Subscribe to our RSS Feed

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည် စတင်ရန် ဂျပန်နှင့် ရုရှား သဘော တူညီမှု ရရှိ

From :မြဝတီ


ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားပြီးသည့် အချိန်မှစ၍ ပိုင်နက် အငြင်းပွားမှုကြောင့် ရပ်ဆိုင်း ခဲ့ရသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ပြန်လည် စတင်ရန် ဂျပန် ဝန်ကြီးချုပ်သစ် ရှင်ဇိုအာဘေးနှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့သည် ဒီဇင်ဘာ ၂၈ ရက်က သဘော တူညီမှု ရရှိခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အာဘေးသည် ပူတင်နှင့် မိနစ် ၂ဝ ကြာ ဖုန်းပြောစဉ် ၂ဝ၁၃ ခုနှစ် အတွင်း သင့်လျော်သည့် နေ့ရက် တွင် ရုရှားနိုင်ငံသို့ အလည်အပတ် လာရောက် ရန်လည်း သဘော တူညီမှု ရရှိခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံသည် ကူရိုင်းကျွန်းနှင့် စပ်လျဉ်း၍ ပိုင်နက် အငြင်းပွားမှုကို ဖြေရှင်းရာတွင် အပြန်အလှန် လက်ခံနိုင်သော ရလဒ် တစ်ခု ပေါ်ထွက် လာစေရန် လုပ်ဆောင် သင့်ကြောင်း အာဘေးက ပူတင်အား ဖုန်းဖြင့် ပြောကြားခဲ့သည်။

ဒုတိယ ကမ္ဘာစစ် အတွင်း ဆိုဗီယက် တပ်ဖွဲ့ဝင်များက ကူရိုင်းကျွန်းကို သိမ်းပိုက်ပြီးနောက် ကျွန်းပေါ်တွင် နေထိုင်သော ဂျပန် လူမျိုးများကို မောင်းထုတ်ခဲ့သည့် အချိန်မှစ၍ ရုရှားနှင့် ဂျပန် နိုင်ငံတို့သည် ကူရိုင်းကျွန်းနှင့် စပ်လျဉ်း ၍ ကာလကြာရှည် ပိုင်နက် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။

ဂျပန်နိုင်ငံက ယင်းကျွန်းအား နိုင်ငံမြောက်ပိုင်း ပိုင်နက်အဖြစ် သတ်မှတ်ထား သည်။ နှစ်နိုင်ငံသည် ဒုတိယ ကမ္ဘာစစ်လွန် ငြိမ်းချမ်းရေး စာချုပ်နှင့် စပ်လျဉ်း၍ လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

အာဘေးသည် ဒီဇင်ဘာ ၂၆ ရက် က ဂျပန် ဝန်ကြီးချုပ် အဖြစ် ဒုတိယ အကြိမ် တရားဝင် ရွေးချယ် ခံခဲ့ရသူ တစ်ဦးဖြစ်သည်။ အာဘေးသည် ၂ဝဝ၆ ခုနှစ်မှ ၂ဝဝ၇ ခုနှစ်အထိ ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ တစ်ဦး ဖြစ်ပြီး ဂျပန်နိုင်ငံ၌ ယခုလက ကျင်းပ သော အထွေထွေ ရွေးကောက်ပွဲတွင် ၎င်း၏ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီက နိုဒ၏ ဗဟို လက်ဝဲယိမ်း ဒီမိုကရက် တစ်ပါတီကို အနိုင် ရရှိခဲ့ပြီးနောက် အာဘေးသည် ဝန်ကြီးချုပ် ရာထူးကို ဒုတိယ အကြိမ် ပြန်လည် ရရှိခဲ့သည်။


 www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်