Subscribe to our RSS Feed

ရန်ကုန်တွင် ဆန္ဒပြသူများအား ငရုတ်ကောင်းရည်ဖြင့် ပတ်ဖြန်းနည်း အမေရိကန်မှ မြန်မာအစိုးရအား သင်ပေးမည်

From : ခေတ်လူငယ်

 ရန်ကုန်တွင် ဆန္ဒပြသူများအား ငရုတ်ကောင်းရည်ဖြင့် ပတ်ဖြန်းနည်း အမေရိကန်မှ မြန်မာအစိုးရအား သင်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။  မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးပြကာ အားတိုင်း တွေ့နေရသည့် ဆန္ဒထုတ်ဖော်မှုများနှင့် အဓိကရုဏ်းများကို ကိုင်တွယ် တတ်စေရေးအတွက် အဓိကရုဏ်း နှိမ်နင်းရေး နည်းပညာများ ပို့ချပေးမည်ဟု အနောက်နိုင်ငံ သုံးခုက ကမ်းလှမ်းထားကြောင်း နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။ အဆိုပါ အဓိကရုဏ်း နှိမ်နင်းမှုများနှင့် ပတ်သက်သည့် သင်တန်းပေးရန် ကမ်းလှမ်းထားသော အနောက်နိုင်ငံ သုံးခုမှာ အမေရိကန်၊ ဥရောပသမဂ္ဂနှင့် နော်ဝေနိုင်ငံတို့ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။ ဒီဇင်ဘာလ ၂၂ ရက်နေ့က မော်လမြိုင်မြို့တွင် ကျင်းပသော Myanmar Egress ၏ မိတ်ဖက်အဖွဲ့အစည်း ဖြစ်သည့် National Enlightenment Institute သင်တန်းကျောင်း ဖွင့်ပွဲသို့ တက်ရောက်သော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

အမေရိကန် နိုင်ငံသည် ဆန္ဒပြသူများကို ငြုတ်ကောင်းရည်ဖြင့် ပတ်ဖြန်းရာတွင် နာမည်ကြီးပြီး။ ဗြိတိန်နိုင်ငံသည် ပြီးခဲ့တဲ့ အဓိကရုဏ်းအတွင်း ဆန္ဒပြကျောင်းသားများအား မြင်းနှင့် တိုက်ခိုက်ခြင်း၊ အကြမ်းဖက် ရိုက်နှပ်ချင်းများ ပြုလုပ်ခဲ့သည်။

  

 www.MyanmarExpress.net
 

5 comments:

ကောင်းတယ် အားပေးတယ်.. မသေမ၇ှင် ဘ၀ရောက်အောင် လုပ်နိုင်၇င် ပိုကောင်းတယ်..
သူတို့ ဆူပူလို့ လူများစု စားဝတ်နေရေးမပြေလယ်ကြတာ.. ဆူတိုင်း ပူတိုင်း ပြေးတတ်သွားတဲ့ ကုန်ဈေးနှုန်းတွေ ကြောင့် ပြည်သူတွေ စားဝတ်နေရေး မလုံလောက် ဘ၀နဲ့ နေလာရတာ ၈၈ ခု အရေးအခင်း ဆူပူ သောင်းကျန်းတဲ့ အချိန်ကနေ ကနေ့ NLD မပျတ်ဆီးသရွေ့ပေါ့ ဗျာ..

..............................

ဒီတခါကျပြန်ရင် မျက်စိကန်းပါပြီ ကန်တော့ပွဲနဲ့တောင်း ပန်နေရအုန်းမယ်နော် သတိထားအုန်း လူ့ အကြိုက်နတ် တောင်မနေသာတဲ့နော်

ဟားဟား...ငရုတ်ကောင်းများဈေးတက်ဦးမည်

ငရုတ်ကောင်းနဲ့ မဖြန်းပါနဲ့ သေးနဲ့သာပန်းပါ။

ဖင်တွေပူကုန် တော့မှာပဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်