Subscribe to our RSS Feed

GSM/UMTS မိုဘိုင်းလ် တယ်လီဖုန်းများ ရောင်းချမည့် အစီအစဉ်နှင့် စီမံကိန်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု လုပ်ငန်း ညှိနှိုင်း စည်းဝေး

From : မြဝတီ

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းသန်း တယ်လီဖုန်းများ ရောင်းချမည့် အစီအစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမှာ စကားပြောကြားစဉ်။

ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲ ၁၂ နာရီခွဲက ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်း ပညာ ဝန်ကြီးဌာန၏ မိုဘိုင်းလ် တယ်လီဖုန်း တိုးချဲ့ တပ်ဆင်ရေး စီမံကိန်း အရ တယ်လီဖုန်းများ ရောင်းချမည့် အစီအစဉ်နှင့် စီမံကိန်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ဆက်သွယ်ရေးနှင့် သတင်း အချက် အလက် နည်းပညာ ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်း တက်ရောက်၍ အမှာစကား ပြောကြားသည်။

ဆက်လက်၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်မော်က မိုဘိုင်းလ် တယ်လီဖုန်းများ ရောင်းချမည် အစီအစဉ်နှင့် စီမံကိန်း လုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်မှု အခြေအနေ တို့နှင့် စပ်လျဉ်း၍ ဆွေးနွေး တင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကုမ္ပဏီ ၁၉ ခုမှ တာဝန် ရှိသူများက မိုဘိုင်းလ်တယ်လီဖုန်း SimCard ရောင်းချမည့် အစီအစဉ်၊ ရောင်းချမည့် နေရာ၊ SimCard ပျောက်၊ Card ပျက်ကိစ္စ ဆောင်ရွက်ပေးရေး၊ သတ်မှတ် ဈေးနှုန်းများ အတိုင်း ရောင်း ချနိုင်ရေး တို့ကို ဝိုင်းဝန်း ညှိနှိုင်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။



 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်