက်ခံလို့ရသေးတယ်။KIAအနေနဲ့ကိုယ့်လူမျိုးအချင်းချင်းအတွက်အဲဒီကိစ္စတွေကိုမစဉ်းစားပေးဘဲလက်နက်ကိုင်တိုက်ပွဲဝင်နေတာကချင်လူထုအတွက်လုပ်နေတဲ့တော်လှန်ရေးဟုတ်ပါရဲ့လား။KIAထိပ်တန်းခေါင်းဆောင်တွေရဲ့ချမ်းသာကြွယ်ဝမှုဟာန၀တစစ်အစိုးရခေါင်းဆောင်တွေထက်မလျော့ဘူးဆိုတာလိုင်ဇာကိုရောက်ဖူးသူတိုင်းသိတဲ့ကိစ္စပါ။ဒါပေမယ့် သူတို့အနေနဲ့ကချင်ပြည်နယ်အတွက်ကျန်းမာရေး၊
ပညာရေး၊လူမှုဘ၀ဖွံ့ဖြိုးစည်ပင်ရေးတွေအတွက်ဘာများလုပ်ကိုင်ပေးခဲ့ပါသလဲ။လုပ်ခွင့်မရလို့ဆိုတဲ့အကြောင်းပြချက်ချက်လောက်နဲ့တော့မလုံလောက်ပါဘူး။ပညာထူးချွန်တဲ့ကချင်တိုင်းရင်းသားတွေအတွက်ပညာရေးရန်ပုံငွေတစ်ရပ်ထူထောင်ပြီးပြည်ပနိုင်ငံတွေမှာကျောင်းသွားတက်ဖို့စီစဉ်ပေးတာမျိုး
လောက်တော့အနည်းဆုံးလုပ်လို့ရပါတယ်။တချို့မြို့နဲ့အလှမ်းဝေးတဲ့နေရာ
တွေကဆင်းရဲငတ်မွတ်နေတဲ့ရွာသူရွာသားတွေအတွက်ဘယ်လိုများကူညီထောက်ပံ့ပေးခဲ့ဖူးပါသလဲ။တကယ်တမ်းပြန်တွေးကြည့်ရင် KIA နဲ့ န၀တ စစ်အစိုးရ ဟာ ကချင်လူထုအတွက်အတူတူပါပဲ။( န၀တ စစ်အစိုးရကတော့ ကချင်လူထုချည်းပဲမဟုတ်ဘူး၊မြန်မာတစ်နိုင်ငံလုံးအတွက်လဲဘာမှမစဉ်းစားပေးခဲ့ဘူး) ကချင်ပြည်နယ်ကိုသာKIAလက်ထဲထည့်ပြီးစိတ်ကြိုက်
လုပ်ခွင့်ပေးလိုက်ရင်ကချင်ပြည်သူတွေအနေနဲ့စစ်အာဏာရှင်စနစ်ကိုနောက်တစ်ကြိမ်ပြန်ရင်ဆိုင်ရမှာအသေအချာပဲ။ငြိမ်းချမ်းရေးကိစ္စညှိနှိုင်းရခက်ေ
တယ်ဆိုတာလဲ KIA မှာတိကျသေချာတဲ့နိုင်ငံရေးမူဝါဒမရှိသလို ကချင်ပြည်နယ်အနာဂတ်အတွက်ရည်ရွယ်ချက်ကြီးကြီးမားမားမရှိလို့ပဲဖြစ်ပါတယ်။နိုင်ငံရေးမူဝါဒမရှိဘဲလက်နက်ကိုင်တယ်ဆိုရင်ဓားမြအဖွဲ့ပဲဖြစ်လာမှာပါ။တော်လှန်ရေးသမားတော့ဖြစ်လာမှာမဟုတ်ပါဘူး။အခုလဲသိပ်တော့မထူးပါဘူး…လက်နက်ကိုင်စီးပွားရေးလုပ်ဖို့အတွက်ငြိမ်းချမ်းရေးကိစ္စအပေါ်
အလေးအနက်မရှိခြင်းဆိုတာသေချာခဲ့ရင်တော့အပြစ်မဲ့ဒုက္ခရောက်နေရတဲ့ကချင်လူထုရဲ့ဒဏ်ခတ်မှုကို KIA အနေနဲ့တချိန်ချိန်မှာရင်ဆိုင်ရပါလိမ့်မယ်။ ကိုယ်ကျိုးရှာရုံ၊ကိုယ့်အာဏာတည်မြဲရုံလောက်နဲ့ တစ်ဖက်က
ကချင်တိုင်းရင်းသားတွေရဲ့ဒုက္ခတွေကိုမျက်ကွယ်ပြုနေတဲ့KIAရဲ့သမိုင်းဟာ
ရှေ့ဆက် ဘယ်လိုမှလှပခန်းနားနိုင်မှာမဟုတ်တာသေချာပါတယ်။

 
www.MyanmarExpress.net

 

6 comments:

New gov old gov kia kio......same way

Yes...KIA is just the rubbish of Myanmar.So every body has responsibililty to combat and
clean KIA terrorist group as fast as we can.

Fight and crush..! KIA bloody hell terrorist group.
They are real common enemy of the Union.

ဂမ်ရှောင်၊ဂွမ်မော် တို့ကို ရှင်းပစ်ဖို့ပြောတာကို ထောက်ခံပါတယ်။

ကေအိုင်အေ ထဲမှာ ချောင်ပိတ်မိနေတဲ့ ကချင်နဲ့ ရှမ်းညီအစ်ကိုများ ခင်ဗျား...
ဂမ်ရှောင်၊ဂွမ်မော်တို့လို တဇောက်ကန်းတွေကြောင့် ဒီစစ်ကြီး ကြာနေတာပါ။ သူတို့တွေ အသက်ရှင်နေသရွေ့ ကချင်နဲ့ ရှမ်းတွေ၊ ဗမာနဲ့တခြားတိုင်းရင်းသားတွေ သေပေးကြရပါဦးမယ်။ ဒုက္ခခံကြရပါဦးမယ်။

အစိုးရအနေနဲ့ကတော့ ဒီလိုတဇောက်ကန်းတွေကို ရှင်းဖို့မဖြစ်နိုင်ပါဘူး။ နိုင်ငံတကာနဲ့ ဆက်ဆံနေရတာဆိုတော့ လုပ်လို့မရပါဘူး။ကေအိုင်အေထဲက ညီအစ်ကိုတွေ လုပ်မှပဲ ရမှာပါ။

သေသေချာချာ စဉ်းစားကြပါခင်ဗျား။ အများကြီးသေ၊ အများကြီးဒုက္ခရောက်နေတာကို အဖြစ်ခံမလား။ တဇောက်ကန်းတွေကို ရှင်းပြီး ဇာတ်လမ်းဖြတ်လိုက်မလား။

. . .

နိုင်ငံတစ်နိုင်ငံမှာ တတ်မတော်ဆိုတာ တစ်ခုဘဲရှိသင့်

ပါတယ် အဲ့ဒီတတ်မတော်ဟာလည်နိုင်ငံသာအားလုံပါဝင်

ပြီးအခွင့်တူတာဝန်ထမ်းတဲ့ပြည်သူ့တတ်မတော်သာဖြစ်

သင့်ပါတယ် တတ်မတော်နဲ့ ပြည်သူဆိုတဲ့ခွဲခြားသုံးနှုံတဲ့

အသုံးအနှုံတွေတောင်မသုံးသင့်တော့ပါဘူ နိုငံသားအား

လုံး စစ်မှုထမ်သင့်ပါတယ် ဒါမှစစ်သားဆိုတဲ့လူတန်းစား

မရှိတော့မှာပါ တစ်တိုင်ပြည်လုံးစစ်သားတွေဖြစ်သွာရင်

စစ်အာဏာသိမ်တယ်ဆိုတဲ့ဝေါဟာရရှိမှာမဟုတ်တော့ဘူ အားလုံးညီဖို့တော့လိုမယ် အာဏာရှင်တွေလက်ဝဲ
ဝါဒီတွေရဲ့ရန်ကလည်ကာကွယ်နိုင်မှာပါ

နိုင်ငံတစ်နိုင်ငံမှာ တတ်မတော်ဆိုတာ တစ်ခုဘဲရှိသင့်

ပါတယ် အဲ့ဒီတတ်မတော်ဟာလည်နိုင်ငံသာအားလုံပါဝင်

ပြီးအခွင့်တူတာဝန်ထမ်းတဲ့ပြည်သူ့တတ်မတော်သာဖြစ်

သင့်ပါတယ် တတ်မတော်နဲ့ ပြည်သူဆိုတဲ့ခွဲခြားသုံးနှုံတဲ့

အသုံးအနှုံတွေတောင်မသုံးသင့်တော့ပါဘူ နိုငံသားအား

လုံး စစ်မှုထမ်သင့်ပါတယ် ဒါမှစစ်သားဆိုတဲ့လူတန်းစား

မရှိတော့မှာပါ တစ်တိုင်ပြည်လုံးစစ်သားတွေဖြစ်သွာရင်

စစ်အာဏာသိမ်တယ်ဆိုတဲ့ဝေါဟာရရှိမှာမဟုတ်တော့ဘူ အားလုံးညီဖို့တော့လိုမယ် အာဏာရှင်တွေလက်ဝဲ
ဝါဒီတွေရဲ့ရန်ကလည်ကာကွယ်နိုင်မှာပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်