Subscribe to our RSS Feed

KIA ခေါင်းဆောင်များ၏ ဆွေမျိုးများ တရုတ်ပြည်ဘက်သို့ ပြောင်းရွှေ့

From :Jing Hpaw Land

KIA ခေါင်းဆောင်ပိုင်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ၀မ်ပေါင်သမ္မတနိုင်ငံထူထောင်ပြီး တရုတ်နဲ့လက်တွဲရေး လုပ်ဆောင် ချက်တွေကြောင့် ကချင်ပြည်နယ်၊ လိုင်ဇာတ၀ိုက်မှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေပါတယ်။ တိုက်ပွဲတွေမှာ KIA ဘက်က ထိခိုက်ကျဆုံးမှုတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြား လာတဲ့အတွက် KIA ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေ တရုတ်ပြည်ဘက်ကို အစောဆုံးဆုတ်ခွာသွားခဲ့ သလို ကျန်ရှိနေတဲ့ ဆွေမျိုးတွေလဲ အိမ်ထောင်စုအလိုက် တရုတ်ပြည်ဘက်ကို ပြောင်းရွှေ့နေကြပါတယ်။

KIA ခေါင်းဆောင်ပိုင်းတွေရဲ့ ဆွေမျိုး၊မိသားစုတွေအနေနဲ့ အရင်ကထဲက တရုတ်ပြည်နယ်အစိုးရနဲ့ သဘော တူညီချက်တွေရှိထားတဲ့အတိုင်း လိုင်ဇာမှာနေလို့မရတော့တဲ့အတွက် ပြောင်းရွှေ့နေကြခြင်းဖြစ်ပါတယ်။ မကြာမီရက်ပိုင်းအတွင်းမှာ လိုင်ဇာဌာနချုပ်က အစိုးရတပ်တွေရဲ့လက်ထဲကို ကျရောက်တော့မဲ့ အခြေအနေ ဖြစ်နေပါတယ်။ KIA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးလဂျွန်ကတော့ ``သူတို့ KIA တွေရဲ့ လျှို့ဝှက်ချက် တွေကို ABSDF ကျောင်းသားတပ်မတော်ကနေတစ်ဆင့် စစ်တပ်က သိသွားတာဖြစ်တယ်လို့`` ပြောပါတယ်။ ``ABSDF ကျောင်းသားတပ်မတော်မှာ အစိုးရရဲ့ စစ်ထောက်လှမ်းရေးတွေရှိတယ်ဆိုတာ သူတို့သတိမပြုမိလို့ အခုလိုခံလိုက်ရခြင်းဖြစ်တယ်လို့`` လည်း ပြောပြပါတယ်။

KIA ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ တရုတ်ပြည်ဘက်မှာရှိနေတဲ့ သူတို့ရဲ့ ကျောက်စိမ်းကုမ္ပဏီ တွေမှာ အရှိန်အဟုန်မပျက်ဆက်လက်လုပ်ကိုင်နိုင်မှာဖြစ်ပေမယ့် လိုင်ဇာမှာရှိနေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေရဲ့ အနာဂတ်အရေးကတော့ ဘာမှသေချာရေရာခြင်းမရှိပါဘူး။ ကျန်ခဲ့တဲ့တပ်ဖွဲ့တွေမှာ စားနပ်ရိက္ခာ၊ ငွေကြေးနဲ့ ဆေးဝါးတွေလုံလောက်မှုမရှိတဲ့အတွက် တိုက်ပွဲမှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားတဲ့ တပ်ဖွဲ့ဝင်တွေ အခြေအနေကဆိုးရွားနေသလောက် တရုတ်ပြည်ဘက်မှာရောက်နေတဲ့ KIA ဆွေမျိုးတွေကတော့ အခြေအနေ မပျက် စည်းစိမ်အပြည့်နဲ့ နေနိုင်မှာပါလို့ ဆက်လက်ပြောပြပါတယ်။


www.MyanmarExpress.net

12 comments:

The Kachin people are suffered a lot by the neglect behaviour of their wicked bull-headed leaders who never want peace.Our Tatmadaw will fight for maintaining the existance of the shape of our country.

ဘယ်လိုပဲဖြစ်ဖြစ် ဒီအခြေအနေရောက်နေ မှတော့ kia ကိုအပြတ် တိုက်မှ ကို ဖြစ်မှာ အပြတ်မတိုက်နိုင်လို့ကတော့ ဟင်းဟင်း

ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးအစိုးရနဲ့အပစ်အခတ်ရပ်စဲရေး/ငြိမ်းချမ်းရေးယူထားကြပါပြီ။လွတ်လပ်ရေးရကတည်းကKNDOအမည်နဲ့လက်နက်ကိုင်တော်လှန်ခဲ့တဲ့(လက်နက်ကိုင်အဖွဲ့တွေထဲမှာအင်အားရောတိုက်ရည်ခိုက်ရည်ပါတောင့်တင်းတဲ့)KNUအဖွဲ့တောင်ငြိမ်းချမ်းရေးယူထားလို့ကရင်ပြည်နယ်မှာသေနတ်သံတွေစဲနေပါပြီ။KIAကဘာလို့ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုမလာနိုင်ရတာလဲ?ဘာလို့အစိုးရကသူတို့တောင်းဆိုတာကိုလက်မခံနိုင်ရတာလဲ...?အဖြေကတော့ပြည်ထောင်စုကခွဲထွက်ပြီးတရုတ်ကိုရောင်းစားဘို့ပေါ့ဗျာ။KIAဟာမြန်မာတစ်မျိုးသားလုံးအတွက်အန္တရာယ်အစစ်ပါ။

သေ ချာ တာ ပေါ့ ကွ
ABSDF က အ စိုး ရ ဘက် က ကောင် တွေ
ကြည့် ပါ လား ကေအိုင်အေ နဲ့ ပူး တွဲ
တိုက် နေ ပါ တယ် ပြော ပြီး absdfက
ခေါင်း ဆောင် တွေ က အ စိုးရ နဲ့ လာ တွေ့
နေ တာ....
kia တော့ ခံ လိုက် ရ ပြီ....

ABSDF ကကောင်တွေ မင်းတို့ကို ဗမာကောင်တွေ သစ္စာဖေါက်တယ်ဆိုပြီး ကေအင်ယူ ခေါင်းဆောင်တွေက လိုင်ဇာသားတွေကို လှုံ့ဆော်နေပြီ သူတို့စောက်သုံးမကျတာတွေကို မင်းတို့အပေါ်ပုံချတော့မယ်..

ဟဲဟဲ-လိုင်ဇာကို တကယ်မသိမ်းပါဘူး၊ အလကားစတာပါ။ ၃၁ရက်နေ့နေ.လည် ၁၂နာရီကနေ၁နာရီအထိ ၁နာရီလောက်ဘဲ အလည်လာပြိးတော့ KIAအလောင်း၁၄လောင်းကိုလာမြုတ်ပေးပြိး လက်နက်ပေါင်းစုံကား၂စီးတိုက်ကို လာသယ်သွားယုံလေးတင်ပါ။ အင်ဘန်လ၊ဂန်ရှောင်နဲ.ဂွမ်မော်တို.က ကုန်ရထာကြိးမိုင်းခွဲပြိး ယူသွားတဲ့ လက်နက်တွေမို.လို. ၆ရက်နဲ.အပြိးလိုက်ယူရတာပါ။ မကြောက်ကြပါနဲ. ထွက်မပြေးကြပါနဲ.။ အလကားစတာပါ။ ၁နာရီထဲပါ။ မလိမ်ပါဘူး။ အခုပြန်နေလို.ရပါပြီ ကချင်KIO6KIAအပေါင်းတို.ခင်ဗျား--ဒူ-ဟူ-ဟူ-ဟူ-ဟူ-ဟူ-ဟူ

ဟဲဟဲဟဲ-မကြောက်ကြပါနဲ. ထွက်မပြေးကြပါနဲ.လိုင်ဇာကို တကယ်အကြာကြိးသိမ်းမထားပါဘူး။ ဂန်ရှောင်၊ဂွမ်မော်၊အင်ဘန်လတို. ကုန်ရထားကြိး မိုင်းခွဲပြိးတော.၆ရက်နဲ. လိုင်ဇာအရောက်သယ်ပြေးသွားတဲ့ လက်နက်တွေကိုပြန်လိုက်ယူရတာပါ။kiaအလောင်း၁၄လောင်းကို ဖယ်ပြိးတော.မှ လက်နက်ကား၂စီးတိုက်ကလေးကိုပြန်သယ်သွားရတာပါ။ ၁နာရီဘဲနေခဲ့တာမို. kia^ki0ကချင်အပေါင်းတို.ပြန်နေနိုင်ကြပါပြိခင်ဗျား-ဒူ-ဟူ-ဟူ-ဟူ-“ဟူ“

ညီ လေး ပြော တာ လုးံ ဝ ထောက် ခံ တယ်

KIa သူ ပုန် ခေါင်း ဆောင် တွေ နဲ့ တ ရုတ် ကြီး နဲ့ ပေါင်း ပြီး

ငါ တို့ ပြည် သူ တွေ ရဲ့ မြေ ပေါ် မြေ အောက် ပ စ္စည်း တွေ ခိုး ထုတ် နေ တာ

တရုတ် စောက် ကျင့် မ ကောင်း ဘူး တရုတ် စီ မာန် ကိန်း တွေ ရပ် ပစ် ဘို့ ဆန္ဒ ပြ ကြ စို့

KIA is china backed terrorist group

တရုတ်တပည့်အချင်းချင်းစစ်ခင်းနေကြတာကိုး

ကိုယ့်နားကလူကိုယ့်ရန်သူတဲ့ရန်သူဆိုတာအနားမှာအမြဲရှိတယ်
အိမ်နီးခြင်းတွေကအရေးအကြောင်းဆိုခေါင်းရှောင်ကြမှာဘဲ
မြန်မာပြည်သူလူထုတွေစည်းလုံးဖို့ဘဲလိုတယ်
တရုတ်တွေကတော့ကချင်တွေကိုရေမှုတ်တဖက်မီးတဖက်
ကိုင်ပြီးစောင့်ကြည့်နေတာ
စစ်အစိုးရကဖမ်းမိန့်သာထုတ်kiaခေါင်းဆောင်တွေအကုန်ဖမ်း
ပို့ကြလိမ့်မယ်

ကိုယ့်နားကလူကိုယ့်ရန်သူတဲ့ရန်သူဆိုတာအနားမှာအမြဲရှိတယ်
အိမ်နီးခြင်းတွေကအရေးအကြောင်းဆိုခေါင်းရှောင်ကြမှာဘဲ
မြန်မာပြည်သူလူထုတွေစည်းလုံးဖို့ဘဲလိုတယ်
တရုတ်တွေကတော့ကချင်တွေကိုရေမှုတ်တဖက်မီးတဖက်
ကိုင်ပြီးစောင့်ကြည့်နေတာ
စစ်အစိုးရကဖမ်းမိန့်သာထုတ်kiaခေါင်းဆောင်တွေအကုန်ဖမ်း
ပို့ကြလိမ့်မယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်