Subscribe to our RSS Feed

ABSDF လူသတ်ပွဲဘယ်သူတရားခံလဲ အပိုင်း(၅) နောက်ထပ်စုံစမ်းရအုံးမယ့်အမှုတွေ

From : Baydar Lam

ABSDF လူသတ်ပွဲဘယ်သူတရားခံလဲ အပိုင်း(၅)-နောက်ထပ်ဖော်ထုတ်ရအုံးမယ့်အမှုတွေ-ရေးသားသူ ညီညီ (မြောက်ပိုင်းရဲဘော်ဟောင်း)
အခန်း ၄ မှာတုန်းက ဆေးဆရာမတွေအကြောင်းကိုရေးခဲ့ပါတယ်။သူတို.နဲ.ပက်သက်ပြီးနဲနဲ ပြောစရာရှိပါသေးတယ်။ သူတို.ထဲကဆေးဆရာမ သိန်းဆွေ(တိန်.ဆွေ)နဲ.တင်စန်းဦးတို. နှစ်ယောက်ဟာ ပြည့်စိုးခိုင်သေသွားတော့အဲဒီသေတဲ့ I ရုံးထဲမှာ ခင်ချိုဦး(အသတ်ခံကျောင်း သူ) ကို သေနေတဲ့ပြည်စိုးခိုင်ရဲ.မတော်ရာကို ( Oral Sex ) လုပ်ခိုင်းတဲ့အထဲမှာပါခဲ့တဲ့သူတွေ ပါ။(ဝမ်းနည်းစရာကောင်းတာကအဲဒီနှစ်ဦးဟာအခုရန်ကုန်ရောက်နေပြီးကျနော်တို.ရဲဘော် ရဲဘက်ထဲကတဦး(အနှိပ်စက်ခံလွတ်မြောက်)ရဲ.အီမ်မှာဝင်ထွက်သွားလာနေကြတဲ့အထိရင်းနှီးနေ ကြတာပါ။ဒါကဘာကိုပြသလဲဆိုတော့ကျနော်တို.အထဲမှာကိုက ခင်မင်မှုအရဒီအမှုကြီးတ ကယ်ပြန်ပေါ်လာမှာကိုအားတပ်သရောမရှိကြသူတွေရှိနေသေးတယ်ဆိုတာပြနေတာပါပဲ။ တချို.ကြတော့လဲကိုယ်တိုင်အဖမ်းမခံရခင်က ကျုးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေပြန်ပေါ်လာမှာ ကြောက်လို.လဲဖြစ်နိုင်ပါတယ်။အပေါ်မှာနာမည်ပါတဲ့ဆေးဆရာမနှစ်ဦးကတော့တရားစွဲခံရ မဲ့တရားခံစာရင်းထဲမှာသေချာပေါက်ပါမှာဖြစ်ပြီးအမှုအကြီးအသေးကတော့သူတို.ရဲ.ထွက်ဆို ချက်နဲ.ဘယ်လောက်ထိပူးပေါင်းဆောင်ရွက်သလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ဒါတွေက တော့တက်ကျွမ်းနားလည်တဲ့ဥပဒေပညာရှင်များနဲ.နိုင်ငံတကာတရားသူကြီးတွေရဲ.အလုပ်ပါ။
ကွန်မန်ဒို(တိုက်ခိုက်ရေး)များနဲ.ပက်သက်ပြီး စစ်ကိုင်းတိုင်း ABSDF ဖြစ်မြောက်ရေးကိုဦးဆောင်ကြိုးပမ်းခဲ့တဲ့ကိုကျော်ကျော်အုန်း တို.ကိုလိုက်သတ်တဲ့ကိစ္စကိုနောက်ပိုင်းမှာဆက်လက်ရေးသားပေးပါမယ်။
နောက်ထပ်ရေးချင်တာကကွန်မန်ဒိုထဲကအပြစ်လုပ်မထားတဲ့သူတွေအနေနဲ. မျိုးဝင်း နောက်ကျည်နဲ.သေတဲ့ပွဲမှာဘယ်သူတွေပါသွားသလဲ?အသက်ခံခဲ့ရတဲ့ဦးဝင်းကို ကိုလိုက်ပို.ခဲ့ တာဘယ်သူတွေလဲ?မျိုးဝင်း နောင်တောင်း ကိုဘာသွားလုပ်သလဲ၊?ရွှေလီမှာ ယွမ် ၁၁၀ တန် အခန်းမှာတည်းပြီးဘယ်သူတွေနဲ.တွေ.သလဲ?ဒါတွေကိုသိတဲ့လူတွေပြောကြပါ။နောက်တခါ အန်တီဒေါ်သောင်းလှအသတ်ခံရတဲ့ကိစ္စမှာတာဝန်ရှိသူတွေ၊နောက်ပိုင်းအမှုတွေဖြစ်တဲ့ ရင်ကျန်းဘေးကရှမ်းရွာမှာ ABSDF ကလက်နက်တွေအသီမ်းခံရတော့ ကျော်မြင့်ကထောင် အနှစ် ၂၀ ကျသွားတဲ့ကိစ္စမှာတာဝန်ရှိတယ်ဆိုပြီးတော့စွတ်စွဲပြီး နောင်ရော်ပါ မှာခုတ်သတ်ခံခဲ့ ရတာဘယ်သူလဲ?သူ.ကိုခုတ်တဲ့ထဲမှာ အောင်ဆွေဦး ပါလား၊ ရင်ကျန်း က ခါဂျာမုန်.ရောင်းတဲ့ သူကိုခေါ်ခုတ်တာ ကျော်ကျော် လို.ပြောနေတာဟုတ်လား?မဟုတ်ရင်ဘယ်သူတွေလဲဆိုတာ ပြောရပါမယ်။ခင်ဗျားတို.သုံးနေတဲ့စကားပြန်သုံးရရင် “ နိဂုံးချုပ် “ ပါတော့မယ်။နောက်ကျတဲ့ သူက ကျနော်တို.ကို ပြည်သူတွေကိုပြောပြရတာမဟုတ်ပဲ တရားရုံးမှာတရားခံတွေအဖြစ် ထွက်ဆိုနေရတာဖြစ်နေပါလီမ့်မယ်။ သံချောင်း ကငြီမ်းချမ်းရေးလုပ်ဖို.ကြီုးစားချိန်မှာ သိုက်ထွန်းဦးဟာ ငြီမ်းချမ်းရေးကိုဖျက်ဖို.ကြီုးစားခဲ့ပါတယ်။သူက ၅၀၁ ရင်းမှုးဆိုတော့ ၅၀၁ က မောင်ဦးကိုသုံးပြီး ဗန်းမော်ဗျုဟာက တပ်မတော်ဗျုဟာမှုးကိုလုပ်ကြံဖို. မောင်ဦးကို ခိုင်းရာမှာ KIA ကဖော်ထုတ်ဟန်.တားနိုင်ခဲ့ပါတယ်။သိုက်ထွန်းဦးဟာဒီလိုတက်ကြွတဲ့အလုပ် တွေကိုလုပ်ခဲ့သူပါ။သူနောက်ထပ်ဘာပြစ်မှုတွေလုပ်ခဲ့သေးလဲ?သိသူများဖော်ထုတ်ပေးကြပါ။ လွိုင်ဇာ ကအေးချမ်းမေ ခေါက်ဆွဲဆိုင်မှာ သိုက်ထွန်းဦး၊အောင်ဆွေဦး၊သန်းဇော်တို.နဲ.တွေ တော့ဘီယာတိုက်ခိုင်းလို.တိုက်ရင်း ကျနော်ဟာထောက်လှမ်းရေးမဟုတ်တဲ့အကြောင်းနဲ.၊ ထွန်းအောင်ကျော်နဲ.ကိုချိုကြီးတို.လဲထောက်လှမ်းရေးမဟုတ်တဲ့အကြောင်းဖွင့်ပြောခဲ့ဘူး ပါတယ်။အဲဒီလိုပဲ ပထမ အခေါက်အဖမ်းခံရအပြီး KIA ကပြန်အရောက် ဒုတိယအခေါက် အဖမ်းမခံရခင် သံချောင်းနဲ.စကားပြောရင်း “ဖမ်းမိတဲ့တရားခံတွေကို ဗီဒီယိုရိုက်၊စစ်ချက်ယူပြီး မီဒီယာတွေနဲ.တွေဆုံပြီးသတင်းစာရှင်းလင်းပွဲလုပ် နိုင်ငံရေးအမြတ်ထုတ်ပြီး ဖမ်းထားတဲ့သူတွေ ကိုပြန်လွတ်ဖို. အကြံပေးခဲ့ပါတယ်။(အဲဒီနေ.ညက ညီညီကျော် တယောက်ထဲထွက်ပြေးတဲ့ညပါ ထောက်လှမ်းရေးတွေကိုသတ်ရင်ကျောင်းသားလက်တွေသွေးစွန်းမယ် ၊သွေးမစွန်းစေပဲ နိုင်ငံရေးအမြတ်ထုတ်ဖို.ပြောရာမှာ သံချောင်းက လက်ခံပါတယ်။ဒါပေမဲ့နောက်တရက်မှာ ပယ်ချခံခဲ့ရပါတယ်။နောက်တခါ ကျနော်တို.ထဲက ၅၅ ယောက်ထွက်ပြေးအပြီး ကျနော်တို. အကျယ်ချုပ်ဖြစ်နေချိန်မှာ သံချောင်းကိုဖျောင်းဖြပြီး ဒီထဲမှာအမှားပါခဲ့တယ်ဆိုတာ ၀န်ခံခိုင်းဖို. လုပ်ခဲ့ပါတယ်။ “C S ကျနော်ကတော့ထောက်လှမ်းရေးက ဗိုလ်အစစ်ပါ။ဒါပေမဲ့ လူတွေ ၁၀၀ ကျော်မှာ တချို.များမှားနေမလားလို.ကျနော်အရာရှိတဦးအနေနဲ.သံသယ ရှိမိပါတယ်။အနာဂတ် နိုင်ငံရေးမှာ CS နဲ. ဥက္ကဌ က ကျနော်တို.ကိုဦးဆောင်ရမှာ၊အဲဒိအမှားတွေရှိခဲ့ရင် ဒီဂယက်တွေကိုခင်ဗျားတို. ၂ ယောက်ပဲခံရမှာ၊ဒီတော့ ဒီဖမ်းဆီးမှုတွေမှာအမှားအယွင်းတွေရှိခဲ့ တယ် အဲဒါတွေကို VCS လုပ်ခဲ့တာပါဆိုပြီးပုံချလိုက်ပါ”ဆိုတော့သံချောင်းကလက်ခံပါတယ်။ ဒါပေမဲ့နောက်ရက်မှာအောင်နိုင်ရောက်လာပြီးABSDFဘယ်တော့မှမမှားဘူးဖမ်းတဲ့အထဲမှာမှားတာတယောက်ပါရင်ကိုယ့်သာသာကိုယ်ကြိုးစင်တက် မယ်လို.ပြောပါတယ်။။ပြီးတော့ ကျနော်.ကို မင်းဒီစကားပြောတာထောက်လှမ်းရေးအလုပ်လုပ်တာပဲ၊သွေးခွဲတာပဲ၊နောက်တခါ ပြောရင်မင်းကိုတခါတည်းသတ်ပြစ်မယ်လို.ကြီမ်းပါတယ်။
ရေးသားသူ ညီညီ
(မြောက်ပိုင်းရဲဘော်ဟောင်း)
ဆက်လက်ရေးသားတင်ဆက်ပေးပါမည်။

Myanmar Express

3 comments:

Myanmar Express
From : ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ

ကျောင်းသား သတ်သမား မိုးသီးဇွန် နှင့် နိုင်အောင် တို့အား အရေးယူပေးပါရန် ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ တောင်းဆို
(ပေးစာ - ၁၆၇)

လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန် ဆိုတဲ့ သိုးရေခြုံထားသော ဝံပုလွေများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်

အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင်လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန်

၁၉၈၈ ဒီမိုကရေစီ အရေးအခင်းကြီး အပြီး ကျောင်းသားတွေ နယ်စပ်ဒေသများကို ထွက်ခဲ့စဉ်က အများစုဟာ အသက် ၁၉-၂၀ ပတ်ဝန်းကျင်တွေ များပါတယ်။ တချို့ ၁၄-၁၅ နှစ် အရွယ် ငယ်ရွယ်သူတွေ ပါသလို၊ မိုးသီးနှင့် နိုင်အောင်တို့လို ၂၆-၂၇ နှစ် အရွယ်ရောက်ပြီးသူများလဲ ပါခဲ့ကြပါတယ်။

စစ်တပ်ကို လက်နှက်ကိုင်ပြီး ပြန်တိုက်မယ် ဆိုပြီး ထွက်ခဲ့ကြတာပါ။ အဓိကကတော့ ယုံကြည်ချက် နဲ့ အပေါင်းအသင်းတွေကြောင့်ဆို မမှားပါဘူး။ စာသင်ခန်းတွေ၊ မိသားစုတွေ၊ မိဘရင်ခွင်တွေကို စွန့်ပြီး ထွက်ခွာခဲ့ကြတဲ့ သူတွေပါ။

စဉ်းစားကြည့်ပါ၊ တရားဥပဒေ စိုးမိုးမူ မရှိတဲ့ နယ်စပ် လက်နက်ကိုင်ဒေသမှာ မိဘရင်ခွင်ထဲမှ ရုတ်တရက် ခွဲထွက်လာခဲ့တဲ့ ငယ်ရွယ်သူများအတွက် အဓိက မှီခိုအားထားစရာ အဖြစ် သူတို့မိသားစု နေရာမှာ ဘယ်သူကို အစားထိုးမလဲ။ သူတို့ရဲ့ တော်လှန်ရေး အဖွဲ့အစည်း၊ သူတို့ရဲ့ ခေါင်းဆောင်ဆိုသူများနဲ့ သူတို့ရဲ့ အပေါင်းအသင်း အချင်းချင်း တွေဟာ သူတို့ရဲ့ မိသားစုပဲပေါ့။

နယ်စပ်မှာ ကျောင်းသားအချို့ ရန်သူ့လူဟု စွပ်စွဲ ခံရပြီး လူမျိုးစု အဖွဲ့အစည်းများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အကျည်းတန်ဆုံးနဲ့ ရင်နာစရာ အကောင်းဆုံးက "ကျောင်းသား" ဆိုတဲ့ အမည်ခံထားတဲ့ ခေါင်းဆောင် ဆိုသူအချို့က အုပ်စုဖွဲ့ပြီး ကျောင်းသားတွေကို ရန်သူ့လူအဖြစ် စွတ်စွဲပြီး ညှင်းပန်းနိုပ်စက် သတ်ဖြတ်ခဲ့ခြင်းပါဘဲ။

မိမိကိုယ်ကျိုးအတွက် တခုမှမပါဘဲ တိုင်းပြည်အတွက် ဆိုပြီး မိဘတွေကို စွန့်ပြီး ထွက်လာကြတဲ့ ကျောင်းသားလူငယ်တွေဟာ လပေါင်းများစွာ လူမဆန်စွာ ညှင်းပန်းနိုပ်စက်ခံပြီးမှ သတ်ဖြတ်ခံခဲ့ကြရတာပါ။ တစ်ရက် မဟုတ်ဘူး၊ တစ်ပတ် မဟုတ်ဘူး၊ တစ်လ မဟုတ်ဘူး၊ လပေါင်းများစွာ ရက်ရက်စက်စက် ညှင်းဆဲပြီးမှ တရိစ္ဆန်တွေလို သတ်ခဲ့ကြတာပါ။

· မိုးသီးဇွန်က ကိုဌေးနိုင် (၁၉၈၈ တွင် သင်္ချာံ နောက်ဆုံးနှစ်ကျောင်းသား၊ လက်ရွေးစဉ် ဘောလီဘောသမား၊ ရန်ကုန် တက္ကသိုလ်) ကို စစ်တပ်သူသျှို အဖြစ် စွပ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။

· နည်းပေါင်းစုံနဲ့ တရိစ္ဆန်တကောင် လို ရက်ရက်စက်စက် စစ်ဆေးခဲ့တယ်။

· ထိုင်လို့ ထလို့ မရတဲ့ မြေကြီးကျွင်းထဲ မှာ လပေါင်းများစွာ ထားခဲ့တဲ့အတွက် ကိုဌေးနိုင် တကိုယ်လုံး ခေါင်းမှအစ ခြေထောက်ထိ ပွေးများစွဲပြီး တကိုယ်လုံး နူခဲ့ရပါတယ်။

· ကိုဌေးနိုင်ကို ထဲ့ထားတဲ့ အချုပ်ကျွင်း ကိုစောင့်ရတဲ့ ABSDF ကျောင်းသားလေး က "ကိုဌေးနိုင်က မျက်ရည်တွေ ကျပြီး သူကို သတ်ပြစ်ပေးဘို့ သူ့ကို တောင်းပန်ခဲ့တယ်" လို့ ပြန်ပြောပြခဲ့ဘူးပါတယ်။

· မိုးသီးဇွန်က ဌေးနိုင်ကို လွယ်လွယ်ဖြင့် သေခွင့် မပေးခဲ့ပါဘူး။ အချိန်ကြာမြင့်စွာ အားရအောင် ညှင်းဆဲပြီး နောက်ဆုံး စခန်းပြောင်းရသည့် အချိန်ကြမှ သတ်ပစ်ခဲ့ပါတယ်။

ဌေးနိုင်ကို သိကြတဲ့ သူများအားလုံး ဌေးနိုင်ဟာ တော်တော် သတ္တိကောင်းပြီး စိတ်ခိုင်မာတဲ့သူ ဖြစ်တယ် ဆိုတာကို သိကြပါတယ်။ ကိုဌေးနိုင်ရဲ့ ညီအကို မောင်နှမ အားလုံးဟာ ၁၉၈၈ အရေးအခင်းကြီးမှာ တက်ကြွစွာ ပါဝင်ခဲ့ကြသူတွေပါ။

· နိုင်အောင် (ယခု မြန်မာပြည်ရောက်နေသူ) နှင့် အောင်နိုင် (ထိုင်းနိုင်ငံ) တို့ ခေါင်းဆောင်ပြီး ကျောင်းသား ကျောင်းသူ ၁၀၀ ခန့် ကို အစိုးရသူသျှိုများ အဖြစ် စွတ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။

· လပေါင်းများစွာ တော်ရုံလူ မကြားဝံ့ရဲလောက်အောင် ရုပ်မာရက်စက်သော နည်းလမ်း များဖြင့် ညှင်းပန်းနိုပ်စက်ပြီး ၃၈ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။

· အများစုဟာ ခေါင်းဖြတ်သတ်ခြင်း ခံရပါတယ်။

· အသက် ၁၉ နှစ်အရွယ်တွင် တောခိုခဲ့သော ကျောင်းသူ မခင်ချိုဦးအား မသတ်ခင် ညှင်းပန်းသော ကာလများ အတွင်း သတ်ဖြတ်ခံရသော ကျောင်းသားတဦး၏ ရုပ်လောင်းအား လူအများရှေ့တွင် ကာမ စပ်ရှက်ခိုင်းခြင်း၊

· မခင်ချိုဦး၏ မိန်းမ အင်္ဂါံအတွင်း ဒုတ်ဖြင့်ထိုးကာ ရှာဖွေခြင်း၊ ပါးစပ်အတွင်း ဒါးမြောင်ဖြင့် ထိုးမွှေကာ စစ်ဆေးခဲ့ပါသည်။

· ဖမ်းဆီးခံ ကျောင်းသားများ၏ ခြေ လက်များတွင် မိုင်းဗုံးများ ချီနှောင်၍ ပြေးခိုင်းခြင်း။

· လက်ချောင်းများဖြတ်၍ လည်ပင်းတွင် ပြန်ဆွဲခိုင်းထားခြင်း၊ လက်ကို ခုတ်ဖြတ်၍ ပါးစပ်တွင် ပြန်ကိုက်ခိုင်းခြင်း။

· ခေါင်းဖြတ်၍သတ်ခံရသည့် သူ၏ လည်ပင်းပြတ်မှ ထွက်သော သွေးကို တခြားဖမ်းဆီးခံ ကျောင်းသားတစ်ယောက်အား သောက်ခိုင်းခြင်း။ တို့အပြင် အခြားနည်းလမ်းပေါင်းစုံဖြင့် မသတ်ခင် လပေါင်းများစွာ ညှင်းဆဲနှိပ်စက်ခဲ့ပါတယ်။

မိဘအရွယ် ရောက်လာကြပြီ ဖြစ်တဲ့၊ ကိုယ်ကိုယ်တိုင် မိဘဖြစ်လာပြီ ဖြစ်တဲ့ ကျနော်တို့တတွေ မိဘမေတ္တာ နှင့် သံယောဇဉ်ကို ပိုနားလည်လာကြပါပြီ။ ခုလိုအချိန်မှာ အပြောင်းအလဲတွေဖြစ်ပြီး ကျောင်းသားတွေ မြန်မာပြည် ပြန်လာကြပြီ ဆိုတော့ သက်ရှိထင်ရှား ရှိသေးတဲ့ မိဘတိုင်း သူတို့ရဲ့ သားသမီးတွေကို မျော်ကြမှာပါ။ ညီတွေ ညီမတွေက အကိုတွေ အမတွေကို မျော်ကြမှာပါ။

နိုင်အောင် နှင့် မိုးသီးဇွန် တို့ သတ်ဖြတ်ခဲ့တဲ့ ကျောင်းသားလေးတွေရဲ့ မိဘတွေ ညီအကိုမောင်နှမတွေ နေရာမှာ ကိုယ်ချင်းစာကြည့်ကြပါ။ သူတို့လဲ အခြားမိသားစုတွေလို မျော်ချင်ကြမှာပါ။ အခြားမိသားစုတွေ ပြန်လည် ဆုံစည်းလို့ ပျော်ရွှင်နေချိန်မှာ သူတို့ သားသမီးတွေ ဘယ်တော့မှ ပြန်မလာတော့ဘူး ဆိုတဲ့ အသိက သူတို့ကို ဘယ်လောက် ကြေကွဲစေမယ်ဆိုတာ စဉ်းစားစရာ မလိုပါဘူး။

အဆိုးဆုံးက သူတို့ သားသမီးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ မိုးသီးဇွန် နှင့် နိုင်အောင်တို့ က သူရဲကောင်းတွေလို မြန်မာပြည် ပြန်ရောက်လာကာ ဒီမိုကရေစီ နှင့် လူအခွင့်ရေး အကြောင်းတွေ ပြောနေကြပြီး အစိုးရကိုယ်တိုင် အပြင် မီဒီယာတွေ နဲ့ ဒီမိုကရေစီသမား ဆိုသူတွေက ချီးမြောက် ဆက်ဆံနေတာကို တွေတဲ့အခါမှာ သူတို့ ဘယ်လောက် အားငယ်မလဲ။

ဒီမိုကရေစီ အတွက် ဆိုပြီး သူတို့ရင်ခွင်က ထွက်သွားခဲ့တဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ သူတို့သားသမီးတွေ အတွက် ဘယ်လောက် ယူကြုံးမရ ဖြစ်ကြမလဲ၊ ဘယ်လောက် ခံစားကြရမလဲ။

အဲဒီတော့ ပြည်တွင်းမှာ ရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအားလုံး အနေဖြင့် သတ်ခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူ အားလုံး၊ သူတို့မိဘများ၊ မိသားစုများ နှင့် ကျနော်တို့အားလုံး အဖြူစင်ဆုံး ပါဝင်ခဲ့ကြတဲ့ ၈၈၈၈ အရေးတော်ပုံကြီး မျက်နှာထောက်ပြီး ဒီ နိုင်အောင် နှင့် မိုးသီးဇွန် ဆိုတဲ့ လူသတ်သမားများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။

အဲဒီနေရာမှာ______________
ဒါတွေဟာ တောထဲမှာ ဖြစ်ခဲ့တာ၊ ပြီးခဲ့တာ ပြီးခဲ့ပြီ၊
ငါတို့နဲ့ဘာမှမဆိုင်ဘူး၊ ငါတို့ဟာ နာမည်ကြီးတွေဘဲ၊ ဆင်သွားရင် လမ်းဖြစ်တယ်၊
မိုးသီးဇွန်ဟာ ငါတို့ ဗကသ ကလူ၊
နိုင်အောင်ဟာ ခင်ဥမ္မာ ယောင်္ကျား၊ ငါတို့ မကသ ကလူ၊
ငါတို့ကို အများကြီးထောက်ပံ့ ခဲ့တဲ့သူ၊ ____________
ဆိုတဲ့ အတွေးမျိုးတွေနဲ့ အသိအမှတ်ပြု ဆက်ဆံခဲ့မယ် ဆိုလျှင်
သတ်ခံခဲ့ရတဲ့ ကျောင်းသားကျောင်းသူများနှင့် သူတို့ရဲ့ မိသားစုများသာမက ခင်များတို့အားလုံးကို လူအခွင့်အရေး နှင့် တရားမျှတမူ တိုက်ပွဲရဲ့ ခေါင်းဆောင်များအဖြစ် အသိအမှတ်ပြုထားတဲ့သူ အားလုံးနှင့်တကွ ဒီမိုကရေစီရေးတခုလုံးကို စော်ကားလိုက်တာပဲ ဖြစ်မယ်။

တချိန်တည်းမှာ သမ္မတကြီး ဦးသိန်းစိန် နှင့် ဝန်ကြီး ဦးအောင်မင်း တို့အနေဖြင့်လည်း ခုလို အပြောင်းအလဲကာလမှာ အတိုက်အခံအုပ်စုများ အားလုံးနှင့် ညှိ့နှိုင်းဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အမျိုးသားညီညွတ်ရေးအတွက် ကြိုးပမ်းခြင်းများ အပေါ် အားလုံးက ထောက်ခံအားပေးကြတယ် ဆိုတာကို သိစေချင်ပါတယ်။ ဒါပေမဲ့ ဒီသတ်ဖြတ်မူတွေဟာ ငါတို့ တပ်မတော်ကို တိုက်ခိုက်တော်လှန်နေခဲ့တဲ့ အချိန်မှာ သူတို့အချင်းချင်း ဖြစ်ခဲ့တာ၊ ငါတို့ အုပ်ချုပ်မူ မရှိတဲ့ ဒေသမှာဖြစ်ခဲ့တာ ငါတို့နှင့်မဆိုင်ဘူး ဆိုပြီး မိုးသီးဇွန် နှင့် နိုင်အောင် တို့ကို အသိအမှတ်ပြု ဆက်ဆံမည် ဆိုလျှင် ခင်ဗျားတို့ ကြိုးစားခဲ့တဲ့၊ စေတနာထားခဲ့တဲ့ အမျိုးသားညီညွတ်ရေး လုပ်ငန်းစဉ်များကို ထိခိုက်ရုံသာမက ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ချစ်မြတ်နိုးသူ အားလုံးကို စော်ကား မထီမဲ့မြင် ပြုလိုက်ခြင်း ဖြစ်ပါလိမ့်မယ်။ သမ္မတကြီးတို့အနေဖြင့် မြန်မာသမိုင်းမှာ ဒီလို အရုပ်ဆိုး အကျည်းတန်လှတဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ သတ်ဖြတ်မူကြီးမှာ ဘယ်လို ရပ်တည်ခဲ့တယ်၊ ဘယ်လို တာဝန်ယူ ဖြေရှင်းပေးခဲ့တယ်၊ ကျန်ရစ်သူမိသားစုတွေကို ဘယ်လိုနှစ်သိမ့်မူမျိုး ပေးနိုင်ခဲ့တယ် ဆိုတာ သမိုင်းမှာ မှတ်တမ်းတင် ကျန်ရစ်ခဲ့မှာပါ။ အဓိကကတော့ သမ္မတကြီးတို့အနေနဲ့ မိဘချင်း ကိုယ်ချင်းစာနိုင်မယ်လို့ ယုံကြည်ပါတယ်။

ပြည်တွင်းမှာရှိတဲ့ ကျောင်းသားအားလုံး နှင့်တကွ လူ့အခွင့်အရေး မြတ်နိုးသူ အားလုံးအနေဖြင့် ကျောင်းသား သတ်သမား မိုးသီးဇွန် နှင့် နိုင်အောင် နှစ်ယောက်စလုံးအား သူတို့ ကျုးလွန်ခဲ့သော လူမဆန်သည့် ရာဇဝတ်မူများအတွက် ပြန်လည်ပေးဆပ်ရမယ် ဆိုတာကို သူတို့ သဘောပေါက်ရန် ဝိုင်းဝန်း ဆောင်ရွက်ကြဘို့ တိုက်တွန်းလိုက်ပါတယ်။ နောက်ဆုံးအနေနဲ့ ကျနော်တို့အားလုံး ကိုယ်ချင်းစာ နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

နိုင်အောင် နှင့် မိုးသီးဇွန် ဟာ အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင် လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမားများ ဖြစ်ပါတယ်။

လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန် ဆိုတဲ့ သိုးရေခြုံထားသော ဝံပုလွေများ၊ ဒေါင်းယောင်ဆောင်ထားသော ဠင်းတများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။

From : ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ

လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန် ဆိုတဲ့ သိုးရေခြုံထားသော ဝံပုလွေများ၊ ဒေါင်းယောင်ဆောင်ထားသော ဠင်းတများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။

နိုင်အောင် နှင့် မိုးသီးဇွန် ဟာ အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင် လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမားများ ဖြစ်ပါတယ်။

(မြန်မာ့သင်္ကတ တန်ခိုးအကြီးဆုံး ရွှေတိဂုံစေတီပေါ်မှာ လာနားသွားတဲ့ ငှက်ကြီးတွေကိုအဝေးကကြည့်ပြီး ဒေါင်းလို့ထင်နေရာက ကင်မရာများဖြင့်အနီးကပ် ဆွဲယူကြည့်ရှုမိမှ ဠင်းတများ ဖြစ်နေသဖြင့် ပြည်သူအများစိတ်ပျက်သွားကြရသည့်အဖြစ်အပျက်မှာ ဠင်းတများသည် ဒေါင်းယောင်ဆောင်ပြီး မြန်မာ့အထွတ်အမြတ်နေရာကိုတက်လာသည့် နိမိတ်ကိုပြခြင်းဖြစ်ပေသည်။ လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန်လို မြန်မာ့နိုင်ငံရေးစင်မြင့်ပေါ်ကိုတက်လာသည့် ဒေါင်းယောင်ဆောင်ထားသော ဠင်းတများကို သတိထားပြီးရှောင်ရှားကြရန် နိမိတ်ကိုပြခြင်းလည်းဖြစ်ပေသည်။)

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်